Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 13:13

Common Language Bible

ထို​အ​ခါ​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ် အ​နွယ်​ဝင်​ဘု​ရင်​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား များ​မှ​စ​၍ ယေ​ရု​ရှ​လင်​မြို့​ရှိ​ပြည်​သူ ပြည်​သား​အ​ပေါင်း​မူး​ယစ်​စေ​ရန် စ​ပျစ် ရည်​တိုက်​မည်​ဟု​သူ​တို့​အား​ပြော​ကြား လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အား အ​တိ​ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​အား​သေ​သောက်​ကူး သူ​များ​သ​ဖွယ်​ယိမ်း​ယိုင်​စေ​တော်​မူ​ပါ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​တော်​တည်း​ဟူ​သော အ​လွန်​ပြင်း​သည့်​စ​ပျစ်​ရည်​ထည့်​ထား​သော ခွက်​ဖ​လား​ကို​လက်​တော်​တွင်​ကိုင်​ထား​တော်​မူ​၏။ ထို​စ​ပျစ်​ရည်​ကို​ကိုယ်​တော်​လောင်း​ချ တော်​မူ​သော​အ​ခါ သူ​ယုတ်​မာ​အ​ပေါင်း​တို့​သည်​သောက်​ကြ​ကုန်​၏။ သူ​တို့​သည်​တစ်​စက်​မျှ​မ​ကျန်​အောင်​သောက် ကြ​ကုန်​၏။

သင်​တို့​သည်​အ​သိ​ဉာဏ်​တုံး​လျက်​ပင်​ရှိ​နေ ကြ​လော့။ မျက်​စိ​ကန်း​၍​နေ​ကြ​လော့။ စ​ပျစ် ရည်​မ​သောက်​ဘဲ​ယစ်​မူး​ကြ​လော့။ တစ်​စက်​မျှ ပင်​မ​သောက်​ဘဲ​ယိမ်း​ထိုး​၍​နေ​ကြ​လော့။-

ငါ​သည်​သင့်​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သူ​တို့​အား အ​ချင်း​ချင်း​သတ်​ဖြတ်​စေ​မည်။ ထို​အ​ခါ​ငါ​သည်​သင်​တို့​ကို​ကယ်​တင်​ရွေး​နုတ် တော်​မူ​သော​အ​ရှင်၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​လူ​အ​ပေါင်း​တို့ သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​တန်​ခိုး တော်​ရှင် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ကို သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ၏။

အို ယေ​ရု​ရှ​လင်​မြို့၊နိုး​ထ​လော့။ မိ​မိ​ကိုယ်​ကို​နှိုး​၍​ထ​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​ထွက်​သ​ဖြင့် သင့်​အား​ပေး​တော်​မူ​သော၊ခွက်​ဖ​လား​မှ​အ​ပြစ် ဒဏ် စ​ပျစ်​ရည်​ကို​သင်​သည်​သောက်​သုံး​ခဲ့​လေ​ပြီ။ ယင်း​ကို​သောက်​သုံး​သ​ဖြင့်​ယိမ်း​ယိုင်​လျက်​နေ​ခဲ့​၏။

ဒုက္ခ​ရောက်​လျက်​နေ​သော​အ​ချင်း​ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​တို့၊ သေ​သောက်​ကြူး​သ​ဖွယ် ယိမ်း​ယိုင်​လျက်​နေ​ကြ​သူ​တို့၊

ငါ​သည်​မိ​မိ​၏​အ​မျက်​ဒေါ​သ​အ​လျောက် လူ​မျိုး​တ​ကာ​တို့​ကို​နှိမ်​နင်း​ချေ​မှုန်း​ခဲ့​၏။ သူ​တို့​၏​သွေး​ကို​မြေ​ပေါ်​သို့​သွန်း​လောင်း ခဲ့​၏'' ဟု​မိန့်​တော်​မူ​၏။

ဣ​သ​ရေ​လ​လူ​မျိုး​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​ယေ​ရ​မိ၊ စ​ပျစ် ရည်​အိုး​မှန်​သ​မျှ​ကို​စ​ပျစ်​ရည်​ဖြည့်​ရ​ကြ မည်​ဟု ဣ​သ​ရေ​လ​ပြည်​သား​တို့​အား​ပြော ကြား​ရ​မည်။ သူ​တို့​က​စ​ပျစ်​ရည်​အိုး​ရှိ သ​မျှ​ကို​စ​ပျစ်​ရည်​ဖြည့်​ရ​မည်​ဖြစ်​ကြောင်း မိ​မိ​တို့​သိ​ပါ​သည်​ဟု​ပြန်​ပြော​ကြ​လိမ့် မည်။-

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်၊ အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့​အား​မူး ယစ်​အော့​အန်​သည့်​တိုင်​အောင်၊ သူ​တို့​ထံ​သို့​ငါ စေ​လွှတ်​သည့်​စစ်​မက်​အန္တ​ရာယ်​ကြောင့်​ပြို​လဲ​၍ မ​ထ​နိုင်​သည့်​တိုင်​အောင်​အ​မျက်​တော်​ရည် ကို​သောက်​ကြ​ရန်​မိန့်​တော်​မူ​ကြောင်း​ဆင့် ဆို​လော့။-

ငါ​သည်​ဖျက်​ဆီး​ရန်​လုပ်​ငန်း​ကို​ငါ​၏​နာ​မ တော်​ကို​ဆောင်​သော​မြို့​တော်​မှ​အ​စ​ပြု​မည်။ ထို​မြို့​သား​တို့​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ တော့​မည်​မ​ဟုတ်​ဟု​ထင်​မှတ်​ကြ​သ​လော။ ငါ​သည်​ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့ ထံ​သို့​စစ်​မက်​အန္တ​ရာယ်​ကို​စေ​လွှတ်​မည် ဖြစ်​၍ သူ​တို့​သည်​အ​မှန်​ပင်​အ​ပြစ်​ဒဏ်​ခံ ရ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။

ထို​မြို့​၏​စီ​မံ​အုပ်​ချုပ်​သူ​များ၊ပ​ညာ​ရှိ​များ၊ ခေါင်း​ဆောင်​များ​နှင့်​စစ်​သည်​တပ်​သား​များ အား ငါ​မူး​ယစ်​စေ​မည်။ သူ​တို့​သည်​အိပ်​ပျော်​သွား​ပြီး​လျှင် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​နိုး​ထ​ကြ​လိမ့်​မည် မဟုတ်။ ဤ​ကား​ငါ​ဘု​ရင်​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။ ငါ​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​သ​တည်း။

ဗာ​ဗု​လုန်​မြို့​သည်​ငါ​ကိုင်​၍​ထား​သည့်​ရွှေ ဖ​လား၊ ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​မူး​ယစ်​စေ​သည့် စ​ပျစ်​ရည်​ခွက်​ဖ​လား​နှင့်​တူ​၏။ လူ​မျိုး တ​ကာ​တို့​သည်​ထို​ခွက်​ဖ​လား​မှ​စ​ပျစ် ရည်​ကို​သောက်​၍​ရူး​သွတ်​ကြ​ကုန်​၏။-

သင်​တို့​သည်​ဂုဏ်​အ​သ​ရေ​ရှိ​မှု​အ​စား၊ အ​ရှက်​% ရ​ရန်​အ​လှည့်​ကြုံ​လိမ့်​မည်။ သင်​တို့​ကိုယ်​တိုင်​ပင်​% မူး​ယစ်​ကာ​အ​ရှက်​မဲ့​၍​နေ​လိမ့်​မည်။ ထာ​ဝ​ရ​% ဘု​ရား​သည်​သင်​တို့​အား အ​ပြစ်​ဒဏ်​စ​ပျစ်​% ရည်​ကို​ပင်​လျှင် ပြန်​၍​သောက်​စေ​တော်​မူ​လျက် % သင်​တို့​ဂုဏ်​အ​သ​ရေ​ရှိ​မှု​ကို​အ​ရှက်​ရ​မှု​% အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​တော်​မူ​လိမ့်​မည်။-%




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ