Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 14:13

Common Language Bible

ထို​အ​ခါ​ငါ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ ပြည်​တွင်​စစ်​မက်​အန္တ​ရာယ်၊ ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​အန္တရာယ်​ကျ​ရောက်​လိမ့်​မည်​မ​ဟုတ်။ ငြိမ်း​ချမ်း​သာ​ယာ​မှု​သာ​လျှင်​ရှိ​လိမ့်​မည်​ဟု ပ​ရော​ဖက်​များ​ဟော​ပြော​လျက်​နေ​ကြ​သည် ကို​ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏'' ဟု လျှောက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​က``ငါ​၏​လူ​မျိုး​တော်​အား​ကြို​တင် သ​တိ​ပေး​သင့်​သူ​များ​ဖြစ်​သည့်​ခေါင်း​ဆောင် တို့​သည်​မျက်​စိ​ကန်း​လျက်​နေ​ကြ​၏။ သူ​တို့ သည်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​သိ။ မ​ဟောင်​တတ် သည့်​အိမ်​စောင့်​ခွေး​များ​နှင့်​တူ​ကြ​၏။ သူ​တို့ သည်​လဲ​လျောင်း​ကာ​အိပ်​မက်​ဝင်​လျက်​သာ နေ​တတ်​ကြ​၏။ သူ​တို့​သည်​အ​လွန်​အ​အိပ် မက်​သူ​များ​ဖြစ်​ပါ​သည်​တ​ကား။-

ငါ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး သည်​အ​သက်​အ​ရွယ်​ငယ်​လွန်း​သည်​ဖြစ်​၍ အ​ဘယ်​သို့​ဟော​ပြော​ရ​မည်​ကို​မ​သိ​ပါ'' ဟု​လျှောက်​ထား​၏။

ပါ​ရှု​ရ၊ သင်​၏​အ​ဖို့​မှာ​မူ​အိမ်​သူ​အိမ်​သား​များ နှင့်​အ​တူ အ​ဖမ်း​ခံ​ရ​လျက်​ဗာ​ဗု​လုန်​မြို့​သို့ ရောက်​ရှိ​ရ​လိမ့်​မည်။ သင်​သည်​ထို​မြို့​တွင်​သေ​ရ လိမ့်​မည်။ ထို​နောက်​သင်​ဟော​ပြော​ခဲ့​သော​မု​သား စ​ကား​များ​ကို​ကြား​နာ​ခဲ့​သူ​သင်​၏​မိတ်​ဆွေ အ​ပေါင်း​နှင့်​အ​တူ​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​လိမ့် မည်' '' ဟု​မိန့်​တော်​မူ​ကြောင်း​ပါ​ရှု​ရ​အား​ဆို​၏။

သူ​တို့​သည်​ငါ​၏​စကား​ကို​နား​ထောင်​ရန်​ငြင်း ဆန်​သူ​တို့​အား`သင်​တို့​အ​ဖို့​အ​စ​စ​အ​ရာ​ရာ အ​ဆင်​ပြေ​လိမ့်​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် ဆို​သည်' ဟု​အ​ဖန်​တစ်​လဲ​လဲ​ဟော​ပြော​ကြ​၏။ ခေါင်း​မာ​သူ​အ​ပေါင်း​တို့​အား​လည်း`သင်​တို့ အ​ပေါ်​သို့​အ​ဘယ်​အ​ခါ​၌​မျှ​ဘေး​အန္တ​ရာယ် ဆိုး​သက်​ရောက်​လိမ့်​မည်​မ​ဟုတ်' ဟု​ဆို​ကြ​၏'' ဟူ​၍​မိန့်​တော်​မူ​၏။

ဗာ​ဗု​လုန်​ဘု​ရင်​သည်​အ​ရှင့်​ကို​သော်​လည်း​ကောင်း၊ ဤ​ပြည်​ကို​သော်​လည်း​ကောင်း​တိုက်​ခိုက်​လိမ့်​မည် မ​ဟုတ်​ဟု ဟော​ပြော​ခဲ့​ကြ​သည့်​အရှင်​၏​ပ​ရော ဖက်​များ​ကား​အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။-

ထို​အ​ခါ​ငါ​သည်``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ယေ​ရု​ရှ​လင်​မြို့​သား​တို့ အား​လှည့်​ဖြား​တော်​မူ​ပါ​ပြီ။ ငြိမ်း​ချမ်း​မှု ရ​ရှိ​လိမ့်​မည်​ဟု​ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​ခဲ့ သော်​လည်း ယ​ခု​အ​ခါ​သူ​တို့​၏​လည်​မျို​တွင် ဋ္ဌား​တေ့​လျက်​ရှိ​ပါ​၏'' ဟု​လျှောက်​၏။

ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် ကိုယ်​တော်​အ​ကြောင်း​ကို​မ​ဟုတ်​မ​မှန်​ပြော​ဆို​ကြ​လေ​ပြီ။ သူ​တို့​က``ကိုယ်​တော်​သည်​အ​ဘယ်​သို့​မျှ​အ​ရေး​ယူ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ငါ​တို့​သည်​လည်း​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ စစ်​မက်​အန္တ​ရာယ်​ကို​သော်​လည်း​ကောင်း၊ ငတ်​မွတ်​ခြင်း​ဘေး​ကို​သော်​လည်း​ကောင်း​ကြုံ​တွေ့​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။-

သူ​တို့​က``ပ​ရော​ဖက်​တို့​သည်​လေ​သက်​သက်​သာ​လျှင်​ဖြစ်​၍ သူ​တို့​မှာ​ဟော​ကြား​စ​ရာ​ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ သူ​တို့​ဟော​သည့်​အ​တိုင်း​သူ​တို့​၌​ဖြစ်​ပါ​စေ'' ဟု​ဆို​ကြ​၏။-

ပ​ရော​ဖက်​တို့​သည်​မှန်​သော​စ​ကား​ကို​မ​ပြော​ကြ။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပ​ရော​ဖက်​အ​မိန့်​ပေး​သည်​အ​တိုင်း​အုပ်​စိုး​ကြ​၏။ ငါ​၏​လူ​မျိုး​တော်​က​လည်း​ဤ​သို့​ပြု​ကျင့်​မှု​တို့​ကို​မ​ကန့်​ကွက်​ကြ။ သို့​ရာ​တွင်​သူ​တို့​သည်​နောက်​ဆုံး​တစ်​နေ့​၌​အ​ဘယ်​သို့​ပြု​ကြ​မည်​နည်း။

ထို​သူ​တို့​သည်​ငါ့​လူ​မျိုး​တော်​၏​အ​နာ​များ ကို​ပေါ့​ပေါ့​တန်​တန်​သ​ဘော​ထား​၍​ကု​သ ကြ​၏။ `အ​စ​စ​အ​ရာ​ရာ​အ​ဆင်​မ​ပြေ​ချိန် ၌​အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ​သည်' ဟု​ဆို​ကြ​၏။-

သူ​တို့​သည်​ငါ့​လူ​မျိုး​တော်​၏​အ​နာ​များ ကို​ပေါ့​ပေါ့​တန်​တန်​သ​ဘော​ထား​၍​ကုသ ကြ​၏။ `အ​စ​စ​အ​ရာ​ရာ​အ​ဆင်​မ​ပြေ ချိန်​၌​အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ သည်' ဟု​ဆို​ကြ​၏။-

``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​အ​တု​များ၊ မှား​ယွင်း​သော​ဗျာ​ဒိတ် များ၊ နောက်​ထပ်​မ​ပေါ်​ပေါက်​ရ။-

``သင်​တို့​သည် ငါ​မ​ညှိုး​ငယ်​စေ​လို​သော သူ​တော်​ကောင်း​တို့​အား​မု​သား​ကို​သုံး​၍ စိတ်​ပျက်​အား​လျော့​စေ​၏။ သင်​တို့​သည် ဆိုး​ညစ်​သူ​တို့​အား​အ​ကျင့်​ဆိုး​များ​ကို မ​စွန့်​လွှတ်​ကြ​စေ​ရန် အား​ပေး​အား​မြှောက် ပြု​၍​သူ​တို့​၏​အ​သက်​များ​ကို​ဆုံး​ရှုံး စေ​လေ​သည်။-

မြို့​ကို​အုပ်​ချုပ်​သူ​တို့​သည်​တံ​စိုး​လက်​ဆောင် စား​၍​အုပ်​ချုပ်​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့ သည်​အ​ခ​ကြေး​ငွေ​ယူ​၍​စီ​ရင်​ဆုံး​ဖြတ် ကြ​၏။ ပ​ရော​ဖက်​တို့​သည်​ငွေ​ယူ​၍​ဗျာ​ဒိတ် တော်​ကို​ဖွင့်​ပြ​ကြ​၏။ ထို​သူ​အ​ပေါင်း​တို့ က​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဟု​ဆို​ကြ​၏။ သူ​တို့​က``ငါ တို့​တွင်​ဘေး​ဥ​ပဒ်​မ​ရောက်​နိုင်၊ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ သည်'' ဟု​ပြော​ကြ​၏။

ဣ​သ​ရေ​လ​လူ​မျိုး​တွင်​မိစ္ဆာ​ပ​ရော​ဖက်​များ ပေါ်​ပေါက်​ခဲ့​သည်​နည်း​တူ သင်​တို့​တွင်​လည်း မိစ္ဆာ​ဆရာ​များ​ပေါ်​ပေါက်​လာ​ကြ​လိမ့်​မည်။ သူ တို့​သည်​အ​ကျိုး​ယုတ်​စေ​သော​မှား​ယွင်း​သည့် အ​ယူ​ဝါ​ဒ​များ​ကို​သင်​တို့​ထံ​သို့​ယူ​ဆောင် လာ​ပြီး​လျှင် မိ​မိ​တို့​အား​ရွေး​နှုတ်​ကယ်​တင် တော်​မူ​သော​အ​ရှင်​ကို​ပင်​လျှင်​ပစ်​ပယ်​ကြ လိမ့်​မည်။ ဤ​နည်း​အား​ဖြင့်​သူ​တို့​သည်​မိ​မိ တို့​အ​ပေါ်​တွင် ပျက်​စီး​ခြင်း​ဘေး​လျင်​မြန် စွာ​ရောက်​စေ​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ