Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 2:14

Common Language Bible

``ဣ​သ​ရေ​လ​သည်​ကျွန်​မ​ဟုတ်။ ကျွန်​သား​ပေါက်​လည်း​မ​ဟုတ်။ သို့​ပါ​လျက်၊ရန်​သူ​များ​သည်​အ​ဘယ် ကြောင့် သူ့​အား​လိုက်​လံ​ဖမ်း​ဆီး​ကြ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​သား​မ​ထွန်း​ကား စေ​သ​ဖြင့် ကျွန်​တစ်​ဦး​က​အ​ကျွန်ုပ်​၏​အ​မွေ ကို​ခံ​ယူ​ရ​ပါ​မည်'' ဟု​လျှောက်​ဆို​လေ​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​များ​သော်​လည်း ကောင်း၊ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ မျိုး​ခြား​တို့​သည်​သော်​လည်း​ကောင်း ဤ​စည်း ကမ်း​ဥ​ပ​ဒေ​သ​များ​ကို​လိုက်​နာ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-

ထို​အ​ခါ​၌​သင်​သည်​ဖာ​ရော​ဘု​ရင်​အား`ထာ ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ငါ​၏​သား​ဦး​ဖြစ်​၏။-

ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကိုသိမ်းယူ၍၊ ကျွန်သားပေါက်များလည်းရှိကြ၏။ ငါ့အရင်၊ ယေရုရှလင် မြို့၌ဖြစ်ဘူးသော သူအပေါင်းတို့ထက်၊ ငါသည် တိရစ္ဆာန် အကြီးအငယ်တို့နှင့် အလွန်ရတတ်၏။

ထာ​ဝ​ရ​ဘု​ရား​က၊ ``ဇ​နီး​သည်​ကို​ကွာ​ရှင်း​ပစ် လိုက်​သည့် ယောကျာ်း​ကဲ့​သို့၊ ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​နှင်​ထုတ်​လိုက် သည်​ဟု သင်​တို့​ထင်​မှတ်​ကြ​ပါ​သ​လော။ ယင်း​သို့​နှင်​ထုတ်​လိုက်​ပါ​မူ​ဖြတ်​စာ​များ​ကား အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ မိ​မိ​၏​သား​သ​မီး​များ​ကို​ကျွန်​အ​ဖြစ် ရောင်း​စား​သူ​ကဲ့​သို့၊ငါ​သည်​သင်​တို့​အား သုံ့​ပန်း​အ​ဖြစ်​ဖြင့်​ရောင်း​ချ​လိုက်​သည်​ဟု​သင်​တို့ ထင်​မှတ်​ကြ​ပါ​သ​လော။ သင်​တို့​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​ကြ သည်​မှာ သင်​တို့​၏​အ​ပြစ်​များ​ကြောင့်​ဖြစ်​ပေ​သည်။ သင်​တို့​သည်​မိ​မိ​တို့​ကူး​လွန်​ကြ​သည့် ရာ​ဇ​ဝတ်​မှု​များ​ကြောင့်​အ​နှင်​ခံ​ရကြ​ခြင်း ဖြစ်​၏။

သင်​၏​အ​ပြစ်​ကြောင့် သင်​တို့​သည်​ငါ​ပေး​အပ် ခဲ့​သည့်​ပြည်​ကို​စွန့်​လွှတ်​ရ​ကြ​လိမ့်​မည်။ ငါ ၏​အ​မျက်​တော်​သည်​မီး​နှင့်​တူ​၍​ထာ​ဝ​စဉ် တောက်​လောင်​လျက်​နေ​မည်​ဖြစ်​၍ ငါ​သည်​သင် တို့​အား​မိ​မိ​တို့​မ​ရောက်​ဘူး​သည့်​ပြည်​တွင် ရန်​သူ​များ​၏​အ​စေ​ကို​ခံ​စေ​မည်'' ဟု​မိန့် တော်​မူ​၏။

ယေ​ရ​မိ၊ ထို​သူ​တို့​သည်​သင့်​အား`အ​ဘယ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​အ​မှု​တို့​ကို​ပြု​တော်​မူ​ပါ​သ​နည်း' ဟု​မေး​ကြ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့​အား`သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​စွန့်​ပစ်​ကာ မိ​မိ​တို့​ပြည်​၌​ပင်​လူ​မျိုး​ခြား​ဘု​ရား​များ​၏​အ​စေ​ကို​ခံ​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​တိုင်း​တစ်​ပါး​တွင်​လူ​မျိုး​ခြား​တို့​၏​အ​စေ​ကို​သင်​တို့​ခံ​ရ​ကြ​လိမ့်​မည်' ဟု​ပြန်​လည်​ဖြေ​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ