Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 22:23

Common Language Bible

သင်​တို့​သည်​လေ​ဗ​နုန်​တော​မှ​ယူ​ဆောင်​လာ သည့် အာ​ရစ်​ပင်​များ​၏​အ​လယ်​တွင်​ဘေး​မဲ့​လုံ​ခြုံ​စွာ နေ​ထိုင်​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​သား​ဖွား​သော​အ​မျိုး​သ​မီး​ကဲ့​သို့ ဝေ​ဒ​နာ​ခံ​ရ​ကြ​သော​အ​ခါ သင်​တို့​သည်​အ​ဘယ်​မျှ​သ​နား​စ​ရာ ကောင်း​လိမ့်​မည်​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​လွင်​ပြင်​ပေါ်​မှ ကျောက်​ဆောင်​ကြီး​သ​ဖွယ်​ချိုင့်​ဝှမ်း​များ​အ ထက်​တွင်​မြင့်​မား​စွာ​ရပ်​တည်​လျက်​ရှိ​၏။ သို့ သော်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​တိုက် ခိုက်​တော်​မူ​မည်။ သင်​သည်​မိ​မိ​အား​အ​ဘယ် သူ​မျှ​မ​တိုက်​မ​ခိုက်​နိုင်။ သင်​၏​ခံ​တပ်​များ ကို​လည်း​မ​ဖြို​မ​ခွင်း​နိုင်​ဟု​ဆို​ချေ​သည်။-

``ငါ​၏​အ​ဖို့​ယု​ဒ​ဘု​ရင်​၏​နန်း​တော်​သည် ဂိ​လဒ်​ကဲ့​သို့​လည်း​ကောင်း၊ လေ​ဗ​နုန်​တောင် ထိပ်​ကဲ့​သို့​လည်း​ကောင်း​လှ​ပ​တင့်​တယ်​သော် လည်း ငါ​သည်​ထို​အ​ရပ်​ကို​လူ​သူ​ဆိတ် ငြိမ်​ရာ​သဲ​ကန္တာ​ရ​ဖြစ်​စေ​မည်။

တောင်​ထိပ်​များ​ပေါ်​တွင်​အ​သံ​တစ်​ခု​ကို ကြား​ရ​ကြ​၏။ ထို​အ​သံ​ကား​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် အ​ပြစ်​ဒု​စ​ရိုက်​တွင်​ကျင်​လည်​ကာ၊ မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား မေ့​လျော့​ခဲ့​ကြ​သ​ဖြင့်၊ ငို​ကြွေး​လျက်​ပန်​ကြား​လျှောက်​ထား​ကြ​သည့် အ​သံ​ပင်​ဖြစ်​၏။

``မော​ဘ​ပြည်​သူ​တို့၊ သင်​တို့​သည်​မိ​မိ​တို့ ၏​မြို့​များ​မှ​ထွက်​ခွာ​ပြီး​လျှင် ကျောက်​ကမ်း ပါး​သို့​သွား​ရောက်​နေ​ထိုင်​ကြ​လော့။ လျှို မြောင်​အ​ကြား​တွင်​အ​သိုက်​လုပ်​တတ်​သည့် ချိုး​ငှက်​ကဲ့​သို့​ပြု​ကြ​လော့။-

သင်​တို့​၏​မာန်​မာ​န​က​သင်​တို့​အား​လှည့် စား​လေ​ပြီ။ သင်​တို့​ထင်​မှတ်​သ​ကဲ့​သို့​အ ဘယ်​သူ​မျှ​သင်​တို့​အား​မ​ကြောက်​ကြ။ သင် တို့​သည်​တောင်​ထိပ်​ပေါ်​ရှိ​ကျောက်​ဆောင်​မြင့် ပေါ်​တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင် ယင်း​ကဲ့​သို့​လင်း​ယုန်​သ​ဖွယ်​မြင့်​မား​သည့် အ​ရပ်​တွင် သင်​တို့​နေ​ထိုင်​ကြ​သော်​လည်း ငါ​သည်​သင်​တို့​အား​ဆွဲ​ချ​မည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​သည့်​စ​ကား ဖြစ်​၏​ဟု​မိန့်​တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။

ယေ​ရု​ရှ​လင်​မြို့​သား​တို့​က``ဤ​သ​တင်း​ကို ငါ​တို့​ကြား​သော​အ​ခါ ငါ​တို့​၏​လက်​များ သည်​ပျော့​ခွေ​၍​သွား​ပါ​၏။ ငါ​တို့​သည်​သား ဖွား​သော​အ​မျိုး​သ​မီး​ကဲ့​သို့​ပြင်း​စွာ ဝေ​ဒ​နာ​ခံ​ရ​ကြ​ပါ​၏။-

``ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့​၏​အ​ပြစ် ကို​သိ​၍ ငါ့​ထံ​သို့​ပြန်​လာ​မည့်​အ​ချိန်​ရောက် သည်​အ​ထိ​ငါ​သည်​သူ​တို့​ကို​စွန့်​ပစ်​ထား မည်။ သူ​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​နေ​ရ​စဉ် ငါ့​အား​ကြိုး​စား​၍​ရှာ​ကြ​လိမ့်​မည်။''

သူ​တို့​သည်​အ​မှန်​တ​ကယ်​ယုံ​ကြည်​စိတ် ဖြင့်​ဆု​မ​တောင်း​ကြ။ ကိုယ်​ကို​လှဲ​ချ​၍​ဟစ် အော်​မြည်​တမ်း​ကြ​၏။ သူ​တို့​သည်​ဆန်​စ​ပါး နှင့်​စ​ပျစ်​ရည်​ရ​ရှိ​ရန်​ဆု​တောင်း​သော​အ​ခါ ရုပ်​တု​ကိုး​ကွယ်​သူ​တို့​ကဲ့​သို့​မိ​မိ​ကိုယ်​ကို အ​နာ​တ​ရ​ဖြစ်​စေ​ပြီး​မှ​တောင်း​တတ်​ကြ ၏။ သူ​တို့​သည်​ငါ့​အား​ပုန်​ကန်​ကြ​ပြီ တ​ကား။-

မြေ​အောက်​သို့​တွင်း​တူး​ပြီး​သေ​မင်း​နိုင်​ငံ​၌ ပုန်း​အောင်း​နေ​လင့်​က​စား ငါ​သည်​သူ​တို့​ကို အ​မိ​အ​ရ​ဖမ်း​ဆီး​မည်။ မိုး​ပေါ်​သို့​တက် ပြေး​လျှင်​လည်း​သူ​တို့​ကို​ငါ​ဆွဲ​ချ​မည်။-

သင်​သည်​လင်း​ယုန်​ငှက်​၏​အ​သိုက်​တ​မျှ မြင့်​မား​ရာ​တွင်​တည်​နေ​သ​ဖြင့်၊ ကြယ်​တာ​ရာ​တို့​အ​လယ်​သို့​ပင် ရောက်​ရှိ​နေ​စေ​ပါ​မူ၊ သင့်​ကို​ငါ​ဆွဲ​ချ​မည်။

သင်​တို့​သည်​အ​မ​င်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြမ်း​% ဖက်​၍​ရ​ရှိ​သည့်​ပစ္စည်း​ဥစ္စာ​ဖြင့် သင်​တို့​သည်​% မိ​မိ​တို့​မိ​သား​စု​ကို​ကြွယ်​ဝ​ချမ်း​သာ​စေ​% ခဲ့​ကြ​၏။ ကြိုး​စား​၍​မိ​မိ​တို့​အ​သိုက်​ကို​% အ​မြင့်​တွင်​ဆောက်​သော​ငှက်​ကဲ့​သို့ မိ​မိ​တို့​% အိမ်​ကို​ဘေး​အန္တ​ရာယ်​ကင်း​ဝေး​လုံ​ခြုံ​အောင်​% ပြု​ခဲ့​ကြ​ပြီ။-%

တစ်​ဖန်​သူ​သည်​ကေ​နိ​အ​မျိုး​သား​တို့​ကို ရူ​ပါ​ရုံ​၌​မြင်​၍ အောက်​ပါ​ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​လေ​၏။ ``သင်​တို့​နေ​ထိုင်​ရာ​အ​ရပ်​သည် ကမ်း​ပါး​ယံ​အ​ထက်​၌​တည်​ဆောက်​ထား​သော ငှက်​သိုက်​ကဲ့​သို့​လုံ​ခြုံ​ပေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ