Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 2:29

Common Language Bible

သင်​တို့​အား​လုံး​ပင်​ငါ့​ကို​ပုန်​ကန်​ကြ​လေ​ပြီ။ သင်​တို့​သည်​ငါ့​ကို အ​ဘယ်​သို့​မ​ကျေ​မ​နပ် ဖြစ်​ကြ​သ​နည်း'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည်​ဗာ​လ​ဘု​ရား​ကို​အ​ဘယ်​အ​ခါ​က​မျှ ဝတ်​မ​ပြု​ရှိ​မ​ခိုး​ခဲ့​ပါ၊ မိ​မိ​တို့​ကိုယ်​ကို​မ​ညစ်​ညမ်း​စေ​ခဲ့​ပါ​ဟူ​၍ အ​ဘယ်​သို့​လျှင်​ဆို​နိုင်​မည်​နည်း။ ချိုင့်​ဝှမ်း​ထဲ​တွင်​သင်​တို့​အ​ဘယ်​သို့ အ​ပြစ် ကူး​လွန်​ခဲ့​သည်​ကို​ကြည့်​လော့။ သင်​ပြု​ခဲ့​သည့်​အ​မှု​ကို​သိ​မှတ်​လော့။ သင်​သည်​မုန်​ယို​လျက်​နေ​သည့်​ကု​လား​အုတ် ပျို​ကဲ့​သို့၊ အ​ချုပ်​အ​ချယ်​မ​ရှိ​ဟို​မှ​သည်​သို့​ပြေး လျက်​နေ​၏။

`ငါ့​တွင်​အ​ပြစ်​မ​ရှိ၊ ထာ​ဝ​ရ​ဘုရား​သည်​အ​မှန် ပင် ငါ့​အား​အ​မျက်​ထွက်​တော်​မ​မူ​တော့​ပြီ​ဟု' ဆို ချင်​သည်။ သို့​သော်​သင်​က​မိ​မိ​အ​ပြစ်​မ​ကူး လွန်​ပါ​ဟု​ငြင်း​ဆို​သ​ဖြင့် ငါ​သည်​သင့်​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည်။-

တောင်​ထိပ်​တို့​ကို​မျှော်​၍​ကြည့်​ကြ​လော့။ ပြည့် တန်​ဆာ​ကဲ့​သို့ သင်​မ​ပြု​မ​ကျင့်​ဘဲ​နေ​ခဲ့​သည့် အ​ရပ်​တစ်​စုံ​တစ်​ခု​ရှိ​သ​လော။ အာ​ရပ်​အမျိုး သား​သည်​တော​ကန္တာ​ရ​တွင်​လု​ယက်​တိုက်​ခိုက် ရန်​စောင့်​မျှော်​နေ​သ​ကဲ့​သို့၊ သင်​သည်​လမ်း​နံ ဘေး​တို့​တွင်​ချစ်​သူ​များ​ကို​စောင့်​မျှော်​နေ​ခဲ့ ၏။ သင်​သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​မှု​နှင့်​ပြည့် တန်​ဆာ​အ​လုပ်​ဖြင့်​ဤ​ပြည်​ကို​ညစ်​ညမ်း စေ​လေ​ပြီ။-

ယေ​ရု​ရှ​လင်​မြို့​သား​တို့၊သင်​တို့​၏​လမ်း​များ​တစ်​လျှောက်​သွား​ရောက်​၍​လှည့်​လည်​ရှာ​ဖွေ​ကြ​လော့။ ဆင်​ခြင်​သုံး​သပ်​ကြ​လော့။ သု​စ​ရိုက်​ကို​ပြု​ကျင့်​သူ၊သစ္စာ​စောင့်​ရန်​ကြိုး​စား​သူ​ကို​တွေ့​ရှိ​နိုင်​ရန်​စျေး​ရပ်​ကွက်​များ​တွင်​ရှာ​ဖွေ​ကြ​လော့။ အ​ကယ်​၍​ထို​သူ​ကို​သင်​တို့​ရှာ​ဖွေ​တွေ့​ရှိ​နိုင်​ပါ​က ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​အ​ပြစ်​လွှတ်​တော်​မူ​လိမ့်​မည်။

ကြီး​ငယ်​မ​ဟူ​လူ​အ​ပေါင်း​တို့​သည်​မ​တ​ရား စီး​ပွား​ရှာ​ကြ​၏။ ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု ရော​ဟိတ်​များ​ပင်​လျှင်​လူ​တို့​ကို​လှည့်​ဖြား ကြ​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​ပင် လျှင် ကိုယ်​တော်​ရှင်​ပ​ညတ်​တော်​တို့​ကို​ချိုး ဖောက်​၍​အ​မိန့်​တော်​ကို​မ​လိုက်​နာ​ကြ​ပါ။ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​ကို​ပြစ်​မှား ကြ​သည်​ဖြစ်​၍ ကိုယ်​တော့်​အ​စေ​ခံ​မော​ရှေ ၏​ပ​ညတ်​ကျမ်း​တွင်​ရေး​သား​ဖော်​ပြ​ထား သည့်​ကျိန်​စာ​များ​သင့်​စေ​တော်​မူ​ပါ​၏။-

ပ​ညတ်​တ​ရား​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​မှန် သ​မျှ​သည် ပ​ညတ်​တ​ရား​စိုး​မိုး​မှု​လက်​အောက် တွင်​ရှိ​နေ​သူ​များ​အ​တွက်​ဖြစ်​ကြောင်း​ယ​ခု ငါ​တို့​သိ​ကြ​၏။ ဤ​သို့​ဖြစ်​ရ​ခြင်း​အ​ကြောင်း မှာ​လူ​တို့​၏​ဆင်​ခြေ​ဆင်​လက်​မှန်​သ​မျှ​ကို ရပ်​စဲ​စေ​ရန်​နှင့် လူ​သား​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော်​မူ​ခြင်း ကို​ခံ​စေ​ရန်​ဖြစ်​ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ