Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 13:26

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင်​သင်​တို့ ၏​အ​ဝတ်​များ​ကို​ဆွဲ​ချွတ်​တော်​မူ​၍ သင် တို့​အား​အ​ရှက်​ကွဲ​စေ​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​ရှုတ်​ချ​ခြင်း​ကို​ခံ​ရ​ကာ​အ​ရှက်​ကွဲ လျက် အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​၍​နေ​သည်​ကို လူ​တို့​တွေ့​မြင်​ကြ​လိမ့်​မည်။ ငါ​သည်​သင့်​အား​လက်​စား​ချေ​မည်။ ငါ့​ကို​အ​ဘယ်​သူ​မျှ​ဆီး​တား​ရ​လိမ့်​မည် မ​ဟုတ်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

အ​ကယ်​၍​သင်​တို့​က``ဤ​အ​မှု​အ​ရာ​သည် အ​ဘယ်​ကြောင့်​ဖြစ်​ပျက်​ရ​ပါ​မည်​နည်း။ ငါ တို့​၏​အ​ဝတ်​များ​သည်​အ​ဘယ်​ကြောင့်​စုတ် ပြတ်​သွား​ရ​ပါ​သ​နည်း။ ငါ​တို့​သည်​အ​ဘယ် ကြောင့်​အ​နှောင့်​အ​ယှက်​ခံ​ရ​ကြ​ပါ​သ​နည်း'' ဟူ​၍​မေး​ပါ​မူ``သင်​တို့​၏​အ​ပြစ်​သည် ကြောက်​လန့်​ဖွယ်​ကောင်း​လှ​သော​ကြောင့် ဖြစ်​သည်'' ဟု​ဖြေ​ကြား​ရ​ပေ​မည်။-

သို့​ရာ​တွင်​ငါ​မူ​ကား​ဧ​သော​၏​သား​မြေး များ​ထံ​မှ​ရှိ​သ​မျှ​သော​ပစ္စည်း​ဥစ္စာ​များ ကို​ရုပ်​သိမ်း​မည်။ သူ​တို့​ဆက်​လက်​ပုန်း​အောင်း ၍​မ​နေ​နိုင်​စေ​ရန်​သူ​တို့​ပုန်း​အောင်း​ရာ​အ​ရပ် များ​ကို​ဖော်​ထုတ်​မည်။ ဧ​ဒုံ​ပြည်​သား​အ​ပေါင်း တို့​အား​ငါ​သုတ်​သင်​ပယ်​ရှား​လိုက်​လေ​ပြီ။ သူ​တို့​တစ်​စုံ​တစ်​ယောက်​မျှ​မ​ကျန်​ရှိ​ကြ တော့​ပေ။-

သူ​၏​ဂုဏ်​အ​သ​ရေ​ကင်း​မဲ့​ရ​လေ​ပြီ။ အ​ဝတ်​အ​ချည်း​စည်း​နှင့်​စက်​ဆုတ်​ရွံ​ရှာ​ဖွယ် ဖြစ်​၍​နေ​၏။ သူ​သည်​ညည်း​တွား​ကာ​ရှက်​သ​ဖြင့်​မျက်​နှာ​ကို အုပ်​၍​ထား​၏။ ယေ​ရု​ရှ​လင်​မြို့​သည်​ဆိုး​ရွား​သည့်​အ​ပြစ် ဒု​စ​ရိုက်​အား​ဖြင့်​မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း စေ​ခဲ့​၏။

ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​သင်​နှစ်​သက် သော​သင်​၏​ချစ်​သူ​များ​ကို​စု​ဝေး​စေ​ပြီး နောက် သင်​ချစ်​သူ​မုန်း​သူ​အား​လုံး​ကို​စု ဝေး​စေ​ပြီး​လျှင်​သင့်​အား​ဝန်း​ရံ​၍​နေ​စေ မည်။ ထို​နောက်​သင်​၏​အ​ဝတ်​များ​ကို​ချွတ် ၍ သင်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​နေ​ပုံ ကို​ပြ​မည်။-

သူ​တို့​သည်​သင့်​ကို​မုန်း​၍​သင်​စု​ဆောင်း​ထား သ​မျှ​သော​ပစ္စည်း​ဥစ္စာ​တို့​ကို​ယူ​၍ သင့်​အား အ​ဝတ်​အ​ချည်း​စည်း​နှင့်​ထား​ခဲ့​ကြ​လိမ့်​မည်။ သင့်​အား​အ​ဝတ်​အ​ချည်း​စည်း​ရှိ​သူ​ပြည့် တန်​ဆာ​ကဲ့​သို့​ဖြစ်​စေ​ကြ​လိမ့်​မည်။ သင်​သည် တ​ဏှာ​ရာ​ဂ​စိတ်​ရှိ​မှု​ကြောင့်၊ ပြည့်​တန်​ဆာ အ​လုပ်​ကို​လုပ်​ကိုင်​မှု​ကြောင့်၊-

ငါ​သည်​သူ​၏​ချစ်​သူ​များ​ရှေ့​တွင်​သူ​၏ အ​ဝတ်​ရှိ​သ​မျှ​ကို​ချွတ်​ပစ်​မည်။ ငါ​၏​လက် တွင်း​မှ​သူ့​အား​မည်​သူ​မျှ​မ​ကယ်​နိုင်။-

သူ​၏​ချစ်​သူ​များ​က​သူ့​အား​လက်​ဆောင် အ​ဖြစ်​ပေး​သည်​ဟု​ဆို​သော​စ​ပျစ်​ပင်​နှင့် သ​ဖန်း​ပင်​များ​ကို​ငါ​ဖျက်​ဆီး​မည်။ ငါ​သည် သူ​၏​စ​ပျစ်​ခြံ​နှင့်​သစ်​သီး​ခြံ​တို့​ကို​သား​ရဲ များ​ကိုက်​ဖြတ်​ဖျက်​ဆီး​သ​ဖြင့် ချုံ​နွယ်​ပိတ် ပေါင်း​ထူ​သော​အ​ရပ်​ဖြစ်​စေ​မည်။-

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​က ``အို နိ​နေ​ဝေ​မြို့​ငါ​သည်​သင့်​ကို​အ​ပြစ်​ဒဏ် ခတ်​မည်။ အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​စေ​၍၊လူ​မျိုး​တ​ကာ တို့​အား ရှု​ကြည့်​ခွင့်​ပေး​မည်။ သင်​အ​ရှက်​ကွဲ​သည်​ကို​နိုင်​ငံ​များ တွေ့​မြင်​ရ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ