Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 12:8

Common Language Bible

ငါ​ရွေး​ချယ်​ထား​သည့်​ငါ​၏​အ​မွေ​ခံ​တို့​သည် တော​တွင်း​မှ​ခြင်္သေ့​ကဲ့​သို့​ငါ့​ကို​တော်​လှန်​ကြ လေ​ပြီ။ သူ​တို့​သည်​ငါ့​ကို​ဟိန်း​ဟောက်​ကြ​သ​ဖြင့် ငါ​သည်​သူ​တို့​ကို​မုန်း​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ကို​ပုန်​ကန် ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ကို​ပစ်​ပယ်​ကာ​နောက် တော်​သို့​လိုက်​ရန်​ငြင်း​ဆန်​ခဲ့​ကြ​ပါ​၏။ ကျွန် တော်​မျိုး​တို့​သည်​သူ​တစ်​ပါး​တို့​အား​နှိပ်​စက် ညှင်း​ဆဲ​၍​ကိုယ်​တော်​ရှင်​ကို​လည်း​ပုန်​ကန်​ကြ ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​၏​အ​ကြံ​အ​စည် များ​သည်​မူ​မ​မှန်​ပါ။ ကျွန်​တော်​မျိုး​တို့​၏ စ​ကား​များ​သည်​လည်း​မု​သား​ဖြစ်​ပါ​၏။-

ရန်​သူ​များ​သည်​သူ့​အား​ခြင်္သေ့​ကဲ့​သို့​ဟောက် ကြ​၏။ သူ​၏​ပြည်​ကို​ခြောက်​သွေ့​စေ​ကြ​၏။ သူ​၏​မြို့​များ​သည်​ယို​ယွင်း​ပျက်​စီး​ကာ လူ​သူ​ဆိတ်​ညံ​လျက်​ရှိ​၏။

ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​ခြင်္သေ့​များ ကဲ့​သို့​ဟောက်​ကြ​၏။ ခြင်္သေ့​ငယ်​များ​ကဲ့​သို့ ဟိန်း​ကြ​၏။-

သူ​သည်​အ​များ​ပြည်​သူ​တို့​ရှေ့​၌​အ​ဝတ် အ​ချည်း​စည်း​နှင့်​နေ​၍ လူ​တိုင်း​အား​မိ​မိ သည်​ပြည့်​တန်​ဆာ​ဖြစ်​ကြောင်း​ကို​သိ​စေ​၏။ ငါ​သည်​သူ​၏​အစ်​မ​ကို​စက်​ဆုပ်​သ​ကဲ့​သို့ သူ့​ကို​လည်း​စက်​ဆုပ်​၏။-

ထာ​ဝ​ရ​ဘု​ရား​က``သူ​တို့​သည်​ဂိ​လ​ဂါ​လ မြို့​တွင်​ဒု​စ​ရိုက်​များ​ကို​စ​တင်​ကူး​လွန် ကြ​သ​ဖြင့် ထို​အ​ချိန်​မှ​စ​၍​ငါ​သည်​သူ တို့​ကို​မုန်း​တီး​၏။ သူ​တို့​ကူး​လွန်​ခဲ့​သော ဒု​စ​ရိုက်​အ​ပြစ်​ကြောင့်​ငါ​၏​ပြည်​မှ​သူ တို့​ကို​နှင်​ထုတ်​မည်။ ငါ​သည်​သူ​တို့​အား မ​ချစ်​တော့​ပြီ။ သူ​တို့​၏​ခေါင်း​ဆောင် အ​ပေါင်း​သည်​ငါ့​အား​ပုန်​ကန်​ခဲ့​ကြ​၏။-

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​က``ဣ​သ​ရေ​လ​၏​မာ​န​ကို​ငါ​ရွံ​ရှာ ၏။ သူ​တို့​စည်း​စိမ်​ခံ​ရာ​အိမ်​ကြီး​များ​ကို လည်း​ငါ​စက်​ဆုတ်​၏။ သူ​တို့​မြို့​တော်​နှင့်​မြို့ တွင်း​ရှိ​အ​ရာ​အား​လုံး​ကို ရန်​သူ့​လက်​သို့ ငါ​ပေး​အပ်​လိုက်​မည်'' ဟု​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​အ​လေး​အ​နက်​ကျိန်​ဆို​သ​တိ ပေး​တော်​မူ​ပြီ။

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည် ငါ​၏​လူ​မျိုး​တော်​ကို​ရန်​သူ​သ​ဖွယ်​တိုက် ခိုက်​ကြ​၏။ လုံ​ခြုံ​မှု​ရှိ​ရာ​နေ​အိမ်​သို့​စစ် ပွဲ​မှ​ပြန်​လာ​သူ​တို့​၏ အ​ပေါ်​ရုံ​အင်္ကျီ​ကို သင်​တို့​ချွတ်​ယူ​ကြ​၏။-

ငါ​သည်​မိ​မိ​အား​မုန်း​သည့်​သိုး​ထိန်း​သုံး ယောက်​ကို​သည်း​မ​ခံ​နိုင်​သ​ဖြင့် သူ​တို့ အား​တစ်​လ​တည်း​တွင်​ဖယ်​ရှား​ပစ်​လိုက်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ