ယေရမိ 16:12Common Language Bibleသင်တို့သည်မိမိတို့ဘိုးဘေးများထက် ပင်ဆိုးရွားစွာပြုကျင့်ကြလေပြီ။ သင်တို့ အားလုံးသည်ခေါင်းမာဆိုးညစ်လျက် ငါ၏ စကားကိုနားမထောင်ကြ။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်မွှေးကြိုင်သောရနံ့ကို နှစ်သက်တော်မူ၍``လူတို့၏အကျင့်ကြောင့်နောင် မည်သည့်အခါ၌မျှ မြေကြီးကိုကျိန်စာသင့် စေမည်မဟုတ်။ လူသည်ငယ်ရွယ်စဉ်မှစ၍စိတ် နှလုံးအကြံအစည်ဆိုးယုတ်ကြောင်းငါသိ၏။ ငါသည်သက်ရှိသတ္တဝါအပေါင်းတို့ကို ယခု အကြိမ်ကဲ့သို့နောက်တစ်ဖန်သေကြေပျက်စီး စေမည်မဟုတ်။-
ထာဝရဘုရားက``ယုဒပြည်သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့်ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့သည်ငါ၏သြဝါဒ ကိုရွံမုန်း၍ငါပေးသောပညတ်တို့ကို မစောင့်ရှောက်ဘဲနေကြလေပြီ။ သူတို့ ဘိုးဘေးများဆည်းကပ်ကိုးကွယ်ခဲ့သော မိစ္ဆာဘုရားများနောက်သို့ကိုယ်တိုင်လိုက် ပါကာလမ်းလွဲကြလေပြီ။-
သင်တို့သည်မိမိတို့၏ဘိုးဘေးများနည်း တူ ငါ၏ပညတ်တော်တို့ကိုမစောင့်ထိန်း ဘဲလွှဲရှောင်လျက်နေခဲ့ကြလေပြီ။ သင် တို့သည်ငါ့ထံသို့ပြန်လာကြလော့။ ငါ သည်လည်းသင်တို့ထံသို့ပြန်လာမည်။'' ``သို့ ရာတွင်သင်တို့က`အထံတော်သို့ပြန်လာ နိုင်ရန်ကျွန်တော်မျိုးတို့အဘယ်သို့ပြုရ ကြပါမည်နည်း' ဟုမေးလျှောက်ကြ၏။-
သို့ရာတွင်သူတို့သည်မိမိတို့၏ခေါင်းဆောင် ကွယ်လွန်သွားသောအခါ၌မူ ဒုံရင်းသို့ပြန် လည်ဆိုက်ရောက်ကြလျက် ယခင်လူမျိုးဆက် မှလူတို့ထက်ပင်ပိုမိုဆိုးရွားစွာပြုမူကျင့် ကြံတတ်ကြ၏။ အခြားဘုရားများကိုကိုး ကွယ်ကာ မိမိတို့၏ဆိုးညစ်သည့်လမ်းစဉ်ကို လိုက်မြဲလိုက်ကြကုန်သည်။-