ယေရမိ 20:4Common Language Bibleအဘယ်ကြောင့်ဆိုသော်ထာဝရဘုရားကိုယ် တော်တိုင်က`ငါသည်သင့်အားကိုယ်အဖို့လည်း ကောင်း၊ မိတ်ဆွေများအဖို့လည်းကောင်း၊ ထိတ် လန့်ကြောက်ရွံ့ဖွယ်ကောင်းသူဖြစ်စေမည်။ ထို သူအပေါင်းတို့သည်လည်းရန်သူများ၏ဋ္ဌား ဖြင့်ကျဆုံးကြသည်ကိုသင်မြင်ရလိမ့်မည်။ ငါသည်ယုဒပြည်သားအပေါင်းတို့အား ဗာဗုလုန်မင်း၏လက်သို့အပ်တော်မူမည်။ သူသည်ထိုသူအချို့ကိုမိမိ၏ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားလျက်အချို့တို့ ကိုမူကွပ်မျက်လိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``သင်တို့ သည်ခေါင်းမာ၍ငါပြောသည့်စကားကိုနား မထောင်ကြ။ သို့ဖြစ်၍ဤမြို့နှင့်အနီးအနား ရှိမြို့အပေါင်းတို့အား ယခင်ငါဖော်ပြခဲ့ သည့်အတိုင်းပြစ်ဒဏ်စီရင်တော်မူမည်'' ဟု မိန့်တော်မူကြောင်းသူတို့အားဆင့်ဆို၏။
ပါရှုရ၊ သင်၏အဖို့မှာမူအိမ်သူအိမ်သားများ နှင့်အတူ အဖမ်းခံရလျက်ဗာဗုလုန်မြို့သို့ ရောက်ရှိရလိမ့်မည်။ သင်သည်ထိုမြို့တွင်သေရ လိမ့်မည်။ ထိုနောက်သင်ဟောပြောခဲ့သောမုသား စကားများကိုကြားနာခဲ့သူသင်၏မိတ်ဆွေ အပေါင်းနှင့်အတူသင်္ဂြိုဟ်ခြင်းကိုခံရလိမ့် မည်' '' ဟုမိန့်တော်မူကြောင်းပါရှုရအားဆို၏။
`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
``ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားသည် သင်တို့ အားကိုယ်တော်၏နာမတော်ကိုအမှီပြု၍ လိမ်လည်ဟောပြောနေသူ ကောလာယ၏သား အာဟပ်နှင့် မာသေယ၏သားဇေဒကိတို့ကို ရည်မှတ်၍ဗျာဒိတ်ပေးတော်မူ၏။ ကိုယ်တော် ကမိမိသည်ထိုသူတို့အားဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ၏လက်သို့ပေးအပ်မည်ဖြစ် ၍ ထိုဘုရင်သည်လည်းသူတို့အားသင်တို့ ၏မျက်မှောက်၌ပင်ကွပ်မျက်လိမ့်မည်ဟု မိန့်တော်မူလေပြီ။-
သို့ရာတွင်ထာဝရဘုရားက``ငါမြင်ရ သည်ကား အဘယ်သို့နည်း။ သူတို့သည်ကြောက်လန့်၍နောက်သို့ဆုတ်ခွာ နေကြ၏။ သူတို့၏စစ်သူရဲများသည်အရေးရှုံးနိမ့်ကြ လေပြီ။ သူတို့သည်ကြောက်အားကြီး၍၊ နောက်သို့လှည့်မကြည့်ဘဲအစွမ်းကုန်လျင် မြန်စွာ ပြေးကြလေကုန်၏'' ဟုမိန့်တော်မူ၏။
သို့သော်ငါသည်သင်၏အိမ်ထောင်စုသား တစ်ဦးကိုမူအသက်ရှင်စေမည်။ သူ သည်ယဇ်ပုရောဟိတ်အဖြစ်ဖြင့်ငါ၏အမှု တော်ကိုထမ်းဆောင်ရမည်ဖြစ်သော်လည်း မျက် စိကွယ်ပြီးမျှော်လင့်ရာမဲ့ဖြစ်လျက်နေလိမ့် မည်။ သင်၏အခြားသားမြေးမှန်သမျှတို့ သည်သေခြင်းဆိုးနှင့်သေရကြလိမ့်မည်။-