Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 19:9

Common Language Bible

ရန်​သူ​တို့​သည်​မြို့​ကို​ဝိုင်း​ရံ​တိုက်​ခိုက်​ကာ သူ တို့​အား​သတ်​ဖြတ်​ရန်​ကြိုး​စား​ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ် ယောက်​စား​ကြ​လိမ့်​မည်။ မိ​မိ​တို့​သား​သ​မီး များ​ကို​ပင်​စား​ကြ​လိမ့်​မည်'' ဟု​ဆင့်​ဆို ပြော​ကြား​ရန်​ငါ့​အား​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​နှစ်​စ​တုတ္ထ​လ​ကိုး​ရက်​နေ့​၌​အ​စာ​ရေ​စာ လွန်​စွာ​ခေါင်း​ပါး​မှု​ကြောင့် မြို့​သူ​မြို့​သား​တို့ တွင်​စား​စ​ရာ​အ​လျှင်း​မ​ရှိ​ကြ​တော့​ပေ။-

နေ​ရာ​တ​ကာ​တွင်​လူ​တို့​သည်​မိ​မိ​တို့​ရ​နိုင် သ​မျှ​သော​အ​စား​အ​စာ​များ​ကို​စား​ကြ သော်​လည်း အာ​သာ​မ​ပြေ​ဘဲ​ရှိ​လိမ့်​မည်။ သူ တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ​ကို​ပင် ပြန်​၍​စား​ကြ​ပါ​သည်​တ​ကား၊-

ထို​နောက်​ငါ​သည်​အိုး​များ​ကို​တစ်​ခု​နှင့် တစ်​ခု​ထိ​ခိုက်​၍​ကွဲ​စေ​သ​ကဲ့​သို့ သူ​တို့ အား​ကြီး​ငယ်​မ​ရွေး​ဖျက်​ဆီး​မည်။ အ​ဘယ် သ​နား​ကြင်​နာ၊ က​ရု​ဏာ​စိတ်​က​မျှ​ငါ့ ကို​သူ​တို့​အား​သတ်​ဖြတ်​မှု​မှ​ဆီး​တား လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

``အ​ရှင်​မင်း​ကြီး၊ ဤ​သူ​တို့​ပြု​ခဲ့​ကြ​သည့် အ​မှု​များ​သည်​မှား​ပါ​၏။ သူ​တို့​သည်​ယေ​ရ​မိ အား​ရေ​တွင်း​ထဲ​သို့​ချ​ခဲ့​ကြ​ပါ​ပြီ။ သူ​သည် ဧ​ကန်​မု​ချ​အ​စာ​ငတ်​၍​သေ​ရ​ပါ​လိမ့်​မည်။ မြို့​တွင်း​၌​လည်း​အ​စာ​ရေ​စာ​မ​ရှိ​တော့ ပါ'' ဟု​လျှောက်​လေ​၏။-

အို ထာ​ဝ​ရ​ဘု​ရား​ကြည့်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား အ​ဘယ်​ကြောင့်​ဤ​မျှ​ဒဏ်​ခတ်​တော်​မူ​သ​နည်း။ အ​မျိုး​သ​မီး​တို့​သည်​မိ​မိ​တို့​ချစ်​မြတ်​နိုး​သည့် သား​သ​မီး​များ​၏​အ​သား​ကို​စား​နေ​ကြ​ပါ​၏။ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ပ​ရော​ဖက်​များ​သည်​လည်း ဗိ​မာန်​တော်​အ​တွင်း​၌​ပင် အ​သတ်​ခံ​လျက်​နေ​ရ​ကြ​ပါ​၏။

ငါ​၏​အ​မျိုး​သား​တို့​ကြုံ​တွေ့​ရ​သည့် ဘေး​အန္တ​ရာယ်​ဆိုး​သည် ကြောက်​မက်​ဖွယ်​ကောင်း​လှ​၏။ ချစ်​ခင်​ကြင်​နာ​တတ်​သော​မိ​ခင်​များ​ပင်​လျှင် မိ​မိ​တို့​သား​သ​မီး​များ​ကို​ပြုတ်​၍​စား​ကြ​၏။

ထို့​ကြောင့်​ယေ​ရု​ရှ​လင်​မြို့​ရှိ​မိဘ​သည်​သား သ​မီး​တို့​ကို​စား​ကြ​လိမ့်​မည်။ သား​သ​မီး တို့​သည်​လည်း​မိ​ဘ​တို့​ကို​စား​ကြ​လိမ့်​မည်။ သင်​တို့​အ​နက်​အ​သက်​မ​သေ​ဘဲ​ကျန်​ရစ် သူ​တို့​ကို​လည်း ငါ​သည်​အ​ပြစ်​ဒဏ်​ခတ် လျက်​အ​ရပ်​တ​ကာ​သို့​ပျံ့​လွင့်​စေ​မည်။''

သင်​တို့​သည်​ဆာ​လောင်​မွတ်​သိပ်​လှ​သ​ဖြင့် ကိုယ် သား​သ​မီး​တို့​၏​အ​သား​ကို​စား​ရ​ကြ​လိမ့် မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ