ယေရမိ 20:7Common Language Bibleအို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားလှည့်စားတော်မူသဖြင့်၊ ကျွန်တော်မျိုးသည်အလှည့်စားခံရပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးထက် ခွန်အားကြီးတော်မူသည်ဖြစ်၍၊ ကျွန်တော်မျိုးကိုအနိုင်ရတော်မူပါ၏။ လူတိုင်းပင်ကျွန်တော်မျိုးကိုပြောင်လှောင်ကြ ပါပြီ။ သူတို့သည်ကျွန်တော်မျိုးအား တစ်နေကုန်တစ်နေခန်းပြက်ရယ်ပြုကြပါ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်ပျော်ရွှင်မှုကင်းမဲ့သူဖြစ်ပါသည် တကား။ ငါ၏အမိသည်အဘယ်ကြောင့်ငါ့အား ဤလောကထဲသို့မွေးထုတ်ပါသနည်း။ ဤပြည် တွင်ရှိသမျှသောသူတို့နှင့်ငါသည်စကား များရငြင်းခုံရပါ၏။ ငါသည်သူတစ်ပါး တို့အားလည်းကောင်း၊ သူတစ်ပါးတို့ထံမှ လည်းကောင်းငွေကြေးမချေးငှားခဲ့။ သို့ ပါလျက်လူအပေါင်းတို့သည်ငါ့အား ကျိန်ဆဲကြပါ၏။-
ကျွန်တော်မျိုးသည်အဘယ်ကြောင့် ဆက်လက် ၍ဝေဒနာခံရပါသနည်း။ ကျွန်တော်မျိုး ၏အနာများသည်အဘယ်ကြောင့် ကုသ၍ မပျောက်နိုင်ပါသနည်း။ အဘယ်ကြောင့်ထို အနာများမကျက်ဘဲနေပါသနည်း။ ကိုယ် တော်ရှင်သည်နွေအခါခန်းခြောက်သည့်ချောင်း ရေမထွက်သည့်စမ်းကဲ့သို့ကျွန်တော်မျိုး အားစိတ်ပျက်စေလိုတော်မူပါသလော'' ဟုလျှောက်၏။
သို့ရာတွင်``ငါသည်ထာဝရဘုရားကို မေ့လိုက်ပါတော့အံ့။ ကိုယ်တော်၏နာမတော်ကိုအမှီပြု၍ မဟောမပြောလိုတော့ပြီ'' ဟု ကျွန်တော်မျိုးဆိုသောအခါ၊ကိုယ်တော်ရှင်၏ ဗျာဒိတ်တော်သည် ကျွန်တော်မျိုး၏စိတ်နှလုံးအတွင်း၌မီးကဲ့သို့ တောက်လောင်ကာ ကျွန်တော်မျိုးသည်ထိုဗျာဒိတ်တော်ကိုကိုယ် အတွင်း၌ ပိတ်လှောင်ရန်ကြိုးစားပါသော်လည်းချုပ်ကိုင်၍ မထားနိုင်တော့ပါ။
ထိုက်သင့်သောအပြစ်ဒဏ်ကိုသူတို့ခံရ မည့်အချိန်ရောက်လာပြီ။ ထိုအချိန်ရောက် လာသောအခါ ဣသရေလပြည်သားတို့ သိကြလိမ့်မည်။ သင်တို့က``ဤပရောဖက် သည်သူရူးဖြစ်၏။ ဝိညာဉ်တော်သက်ရောက် သူသည်စိတ်မနှံ့သူဖြစ်၏'' ဟုဆိုကြ၏။ သင်တို့သည်ကြီးလေးသောအပြစ်ကို ကူးလွန်သောကြောင့်ငါ့ကိုအလွန်မုန်း တီးကြ၏။-
``အို ထာဝရဘုရား၊ အကျွန်ုပ်သည်အကျွန်ုပ် တိုင်းပြည်မှမထွက်ခွာမီကပင်ကိုယ်တော် ဤသို့ပြုတော်မူမည်ဟု အကျွန်ုပ်ကြိုတင် ပြောခဲ့သည်မဟုတ်ပါလော။ ဤအကြောင်း ကြောင့်အကျွန်ုပ်သည်တာရှုမြို့သို့ထွက်ပြေး ရန်ကြိုးစားခဲ့ပါ၏။ ကိုယ်တော်သည်မေတ္တာ ကရုဏာရှိတော်မူသော၊ အစဉ်စိတ်ရှည် လျက်အကြင်နာတရားရှိတော်မူသော၊ အပြစ်ဒဏ်ခတ်သင့်သော်လည်းမခတ်ဘဲ ချမ်းသာပေးတော်မူသောဘုရားသခင် ဖြစ်တော်မူသည်ကိုအကျွန်ုပ်သိပါ ၏။-
ဧပိကုရုနှင့်သတောအိပ်ဟုခေါ်သော အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်အချေအတင်ဆွေးနွေးကြ၏။ ထို သူအချို့တို့က ``ဤစကားအိုးသည်အဘယ် အရာကိုပြောဆိုနေပါသနည်း'' ဟုဆိုကြ၏။ အခြားသူများက ``သူသည်လူမျိုးခြားတို့၏ နတ်ဘုရားများအကြောင်းကို ပြောဆိုနေဟန် တူ၏'' ဟုဆိုကြ၏။ ထိုသူတို့ဤသို့ပြောကြ ခြင်းမှာပေါလုသည်သခင်ယေရှုအကြောင်း နှင့် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းအကြောင်း တို့ကိုဟောပြောနေသောကြောင့်ဖြစ်၏။-