Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 11:5

Common Language Bible

ထို​နောက်​ယ​ခု​သူ​တို့​နေ​ထိုင်​လျက်​ရှိ​ရာ​နို့ နှင့်​ပျား​ရည်​စီး​သည့်​ပြည်​ကို သူ​တို့​၏​ဘိုး ဘေး​များ​အား​ပေး​အပ်​ရန်​ငါ​ပြု​ခဲ့​သည့် သစ္စာ​က​တိ​ကို​လည်း​တည်​စေ​မည်​ဖြစ် ကြောင်း​သူ​တို့​အား​ငါ​ပြော​ကြား​ခဲ့​၏။ ငါ​က``မှန်​လှ​ပါ၊ အို ထာ​ဝ​ရ​ဘု​ရား'' ဟု လျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အို ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​အ​စေ​ခံ၊ အ​ကျွန်ုပ် ၏​ခ​မည်း​တော်​ဒါ​ဝိဒ်​အား​က​တိ​ထား​တော်​မူ သ​မျှ​တို့​ကို​ယ​ခု​ဖြစ်​ပွား​စေ​တော်​မူ​ပါ။''

ကိုယ်​တော်​သည်​မိ​မိ​၏​ပ​ဋိ​ညာဉ်​တော်​ကို ထာ​ဝ​စဉ် ခိုင်​မြဲ​စေ​တော်​မူ​လိမ့်​မည်။ က​တိ​တော်​များ​ကို​လူ​မျိုး​ဆက်​တစ်​ထောင် တိုင်​အောင်​တည်​စေ​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​ခါ​နန်​အ​မျိုး​သား၊ ဟိတ္တိ အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ဟိ​ဝိ အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့​နေ​ထိုင် ရာ​ပြည်​ကို သင်​တို့​အား​ပေး​မည်​ဟု​သင်​တို့​၏ ဘိုး​ဘေး​တို့​ကို​ခိုင်​မြဲ​သော​သစ္စာ​က​တိ​ထား တော်​မူ​ခဲ့​၏။ ကိုယ်​တော်​ပို့​ဆောင်​၍​သင်​တို့​သည် အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍​မြေ​သြ​ဇာ​ထက် သန်​သော​ပြည်​သို့​ရောက်​ရှိ​သော​အ​ခါ နှစ်​စဉ် ပ​ထ​မ​လ​တွင်​ဤ​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။-

ဤ​မြို့​နှင့်​ဤ​မြို့​တွင်​နေ​ထိုင်​သူ​တို့​ကို တော​ဖက်​မြို့​ကဲ့​သို့​ဖြစ်​စေ​မည်'' ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။-

``သင်​ပြော​သည့်​အ​တိုင်း​ပင်​ဖြစ်​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​အ​တိုင်း​ပင်​ပြု​တော် မူ​လိမ့်​မည်​ဟု​လည်း​ငါ​မျှော်​လင့်​ပါ​၏။ ကိုယ် တော်​သည်​သင်​၏​ဟော​ကြား​ချက်​များ​ကို အ​ကောင်​အ​ထည်​ပေါ်​စေ​တော်​မူ​လိမ့်​မည် ဟူ​၍​လည်း​ကောင်း၊ ဗာ​ဗု​လုန်​မြို့​သို့​သိမ်း ယူ​သွား​သော​ဗိ​မာန်​တော်​ဘဏ္ဍာ​များ​နှင့် သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး​သွား​သည့်​သူ အ​ပေါင်း​တို့​အား ပြန်​လည်​ခေါ်​ဆောင်​လာ တော်​မူ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း​ငါ မျှော်​လင့်​ပါ​၏။-

ကိုယ်​တော်​ရှင်​သည် သူ​တို့​၏​ဘိုး​ဘေး​များ အား​ကတိ​ထား​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ချမ်း သာ​ကြွယ်​ဝ​၍ အ​သီး​အ​နှံ​ပေါ​များ​သည့် ဤ​ပြည်​တော်​ကို​သူ​တို့​အား​ပေး​အပ်​တော် မူ​ပါ​၏။-

အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍​မြေ​သြ​ဇာ​ထက်​သန်​သော​ထို​ပြည်​ကို သင်​တို့​ပိုင်​ဆိုင်​ရန်​ငါ​ပေး​မည်​ဟု​က​တိ​ထား​သည့်​အ​တိုင်း​ငါ​ပြု​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​ဖြစ်​၍ သင်​တို့​သည်​အ​ခြား​လူ​မျိုး​များ​နှင့်​မ​တူ​ငါ​သီး​သန့်​ရွေး​ချယ်​ထား​သော​လူ​မျိုး​ဖြစ်​၏။-

အ​ကျွန်ုပ်​တို့​အား​ကြီး​မား​သော​စုံ​စမ်း သွေး​ဆောင်​ခြင်း​ကို​ခံ​စေ​တော်​မ​မူ​ဘဲ၊ စာ​တန်​မာရ်​နတ်​ဘေး​ရန်​မှ​ကာ​ကွယ်​တော်​မူ​ပါ' ဟူ​၍​ဆု​တောင်း​ကြ​လော့။

သင်​တို့​သည်​စိတ်​နှ​လုံး​အား​ဖြင့်​သာ​လျှင် ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍​ဆု​တောင်း ပတ္ထနာ​ပြု​ကြ​ပါ​မူ ပ​ရိ​သတ်​ဝတ်​ပြု​ခြင်း​၌​သာ​မန် လူ​တစ်​ယောက်​သည် သင်​တို့​ပြော​ဆို​သ​မျှ​စကား များ​ကို​နား​မ​လည်​နိုင်​သ​ဖြင့် အ​ဘယ်​သို့​လျှင် သင်​တို့​၏​ဆု​တောင်း​ပတ္ထနာ​ကို ``အာ​မင်'' ဟု​ဝန်​ခံ နိုင်​မည်​နည်း။-

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထို​ပညတ်​တော် များ​ကို​စောင့်​ထိန်း​လော့။ ထို​သို့​ပြု​လျှင်​ဘိုး ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည်​အ​တိုင်း သင်​တို့​သည်​ကြွယ်​ဝ ကောင်း​စား​၍​အင်​အား​ကြီး​သော​လူ​မျိုး​ဖြစ် လာ​လိမ့်​မည်။ အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော ပြည်​တွင်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။''




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ