Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 18:22

Common Language Bible

သူ​တို့​၏​အိမ်​ရာ​များ​ကို​တိုက်​ခိုက်​လု​ယက် ရန်​ရုန်း​ရင်း​ဆန်​ခတ်​လူ​အုပ်​အား​အ​မှတ်​မ ထင်​စေ​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည်​ကြောက် လန့်​တုန်​လှုပ်​လျက်​ဟစ်​အော်​ရ​ကြ​ပါ​စေ သော။ သူ​တို့​သည်​ကျွန်​တော်​မျိုး​လိမ့်​ကျ​စေ ရန်​တွင်း​ကို​တူး​ကြ​ပါ​ပြီ။ ကျွန်ုပ်​အ​တွက် ထောင်​ချောက်​ကို​ဆင်​ကြ​ပါ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​မ​လိုက်​နာ​ကြ​သော မာန်​မာ​န​ကြီး​သူ​တို့​သည်​ကွန်​တော်​မျိုး​အား ထောင်​ဖမ်း​ရန်​တွင်း​မား​ကို​တူး​ကြ​ပါ​ပြီ။

မာန်​မာ​န​ကြီး​သူ​တို့​သည်​ကျွန်​တော်​မျိုး​အ​တွက် ထောင်​ချောက်​ကို​ထောင်​ထား​ကြ​ပါ​ပြီ။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​ဖမ်း​ရန် လမ်း​တွင်​ပိုက်​ကွန်​ကို​ဖြန့်​၍​ကျော့​ကွင်း​ကို ထောင်​ထား​ကြ​ပါ​ပြီ။

``ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​ထာ​ဝ​ရ​ဘု​ရား​အား လျှောက်​ထား​၏။ အို ထာ​ဝ​ရ​ဘု​ရား ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို ကြား​တော်​မူ​ပါ​၏။

ငါ​၏​အ​နီး​သို့​ကြည့်​လိုက်​သော​အ​ခါ​ကူ​မ မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။ ကာ​ကွယ်​စောင့်​ရှောက်​မည့်​သူ​တစ်​ယောက်​မျှ​မ​ရှိ။ အ​ဘယ်​သူ​မျှ​ငါ့​ကို​ဂ​ရု​မ​စိုက်။

ကျွန်​တော်​မျိုး​အား​သတ်​ဖြတ်​လို​သူ​တို့​သည် ကျော့​ကွင်း​များ​ကို​ထောင်​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ဥ​ပဒ်​ပြု​လို​သူ​တို့​သည် ခြိမ်း​ခြောက်​ပြော​ဆို​ကြ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​လုပ်​ကြံ​ရန် အ​စဉ်​မ​ပြတ်​ကြံ​စည်​လျက်​နေ​ကြ​ပါ​၏။

အို ဂလ္လိမ်​မြို့​သူ​မြို့​သား​တို့၊ ကြွေး​ကြော်​ကြ လော့။ အို လဲ​ရှ​မြို့၊ ထို​ကြွေး​ကြော်​သံ​ကို​နား ထောင်​ကြ​လော့။ အာ​န​သုတ်​မြို့​သူ​မြို့​သား တို့၊ တုံ့​ပြန်​ပြော​ကြား​ကြ​လော့။-

ကောင်း​ကျိုး​ကို​ဆိုး​ကျိုး​ဖြင့်​ပေး​ချေ​သင့်​ပါ မည်​လော။ သို့​ပါ​လျက်​သူ​တို့​သည်​ကျွန်​တော် မျိုး​လိမ့်​ကျ​စေ​ရန်​တွင်း​ကို​တူး​ကြ​ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့​လာ​၍​သူ တို့​အား​အ​မျက်​တော်​နှင့်​ဆက်​ဆံ​တော်​မ​မူ ရန် သူ​တို့​ကိုယ်​စား​အ​ဘယ်​သို့​ပြန်​ကြား လျှောက်​ထား​ခဲ့​သည်​ကို​အောက်​မေ့​သ​တိ​ရ တော်​မူ​ပါ။-

ကျွန်​တော်​မျိုး​သည်​လူ​တို့​တီး​တိုး​ပြော​ဆို​နေ​သံ​ကို ကြား​ရ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား``နေ​ရာ​တိုင်း​တွင် ထိတ်​လန့်​ကြောက်​ရွံ့​ဖွယ်​ကောင်း​သူ'' ဟု နာ​မည်​ပေး​ပြီး​လျှင်``သူ့​အ​ကြောင်း​ကို အာ​ဏာ​ပိုင်​တို့​အား​သ​တင်း​ပေး​ကြ​ကုန်​အံ့၊'' ဟု​ဆို​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ရင်း​နှီး​သော​မိတ်​ဆွေ​များ​ပင်​လျှင် ကျွန်​တော်​မျိုး​ပြို​လဲ​သည်​ကို​စောင့်​မျှော်​နေ​ကြ ပါ​၏။ သူ​တို့​က``သူ့​အား​ငါ​တို့​လှည့်​စား​၍ ရ​ကောင်း​ရ​ပေ​လိမ့်​မည်။ အ​ငိုက်​ဖမ်း​၍​လက်​စား​ချေ​နိုင်​လိမ့်​မည်'' ဟု ဆို​ကြ​ပါ​၏။

ထို​သူ​သည်​က​ရု​ဏာ​ကင်း​မဲ့​စွာ​ထာ​ဝ​ရ ဘု​ရား ဖျက်​ဆီး​တော်​မူ​သော​မြို့​များ​ကဲ့​သို့​ဖြစ်​ပါ စေ​သော။ မ​မွေး​မ​ဖွား​မီ​ကာ​လ​က​ပင်​ငါ့​ကို​မ​သတ်​ခဲ့ သ​ဖြင့် သူ​သည်​နံ​နက်​ချိန်​၌​ဝေ​ဒ​နာ​နှင့်​ဟစ်​အော် သံ​များ ကို​လည်း​ကောင်း၊ မွန်း​တည့်​ချိန်​၌​တိုက်​ပွဲ​ဝင်​ရန်​အ​ချက် ပေး​သံ​များ ကို​လည်း​ကောင်း​ကြား​ရ​ပါ​စေ​သော။ အ​ကယ်​၍​သူ​သည်​ငါ့​ကို​သတ်​ခဲ့​ပါ​မူ ငါ့​မိ​ခင်​၏​ဝမ်း​သည်​ငါ​၏​သင်္ချိုင်း​ဖြစ်​ပါ လိမ့်​မည်။

သား​ဖွား​ဝေ​ဒ​နာ​ခံ​ရ​သော​အ​မျိုး​သ​မီး ၏​အ​သံ၊ သား​ဦး​ကို​ဖွား​မြင်​သည့်​အ​မျိုး​သ​မီး​ဟစ် အော်​သံ​နှင့် တူ​သည့်​အ​သံ​တစ်​ခု​ကို​ငါ​ကြား​၏။ ထို​အ​သံ​မှာ​မော​ဟိုက်​၍​လက်​တုန်​နေ​သော ယေ​ရု​ရှ​လင်​မြို့​၏​အ​သံ​ပင်​ဖြစ်​ပေ​သည်။ သူ​က``ငါ​သည်​အ​မင်္ဂ​လာ​ရှိ​၏။ သူ​တို့​သည် ငါ့​အား​သတ်​ရန်​လာ​ကြ​လေ​ပြီ​ဆို​၏။''

``ငါ​၏​လူ​မျိုး​တော်​အ​ထဲ​၌ ဆိုး​ညစ်​သူ​များ​ရှိ​၏။ သူ​တို့​သည်​ထောင်​ချောက်​ဖြင့်​ငှက်​ဖမ်း​သူ​များ​ကဲ့​သို့​လူ​ကို​ဖမ်း​ရန်​ချောင်း​မြောင်း​ကြ​၏။-

ထာ​ဝ​ရ​ဘု​ရား​က မိ​မိ​လူ​မျိုး​တော်​အား``သင် တို့​သည်​လျှော်​တေ​ကို​ဝတ်​၍​ပြာ​ထဲ​၌​လူး​လှိမ့် ကြ​လော့။ တစ်​ဦး​တည်း​သော​သား​အ​တွက် ငို​ကြွေး မြည်​တမ်း​သ​ကဲ့​သို့​ဝမ်း​နည်း​ပက်​လက်​ငို​ကြွေး ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​အား သုတ်​သင်​ဖျက်​ဆီး​ရန်​လာ​သူ​သည် ရုတ်​တ​ရက် ဝင်​ရောက်​တိုက်​ခိုက်​မည်​ဖြစ်​သော​ကြောင့်​တည်း။-

ခံတပ်မြို့များ၊ မြင့်မားသည့်ရဲတိုက်များ ကိုတိုက်ခိုက်နေသူ၊ စစ်သူရဲတို့၏တံပိုး ခရာသံများ၊ ညာသံများဖြင့်ဆူညံနေ သောနေ့ဖြစ်ပေသည်။

ထို​နောက်​ဖာ​ရိ​ရှဲ​တို့​သည်​ထွက်​သွား​ပြီး​လျှင် ကိုယ်​တော်​အား​အ​ဘယ်​သို့​ပ​ရိ​ယာယ်​ဆင်​၍ မေး​မြန်း​ရ​မည်​ကို​ဆွေး​နွေး​တိုင်​ပင်​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ