ယေရမိ 22:5Common Language Bibleသို့ရာတွင်အကယ်၍သင်တို့သည်ငါ၏ စကားကိုနားမထောင်ကြပါမူ ဤနန်း တော်သည်ယိုယွင်းပျက်စီး၍သွားလိမ့်မည် ဖြစ်ကြောင်းသင်တို့အားကျိန်ဆိုပြောကြား ၏။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
လူတို့က`ဣသရေလအမျိုးသားတို့သည်မိမိတို့ ဘိုးဘေးများအား အီဂျစ်ပြည်မှထုတ်ဆောင် လာတော်မူသောဘုရားသခင်ထာဝရဘုရား ကိုစွန့်ပစ်ကြသောကြောင့်ဖြစ်၏။ သူတို့သည် အခြားဘုရားများထံတွင်ကျေးဇူးသစ္စာ ခံလျက်ထိုဘုရားတို့ကိုကိုးကွယ်ကြလေ ပြီ။ ထိုကြောင့်ထာဝရဘုရားသည်သူတို့အား ဤဘေးဒဏ်ကိုသင့်စေတော်မူပြီ' ဟုဖြေ ဆိုကြလိမ့်မည်။''
သို့ရာတွင်သူတို့သည်ငါ၏စကားကိုနား မထောင်၊ ဥပုသ်နေ့ကိုနေ့ထူးနေ့မြတ်အ ဖြစ်မစောင့်ထိန်းဘဲထိုနေ့၌ယေရုရှလင် မြို့တံခါးများကိုဖြတ်၍အဘယ်ဝန်ထုပ် ဝန်ပိုးကိုမျှမသယ်ဆောင်ရ။ အကယ်၍ သယ်ဆောင်ကြပါမူ ငါသည်ယေရုရှလင် မြို့တံခါးများကိုမီးရှို့တော်မူမည်။ ထို မီးသည်ယေရုရှလင်မြို့ရှိဘုံဗိမာန်များ ကိုကျွမ်းလောင်သွားစေလိမ့်မည်။ ယင်းကို အဘယ်သူမျှငြိမ်းသတ်နိုင်ကြလိမ့်မည် မဟုတ်'' ဟုမိန့်တော်မူ၏။
သို့ရာတွင်အီဂျစ်ပြည်တွင်ရှိသည့်ဣသ ရေလအမျိုးသားအပေါင်းတို့အားငါ ထာဝရဘုရားသည် မိမိ၏မဟာနာမ တော်ကိုတိုင်တည်၍မြွက်ဆိုသည့်ကတိ တော်ကို ယခုသင်တို့နားထောင်ကြလော့။ သင်တို့သစ္စာကတိပြုကြရာတွင်`အရှင် ထာဝရဘုရားအသက်ရှင်တော်မူသည် အတိုင်း' ဟုငါ၏နာမတော်ကိုမြွက်ဆို ရန်နောင်အဘယ်အခါ၌မျှသင်တို့အား ငါခွင့်ပြုလိမ့်မည်မဟုတ်။-
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသခင်က``ဣသရေလ၏မာနကိုငါရွံရှာ ၏။ သူတို့စည်းစိမ်ခံရာအိမ်ကြီးများကို လည်းငါစက်ဆုတ်၏။ သူတို့မြို့တော်နှင့်မြို့ တွင်းရှိအရာအားလုံးကို ရန်သူ့လက်သို့ ငါပေးအပ်လိုက်မည်'' ဟုအရှင်ထာဝရ ဘုရားအလေးအနက်ကျိန်ဆိုသတိ ပေးတော်မူပြီ။