Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 18:13

Common Language Bible

သို့​ဖြစ်​၍​ငါ​ထာ​ဝ​ရ​ဘု​ရား​က၊ ``ဣ​သ​ရေ​လ​သ​မီး​ပျို​သည်​ကြောက်​မက်​ဖွယ် ကောင်း​သည့်​အ​မှု​ကို​ပြု​ကြ​လေ​ကုန်​ပြီ။ အ​ဘယ်​အ​ခါ​က​များ​ဤ​အ​မှု​မျိုး​ဖြစ် ပျက်​ခဲ့​ဖူး​သ​နည်း​ဟု လူ​မျိုး​တ​ကာ​တို့​အား​မေး​မြန်း​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ဧ​လျာ​ကိမ်၊ ရှေ​ဗ​န​နှင့်​ယော​အာ တို့​သည် ဝမ်း​နည်း​ပူ​ဆွေး​လျက်​မိ​မိ​တို့​အ​ဝတ် များ​ကို​ဆုတ်​ဖြဲ​ကာ အာ​ရှု​ရိ​အ​ရာ​ရှိ​၏ စ​ကား​များ​ကို​မင်း​ကြီး​ထံ​သွား​ရောက် လျှောက်​ထား​ကြ​၏။

ဤ​သို့​သော​အ​မှု​မျိုး​မြင်​ဖူး​ကြား​ဖူး​သူ တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သ​လော။ တိုင်း​နိုင်​ငံ တစ်​ခု​သည်​တစ်​နေ့​ခြင်း​တွင်​ပေါ်​ပေါက်​လာ ဖူး​ပါ​သ​လော။ ဇိ​အုန်​မြို့​သည်​ဣ​သ​ရေ​လ နိုင်​ငံ​မ​ပေါ်​ထွန်း​မီ​ကြာ​ရှည်​ဆင်း​ရဲ​ဒုက္ခ ရောက်​ရ​လိမ့်​မည်​မ​ဟုတ်။-

ငါ​၏​ကြေ​ကွဲ​မှု​ကို​ပြည်​သူ​တို့​အား​ဤ​သို့ ပြော​ပြ​ရန်​ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​အ​မိန့် ပေး​တော်​မူ​၏။ ``ငါ​၏​မျက်​စိ​များ​သည်​နေ့​ညဥ့်​မ​ပြတ် မျက်​ရည်​ထွက်​လျက်​နေ​ပါ​စေ​သော။ ငါ့​အ​မျိုး​သား​တို့​သည်​ပြင်း​စွာ ဒဏ်​ရာ​ရ​လျက် များ​စွာ​နာ​ကျင်​လျက်​ရှိ​သ​ဖြင့်၊ငါ​သည်​အ​ဘယ် အ​ခါ​၌​မျှ​အ​ငို​မ​တိတ်​နိုင်​ဘဲ​ရှိ​ပါ​စေ​သော။

လေ​ဗ​နုန်​ကျောက်​တောင်​ထိပ်​တို့​သည်​မိုး​ပွင့် များ​နှင့် ကင်း​သည့်​အ​ခါ​ရှိ​ဖူး​သ​လော။ ထို​တောင်​မှ​စီး​ဆင်း​လာ​သော​အေး​မြ​သည့် ချောင်း​များ​သည်​ခန်း​ခြောက်​သည့်​အ​ခါ​များ ရှိ​ဖူး​သ​လော။

သို့​ရာ​တွင်​ယေ​ရု​ရှ​လင်​မြို့​မှ​ပ​ရော​ဖက်​များ​က​မူ ထို​သူ​တို့​ထက်​ပင်​ပို​၍​ဆိုး​ရွား​စွာ​ပြု​ကျင့်​ကြ သည်​ကို တွေ့​မြင်​ရ​၏။ သူ​တို့​သည်​သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၍ မု​သား​ကို​ပြော​ဆို​ကြ​၏။ သူ​တို့​က​လူ​တို့​အား​အ​မှား​ကို​ပြု​ကျင့်​ရန် အား​ပေး​ကူ​ညီ​ကြ​သ​ဖြင့် အ​ဘယ်​သူ​မျှ​မိ​မိ​ပြု​သည့်​မ​ကောင်း​မှု​များ ကို မ​ရပ်​စဲ​ကြ​တော့​ပေ။ ထို​သူ​အ​ပေါင်း​တို့​သည်​သော​ဒုံ​မြို့​သား များ​နှင့်​တူ​ကြ​၏။ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ဂေါ​မော​ရ​မြို့​သူ​မြို့​သား​များ​ကဲ့​သို့​ပင် ဆိုး​ညစ်​ယုတ်​မာ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

သင်​တို့​အား​တစ်​ဖန်​ငါ​ပြန်​လည်​ထူ​ထောင်​ပေး မည်။ သင်​တို့​သည်​ပတ်​သာ​များ​ကို​တစ်​ဖန်​တီး မှုတ်​၍ ပျော်​ရွှင်​စွာ​က​ခုန်​ရ​ကြ​လိမ့်​မည်။-

ဤ​ပြည်​တွင်​အံ့​သြ​ရွံ​ရှာ​ဖွယ်​ကောင်း​သည့်​အ​မှု​ပေါ်​ပေါက်​လာ​သည်​မှာ၊-

``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ဘက်​မှ စွမ်း​ရည်​အကြီး​ဆုံး​စစ်​သည်​တော်​တို့​ကို ပျက်​ရယ်​ပြု​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ငါ​၏​လူ​ငယ်​လူ​ရွယ်​များ​ကို သုတ်​သင်​ချေ​မှုန်း​ရန်​တပ်​မ​တော်​ကို​စေ​လွှတ် တော်​မူ​ပါ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​လူ​တို့​အား စ​ပျစ်​သီး​နယ်​ရာ​ကျင်း​မှ​စ​ပျစ်​သီး​များ ကဲ့​သို့ ကြေ​မွ​စေ​တော်​မူ​ပါ​၏။''

ဣ​သ​ရေ​လ​ပြည်​သား​တို့​၏​စက်​ဆုပ်​ဖွယ် ကောင်း​သော​အ​မှု​ကို​ငါ​မြင်​ရ​ပြီ။ ငါ​၏ လူ​မျိုး​တော်​သည်​ရုပ်​တု​များ​ကို​ကိုး​ကွယ် ၍​မိ​မိ​တို့​ကိုယ်​ကို​ညစ်​ညမ်း​စေ​ကြ​ပြီ။''

အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ သင်​တို့​ကို သင်္ဂြိုဟ်​ဖို့​ငါ​သီ​ဆို​မည့်​ဤ​အ​သု​ဘ တေး​ကို​နား​ဆင်​ကြ​လော့။

အ​ပျို​က​ညာ​ဣသ​ရေ​လ​သည် ဘယ်​ခါ​မျှ​ပြန်​မ​ထ​နိုင်​အောင်​လဲ​ရ ချေ​ပြီ။ မြေ​ပေါ်​မှာ​အ​ထီး​ကျန်​စွာ​လဲ​နေ​ရှာ​ပြီ။ သူ့​အား​ထူ​မ​ရန်​မည်​သူ​မျှ​မ​ရှိ​ပြီ။

မ​ယုံ​ကြည်​သူ​များ​ပင်​လျှင်​ပြု​ကျင့်​ကြ​မည် မ​ဟုတ်​သည့်​ကာ​မ​ဂုဏ်​လိုက်​စား​မှု သင်​တို့​တွင် ရှိ​နေ​ကြောင်း​ကို​ငါ​ကြား​သိ​ရ​၏။ လူ​တစ် ယောက်​သည်​မိ​မိ​၏​မိ​ထွေး​နှင့်​ပေါင်း​သင်း​နေ ထိုင်​လျက်​ရှိ​သည်​ဟု​ငါ​ကြား​သိ​ရ​၏။-

ကြောက်​လန့်​ကြ​လျက်``ထို​သူ​တို့​တပ်​စ​ခန်း သို့ ထာ​ဝ​ရ​ဘု​ရား​ကြွ​လာ​တော်​မူ​လေ​ပြီ။ ငါ​တို့​အ​ကျိုး​နည်း​ကြ​ပေ​တော့​အံ့။ ယ​ခင် က​ဤ​သို့​တစ်​ခါ​မျှ​မ​ဖြစ်​စ​ဖူး။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ