ယေရမိ 18:19Common Language Bibleထို့ကြောင့်ယေရမိသည်``အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏လျှောက်ထားချက်ကိုကြား တော်မူ၍ ရန်သူတို့ကျွန်တော်မျိုးအားဆန့် ကျင်ပြောဆိုသည့်စကားများကိုနား ထောင်တော်မူပါ။- အခန်းကိုကြည့်ပါ။ |
ထိုအခါ ပြည်သားတို့က``ယေရမိကိုငါတို့ ဖယ်ရှားကြကုန်အံ့။ ငါတို့အားသွန်သင်မည့် ယဇ်ပုရောဟိတ်များ၊ အကြံပေးမည့်ပညာရှိ များ၊ ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန် ကြားမည့်ပရောဖက်များထားရှိမြဲရှိကြ မည်သာဖြစ်၏။ ယေရမိအားငါတို့စွဲချက် တင်ကြကုန်အံ့။ သူပြောသည့်စကားကို နားမထောင်ဘဲနေကြကုန်အံ့'' ဟုဆို ကြ၏။
ကောင်းကျိုးကိုဆိုးကျိုးဖြင့်ပေးချေသင့်ပါ မည်လော။ သို့ပါလျက်သူတို့သည်ကျွန်တော် မျိုးလိမ့်ကျစေရန်တွင်းကိုတူးကြပါပြီ။ ကျွန်တော်မျိုးသည်အထံတော်သို့လာ၍သူ တို့အားအမျက်တော်နှင့်ဆက်ဆံတော်မမူ ရန် သူတို့ကိုယ်စားအဘယ်သို့ပြန်ကြား လျှောက်ထားခဲ့သည်ကိုအောက်မေ့သတိရ တော်မူပါ။-
သို့ရာတွင်အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်လူတို့ကိုတရားသဖြင့် စစ်ဆေးတော်မူတတ်ပါ၏။ သူတို့၏စိတ်နှလုံးအကြံအစည်များကို သိတော်မူပါ၏။ သို့ဖြစ်၍ရန်သူများအားကိုယ်တော်ရှင် လက်စားချေသည်ကိုကျွန်တော်မျိုးမြင်ပါ ရစေ။ ကျွန်တော်မျိုးသည်မိမိ၏အမှုကိုလက် တော်သို့ ပေးအပ်၍ထားပါပြီ။