Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 17:25

Common Language Bible

သူ​တို့​၏​ဘု​ရင်​များ​နှင့်​မင်း​ညီ​မင်း​သား​များ သည်​ယေ​ရု​ရှ​လင်​မြို့​ကို​မြို့​တံ​ခါး​များ​ဖြင့် ဝင်​၍ ဒါ​ဝိဒ်​မင်း​ကဲ့​သို့​ရာ​ဇ​တန်​ခိုး​အာ​ဏာ ကို​ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ယု​ဒ​ပြည် သား​များ၊ ယေ​ရု​ရှ​လင်​မြို့​သား​များ​နှင့် အ​တူ မြင်း​ရ​ထား​များ​နှင့်​မြင်း​များ​ကို စီး​၍​သွား​လာ​ရ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင် မြို့​သည်​လည်း​အ​စဉ်​အ​မြဲ​လူ​များ​နှင့် ပြည့်​နှက်​၍​နေ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

သင်​၏​အ​မျိုး​အ​နွယ်​သည်​အ​ဘယ်​အ​ခါ ၌​မျှ​မ​တိမ်​ကော​ဘဲ သင်​၏​နိုင်​ငံ​သည်​ထာ​ဝ စဉ်​တည်​လိမ့်​မည်။ သင်​၏​ရာ​ဇ​အာ​ဏာ​စက် သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​ပျက်​သုဉ်း သွား​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ကြောင်း ဆင့်​ဆို​လော့'' ဟု​မိန့်​တော်​မူ​၏။

မြင်း​တပ်​သား​တစ်​ထောင်​ခုနစ်​ရာ​နှင့်​ခြေ​လျင် တပ်​သား​နှစ်​သောင်း​ကို​ဖမ်း​ဆီး​ရ​မိ​တော် မူ​၏။ မင်း​ကြီး​သည်​ရ​ထား​အ​စီး​တစ်​ရာ အ​တွက်​မြင်း​တစ်​ရာ​ကို​သိမ်း​၍ ကျန်​သော မြင်း​ရှိ​သ​မျှ​တို့​၏​ခြေ​ကြော​ကို​ဖြတ် လေ​၏။-

ငါ​ထာ​ဝ​ရ​ဘု​ရား​ပြု​သည့်​အ​မှု​ကို​သ​တိ​ရ ရန် ဤ​နေ့​ရက်​ကို​ပွဲ​တော်​နေ့​အ​ဖြစ်​ဆင်​ယင် ကျင်း​ပ​ရ​မည်။ သင်​တို့​သည်​ထို​နေ့​ကို​ဘု​ရား ပွဲ​တော်​နေ့​အ​ဖြစ်​ထာ​ဝ​စဉ်​ကျင်း​ပ​ရ​ကြ မည်'' ဟု​မိန့်​တော်​မူ​၏။

သူ​၏​ရာ​ဇ​အာ​ဏာ​သည်​ဆက်​လက်​တိုး တက်​လျက် သူ​၏​နိုင်​ငံ​တော်​သည်​လည်း၊အ​စဉ်​အ​မြဲ ငြိမ်း​ချမ်း​သာ​ယာ​လိမ့်​မည်။ သူ​သည်​ဒါ​ဝိဒ်​မင်း​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​ကာ ယ​ခု​မှ​စ​၍​ကပ်​ကာ​လ​ကုန်​ဆုံး​ချိန်​တိုင်​အောင် တ​ရား​တော်​နှင့်​အ​ညီ​မျှ​တ​စွာ​အုပ်​စိုး​လိမ့်​မည်။ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​အား​ဖြစ်​ပျက်​စေ ရန်​သန္နိ​ဋ္ဌာန်​ချ​မှတ်​တော်​မူ​ပြီး​ဖြစ်​သ​တည်း။

ထို​အ​ခါ​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ် အ​နွယ်​ဝင်​ဘု​ရင်​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား များ​မှ​စ​၍ ယေ​ရု​ရှ​လင်​မြို့​ရှိ​ပြည်​သူ ပြည်​သား​အ​ပေါင်း​မူး​ယစ်​စေ​ရန် စ​ပျစ် ရည်​တိုက်​မည်​ဟု​သူ​တို့​အား​ပြော​ကြား လော့။-

``ဤ​သူ​သည်​သား​မဲ့​သ​မီး​မဲ့​သူ​ဟူ​၍ အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​ပြီ။ အ​ဘယ်​အ​ခါ​၌​မျှ​မ​အောင်​မြင်​သူ​ဟူ​၍​ဖြစ် လိမ့်​မည်။ ဒါ​ဝိဒ်​မင်း​ကို​ဆက်​ခံ​ရန်​ယုဒ​ပြည်​တွင်​စိုး​စံ နိုင်​မည့် သား​မြေး​များ​ကို​မ​ရ​ရှိ​နိုင်​ဖြစ်​ရ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​လေ​ပြီ။

သင်​တို့​သည်​ငါ​ပ​ညတ်​တော်​မူ​သည့်​အ တိုင်း​အ​ကယ်​ပင်​လိုက်​လျှောက်​ပြု​ကျင့်​ကြ မည်​ဆို​ပါ​မူ ဒါ​ဝိဒ်​မင်း​၏​ရာ​ဇ​ပလ္လင်​တွင် ထိုင်​လျက်​ရှိ​သော​ဘု​ရင်​တို့​သည် ဆက်​လက် ၍​မင်း​ပြု​ရ​ကြ​လိမ့်​မည်။ ထို့​ပြင်​သူ​တို့ သည်​မိ​မိ​တို့​၏​မှူး​မတ်​များ၊ ပြည်​သူ​များ နှင့်​အ​တူ​မြင်း​ရ​ထား​များ၊ မြင်း​များ​ကို စီး​၍​ဤ​နန်း​တော်​ဝင်း​တံ​ခါး​များ​ကို ဝင်​ထွက်​သွား​လာ​ရ​ကြ​လိမ့်​မည်။-

သင်​တို့​သည်​မိ​မိ​တို့​နှင့်​ဘိုး​ဘေး​များ​အား အ​ပြီး​အ​ပိုင် ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​တော် မူ​ခဲ့​သည့်​ပြည်​တော်​တွင်​နေ​ထိုင်​ကြ​စေ​ရန် ထို​ပ​ရော​ဖက်​တို့​သည်​သင်​တို့​လိုက်​လျှောက် လျက်​ရှိ​သည့်​လမ်း​စဉ်​နှင့်​ပြု​ကျင့်​လျက်​ရှိ သည့်​မ​ကောင်း​မှု​တို့​ကို​ရှောင်​ကြဉ်​ရန်​ပြော ကြား​ခဲ့​ကြ​၏။-

ထို​နေ့​ရက်​ကာ​လ​၌​ဒါ​ဝိဒ်​၏​သား​မြေး အ​စစ်​အ​မှန်​တစ်​ဦး​ကို​ပေါ်​ထွန်း​စေ​မည်။ သူ​သည်​လည်း​တိုင်း​နိုင်​ငံ​တစ်​ခု​လုံး​တွင် မျှ​တ​ဖြောင့်​မှန်​သည့်​အ​မှု​တို့​ကို​ပြု​လိမ့် မည်။-

ထာ​ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​ပြည်​တွင် အ​ဘယ်​အ​ခါ​၌​မျှ ဒါ​ဝိဒ်​မင်း​မျိုး​ရိုး​မ ပြတ်​ရ​စေ​ရန်​လည်း​ကောင်း၊-

ထို​နည်း​တူ​စွာ​ဒါ​ဝိဒ်​မင်း​မျိုး​ရိုး​မ​ပြတ်​စေ ရန်​နှင့် ငါ​၏​အ​မှု​တော်​ဆောင်​လေ​ဝိ​အ​နွယ် ဝင်​ယဇ်​ပု​ရော​ဟိတ်​မျိုး​မ​ပြတ်​စေ​ရန် ငါ့ အ​စေ​ခံ​ဒါ​ဝိဒ်​နှင့်​ငါ​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ် ကို​လည်း​ဖောက်​ဖျက်​၍​မ​ရ​နိုင်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် တည်း​ဟူ​သော​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က``ငါ​သည်​သင်​တို့​အား ဤ​အ​ရပ်​တွင်​ဆက်​လက် နေ​ထိုင်​ခွင့်​ပြု​နိုင်​ရန်​သင်​တို့​သည် မိ​မိ​တို့​နေ ထိုင်​မှု​နှင့်​အ​ပြု​အ​မူ​တို့​ကို​ပြု​ပြင်​ပြောင်း လဲ​စေ​ကြ​လော့။-

ဤ​သို့​ပြု​ပြင်​ပြောင်း​လဲ​ပါ​မူ​ငါ​သည်​သင် တို့​ဘိုး​ဘေး​များ​အား အ​ပိုင်​ပေး​အပ်​ခဲ့ သည့်​ပြည်​တော်​တွင်​သင်​တို့​ကို​ဆက်​လက် ၍​ထာ​ဝ​ရ​နေ​ထိုင်​ခွင့်​ပြု​တော်​မူ​မည်။

ဘု​ရင်​သည်​သူ​၏​တပ်​မ​တော်​အ​တွက်​မြင်း မြောက်​မြား​စွာ​မ​ထား​ရှိ​စေ​ရ။ ထာ​ဝ​ရ ဘု​ရား​က မိ​မိ​၏​လူ​မျိုး​ကို​အီ​ဂျစ်​ပြည် သို့​ပြန်​မ​သွား​ရ​ဟု​အ​မိန့်​တော်​ရှိ​သော ကြောင့် ဘု​ရင်​သည်​မြင်း​ဝယ်​ရန်​လူ​များ ကို​ထို​ပြည်​သို့​မ​စေ​လွှတ်​ရ။-

သင်​တို့​သည်​သိ​နာ​တောင်​အ​စား​ဇိ​အုန် တောင်​သို့​လည်း​ကောင်း၊ အ​တိုင်း​မ​သိ​များ​စွာ သော​ကောင်း​ကင်​တ​မန်​များ​ရှိ​ရာ​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​မြို့​တော် တည်း​ဟူ​သော ကောင်း​ကင်​ယေ​ရု​ရှ​လင်​မြို့ သို့​လည်း​ကောင်း​ရောက်​ရှိ​နေ​ကြ​၏။-

သူ​က``သင်​တို့​ကို​အုပ်​စိုး​သော​ဘု​ရင်​သည် သင်​တို့​သား​များ​ကို​စစ်​မှု​ထမ်း​စေ​လိမ့်​မည်။ အ​ချို့​သော​သူ​တို့​ကို​ရ​ထား​တပ်​၌​လည်း ကောင်း၊ အ​ချို့​ကို​မြင်း​တပ်​၌​လည်း​ကောင်း၊ အ​ချို့​ကို​အ​ထူး​ထိုး​စစ်​ဆင်​ရာ​တပ်​များ ၌​လည်း​ကောင်း​အ​မှု​ထမ်း​စေ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ