``သင်သည်ယေရုရှလင်မြို့သို့သွား၍ ထိုမြို့ တွင်နေထိုင်သူအပေါင်းတို့အားဤသတင်း စကားကိုပြန်ကြားလော့။'' သင်တို့သည်ငယ်ရွယ်စဉ်အခါကအဘယ်သို့ သစ္စာရှိခဲ့ကြသည်ကိုငါသတိရ၏။ သင်သည်သတို့သမီးကဲ့သို့ငါ့ကိုချစ်ခဲ့၏။ သင်တို့သည်စိုက်ပျိုးခြင်းမရှိသော တောကန္တာရတစ်လျှောက်လုံးကိုဖြတ်၍ ငါ၏အနောက်သို့လိုက်ခဲ့ကြ၏။
အိပ်မက်ကိုမြင်မက်သည့်ပရောဖက်သည် မိမိ မြင်မက်သည့်အရာမှာအိပ်မက်မျှသာဖြစ် ကြောင်းပြောကြားသင့်၏။ သို့ရာတွင်ငါ၏ ဗျာဒိတ်တော်ကိုကြားသည့်ပရောဖက်မူကား ထိုဗျာဒိတ်တော်ကိုသစ္စာနှင့်ပြန်ကြားရ၏။ ဂျုံ ဆန်နှင့်နှိုင်းစာသော်ကောက်ရိုးသည်အဘယ် မျှအသုံးဝင်သနည်း။-