Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 18:6

Common Language Bible

``အိုး​ထိန်း​သည်​သည်​ရွှံ့​စေး​ကို​ပြု​သ​ကဲ့​သို့ ငါ​သည်​လည်း​သင်​တို့​ဣ​သ​ရေ​လ​ပြည်​သား များ​အား​မ​ပြု​နိုင်​ပါ​သ​လော။ အို ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ ရွှံ့​စေး​သည်​အိုး​ထိန်း​သည်​၏ လက်​တွင်း​၌​ရှိ​သ​ကဲ့​သို့ သင်​တို့​အ​မျိုး​သား များ​သည်​လည်း​ငါ​၏​လက်​တွင်း​၌​ရှိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

အ​ခြား​အိုး​များ​နှင့်​မ​ထူး​ခြား​သည့်​မြေ​အိုး သည် အိုး​ထိန်း​သည်​နှင့်​အ​တူ​ငြင်း​ခုံ​ဝံ့​ပါ​မည် လော။ ရွှံ့​စေး​က​အိုး​ထိန်း​သည်​အား အ​ဘယ်​သို့​သော​အ​ရာ​ကို​သင်​ပြု​လုပ် သ​နည်း​ဟု မေး​ရ​ပါ​မည်​လော။ မြေ​အိုး​က​မိ​မိ​ကို​ပြု​လုပ်​သူ​တွင်​ကျင် လည်​မှု မ​ရှိ​ဟု​ညည်း​ညူ​ရ​ပါ​မည်​လော။

သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင် သည်​ကျွန်​တော်​မျိုး​တို့​၏​ဖ​ခင်​ဖြစ်​တော်​မူ ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ရွှံ့​စေး​နှင့်​တူ​၍ ကိုယ်​တော်​ရှင်​မူ​ကား​အိုး​ထိန်း​သည်​နှင့်​တူ ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့ အား​ဖန်​ဆင်း​တော်​မူ​ခဲ့​သည့်​အ​ရှင်​ဖြစ် သ​ဖြင့်၊-

သူ​သည်​မိ​မိ​ပြု​လုပ်​လျက်​ရှိ​သည့်​အိုး​မြေ တွင်​အ​ပြစ်​အ​နာ​အ​ဆာ​ကို​တွေ့​သော​အ​ခါ ထို​အိုး​မြေ​ကို​ယူ​၍​အ​ခြား​အ​ရာ​ဝတ္ထု တစ်​ခု​အ​ဖြစ်​သို့​ပြောင်း​လဲ​ပြု​လုပ်​လိုက် လေ​သည်။

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား၊-

အ​ရှင်​မင်း​ကြီး​ကြည့်​လျက်​နေ​တော်​မူ​စဉ် ကောင်း​ကင်​ဘုံ​မှ ကောင်း​ကင်​တ​မန်​တစ်​ပါး သည်​သက်​ဆင်း​လာ​ကာ`ထို​သစ်​ပင်​ကို​ခုတ်​လှဲ ဖျက်​ဆီး​ပစ်​လော့။ သို့​ရာ​တွင်​သစ်​ငုတ်​ကို​မူ ကား​မြေ​တွင်​ချန်​ထား​လော့။ ထို​ငုတ်​ကို​သံ ကြိုး၊ ကြေး​ဝါ​ကြိုး​နှင့်​ချည်​နှောင်​၍​ကွင်း​ထဲ ၌​မြက်​တော​တွင်​ထား​ခဲ့​လော့။ ထို​သူ​အား ဆီး​နှင်း​များ​ဖြင့်​စို​စွတ်​စေ​လျက်​ခု​နစ်​နှစ် တိုင်​တိုင်​တိရစ္ဆာန်​များ​နှင့်​အ​တူ​နေ​စေ​လော့' ဟု​မြွက်​ဆို​ခဲ့​ပါ​၏။

ငါ​ပိုင်​သည့်​ငွေ​ကို​ငါ​အ​လို​ရှိ​သည့်​အ​တိုင်း​မ​သုံး စွဲ​အပ်​ပါ​သ​လော။ ငါ​ရက်​ရော​သော​ကြောင့်​သင် မ​နာ​လို​ဝန်​တို​စိတ်​ရှိ​သ​လော' ဟု​ဆို​၏'' ဟူ​၍ မိန့်​တော်​မူ​သည်။

ကျမ်း​စာ​တော်​က၊ ``အ​ဘယ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ရှင် အ​ဘယ်​သို့ စဉ်း​စား​ဆင်​ခြင်​တော်​မူ​သည်​ကို​သိ​သ​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​အား​အ​ကြံ​ဉာဏ် ပေး​နိုင်​သ​နည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ