Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 22:14

Common Language Bible

အ​ထက်​ထပ်​တွင်​အ​ခန်း​ကျယ်​ကြီး​များ​နှင့် ငါ​သည်​မိ​မိ​အ​တွက်​နန်း​တော်​ကြီး တစ်​ဆောင်​ကို၊ တည်​ဆောက်​အံ့​ဟု​ဆို​သော​သူ​သည်​အမင်္ဂ​လာ ရှိ​၏။ သူ​သည်​ထို​သို့​ဆို​ပြီး​လျှင်​မိ​မိ​အိမ်​တွင် ပြူ​တင်း​ပေါက်​များ​ကို​ဖောက်​၏။ အာ​ရဇ်​သား​မှန်​ပုံ​များ​ကို​တပ်​၍​အ​နီ​ရောင် ဆေး​ကို​သုတ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ပ​ရော​ဖက်​နာ​သန်​အား`ကြည့်​လော့။ ငါ​သည် သစ်​က​တိုး​သား​နန်း​တော်​နှင့်​နေ​ထိုင်​ရ​သော် လည်း ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​မူ​ကား​တဲ​တော်​၌​သာ​ကျိန်း​ဝပ်​တော် မူ​ရ​ပါ​သည်​တ​ကား'' ဟု​ဆို​၏။

အ​ခန်း​မ​ကြီး​မှာ​စွန်​ပ​လွံ​ပင်​နှင့် ကွန်​ရွက် ပုံ​သဏ္ဌာန်​များ​ထု​လုပ်​ထား​သော​သစ်​က​တိုး သား​ပျဉ်​များ​တပ်​ဆင်​ကာ​ရွှေ​ဖြင့်​မွမ်း​မံ ထား​၏။-

ရန်တွေ့ခြင်းကို နှစ်သက်သောသူသည် လွန် ကျူးခြင်းကိုလည်း နှစ်သက်တတ်၏။ မိမိတံခါးကို ချီးမြှင့် သော သူသည် ပျက်စီးခြင်းကို ရှာတတ်၏။

ပြင်အရပ်မှာ သင်၏အလုပ်ကိုပြင်လော့။ လယ်တော၌ ကိုယ်အဘို့ ပြင်ဆင်လော့။ နောက်မှ သင်၏ နေရာအိမ်ကို ဆောက်လော့။

ယင်း​သို့​ပြု​တော်​မူ​ကြောင်း​ကို​ရှ​မာ​ရိ​မြို့ တွင်​နေ​ထိုင်​သူ​မှန်​သ​မျှ​နှင့်​ဣ​သ​ရေ​လ အမျိုး​သား​မှန်​သ​မျှ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ယ​ခု​အ​ခါ​သူ​တို့​သည်​မာန်​မာ​န​ထောင်​လွှား လျက်​စိတ်​ကြီး​ဝင်​လျက်​နေ​ကြ​၏။ သူ​တို့​က၊-

``သူ​သည်​ပို​၍​ပို​၍​အ​ကျင့်​ပျက်​လာ​၏။ ခါး စည်း​များ​နှင့်​လှ​ပ​သော​ဦး​ရစ်​များ​ကို​ဝတ် ဆင်​ထား​သည့်​ခါ​လ​ဒဲ​အ​ရာ​ရှိ​တို့​သည် ခါ​လ​ဒဲ​ပြည်​သား​ဗာ​ဗု​လုန်​အ​ရာ​ရှိ​မြင်း ရ​ထား​တပ်​ဗိုလ်​များ​နှင့်​တူ​၍၊ သူ​တို့​၏​ရုပ် ပုံ​များ​ကို​နံ​ရံ​တွင်​နီ​မြန်း​တောက်​ပ​သော ဆေး​ရောင်​ဖြင့် ရေး​ဆွဲ​ထား​သည်​ကို​တွေ့ မြင်​လေ​၏။-

``ငါ​၏​ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ထင်​ရှား​စေ ရန်​နေ​ပြည်​တော်​အ​ဖြစ်​ဖြင့် ငါ​တည်​ထောင်​ခဲ့ သော​ဗာ​ဗု​လုန်​မြို့​သည်​လွန်​စွာ​ကြီး​ကျယ် ခမ်း​နား​လှ​ပါ​သည်​တ​ကား'' ဟု​မြွက်​ဆို​၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​က``ဣ​သ​ရေ​လ​၏​မာ​န​ကို​ငါ​ရွံ​ရှာ ၏။ သူ​တို့​စည်း​စိမ်​ခံ​ရာ​အိမ်​ကြီး​များ​ကို လည်း​ငါ​စက်​ဆုတ်​၏။ သူ​တို့​မြို့​တော်​နှင့်​မြို့ တွင်း​ရှိ​အ​ရာ​အား​လုံး​ကို ရန်​သူ့​လက်​သို့ ငါ​ပေး​အပ်​လိုက်​မည်'' ဟု​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​အ​လေး​အ​နက်​ကျိန်​ဆို​သ​တိ ပေး​တော်​မူ​ပြီ။

``ငါ​၏​လူ​မျိုး​တော်၊ သင်​တို့​သည်​အိမ်​ရာ ကောင်း​ကောင်း​များ​တွင်​နေ​ထိုင်​နေ​ကြ​သော် လည်း ငါ​၏​ဗိ​မာန်​တော်​သည်​ယို​ယွင်း​ပျက် စီး​လျက်​နေ​ပါ​သည်​တ​ကား။-''

အ​ကယ်​၍​ဧ​သော​၏​သား​မြေး​များ​ဖြစ် သော​ဧ​ဒုံ​ပြည်​သား​တို့​က``ငါ​တို့​မြို့​များ သည်​ပြို​ပျက်​၍​သွား​ပြီ​ဖြစ်​သော်​လည်း​ယင်း တို့​ကို​ငါ​တို့​ပြန်​လည်​တည်​ထောင်​မည်'' ဟု ဆို​ခဲ့​သော်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​သည် ``သူ​တို့​ပြန်​လည်​တည်​ထောင် ကြ​ပါ​လေ​စေ။ ထို​မြို့​များ​ကို​ငါ​တစ်​ဖန် ပြန်​၍​ဖြို​ချ​မည်။ လူ​တို့​သည်​ထို​သူ​တို့ အား `ဒု​စ​ရိုက်​ပြည်​သား​များ' ဟူ​၍​လည်း ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော် ထာ​ဝ​စဉ်​သင့်​သော​အ​မျိုး​သား​များ​ဟူ ၍​လည်း​ကောင်း​ခေါ်​ဆို​ကြ​လတ္တံ့'' ဟု​မိန့် တော်​မူ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ