Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 11:16

Common Language Bible

အ​ခါ​တစ်​ပါး​က​ထာ​ဝ​ရ​ဘု​ရား​သည်​ထို သူ​တို့​အား​အ​ရွက်​များ​ဖြင့်​စိမ်း​လန်း​ဝေ​ဆာ ၍ လှ​ပ​သော​အ​သီး​များ​နှင့်​ပြည့်​နှက်​လျက် ရှိ​သည့်​သံ​လွင်​ပင်​ဟု​ခေါ်​ဆို​သ​မုတ်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​သူ​သည်​မိုး​ကြိုး သံ​နှင့်​တူ​သော​အ​သံ​ဖြင့် ထို​အ​ပင်​အ​ရွက် များ​ကို​မီး​ရှို့​၍​အ​ကိုင်း​အ​ခက်​များ​ကို ချိုး​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သူသည် နေပူမှာစိမ်းလန်းလျက်၊အခက်အလက် အားဖြင့် မိမိဥယျာဉ်ကို နှံ့ပြားလျက်၊

ငါ​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​အ​နီး​တွင် ပေါက်​သည့်​သံ​လွင်​ပင်​နှင့်​တူ​၏။ ငါ​သည်​ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​ကို ကာ​လ​အ​စဉ်​အ​မြဲ​ကိုး​စား​၏။

ကျွန်​တော်​မျိုး​တို့​၏​ရန်​သူ​များ​သည်​ထို​အ​ပင်​ကို မီး​ရှို့​ခုတ်​လှဲ​ကြ​ပါ​ပြီ။ ထို​သူ​တို့​ကို​အ​မျက်​တော်​နှင့်​ကြည့်​တော် မူ​၍ သုတ်​သင်​ဖျက်​ဆီး​တော်​မူ​ပါ။

ကိုယ်​တော်​ရှင်​ရွေး​ချယ်​တော်​မူ​သော​လူ​စု၊ အင်​အား​ကြီး​မား​အောင် ကိုယ်​တော်​ရှင်​ပြု​စု​တော်​မူ​သည့်​လူ​မျိုး​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​ပါ။

ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​သောင်း ကျန်း ထ​ကြွ​လျက်​နေ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ကို​မုန်း​သော​သူ​တို့​သည် တော်​လှန်​ပုန်​ကန်​လျက်​နေ​ကြ​ပါ​၏။

သစ်​ပင်​များ​မှ​အ​ကိုင်း​အ​ခက်​တို့​သည်​ကျိုး ကျ​ခြောက်​သွေ့​လျက်​ရှိ​သ​ဖြင့် အ​မျိုး​သ​မီး များ​သည်​လာ​၍​ထင်း​ခွေ​ကြ​လေ​သည်။ လူ​တို့ သည်​အ​သိ​တ​ရား​မ​ရှိ​ကြ​သ​ဖြင့် သူ​တို့​၏ ဖန်​ဆင်း​တော်​မူ​ရှင်​ဘု​ရား​သ​ခင်​သည်​သူ​တို့ အား​သ​နား​ကြင်​နာ​က​ရု​ဏာ​ထား​တော်​မူ လိမ့်​မည်​မ​ဟုတ်။

ငါ​သည်​လက်​ရွေး​စင်​မျိုး​စေ့​မှ​စ​ပျစ်​နွယ်​ကို ငါ​စိုက်​ပျိုး​ခဲ့​၏။ သို့​ရာ​တွင်​သင်​အ​ဘယ်​သို့​ဖြစ်​လာ​ကြ သည်​ကို​ကြည့်​ရှု​လော့။ သင်​သည်​ပုပ်​၍​အ​သုံး​မ​ဝင်​သည့်​စ​ပျစ်​ပင်​နှင့် တူ​နေ​ပါ​သည်​တ​ကား။

သို့​ရာ​တွင်​ငါ​သည်​သင်​ပြု​ခဲ့​သည့်​အ​မှု များ​အ​တွက်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည်။ ငါ​သည်​သင်​၏​နန်း​တော်​ကို​မီး​သင့်​လောင် စေ​မည်။ ထို​မီး​သည်​နီး​နား​ပတ်​လည်​တွင်​ရှိ သ​မျှ​သော​အ​ရာ​တို့​ကို​ကျွမ်း​လောင်​သွား​စေ လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက် ဟ​သည့်​စကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ပြင်း​ထန်​သော​အ​မျက်​တော်​ကို ဤ ဗိ​မာန်​ပေါ်​သို့​သွန်း​လောင်း​မည်။ လူ​များ​နှင့် တိ​ရစ္ဆာန်​များ​အ​ပေါ်​သို့​လည်း​ကောင်း၊ သစ်​ပင် များ​နှင့်​အ​သီး​အ​နှံ​များ​အ​ပေါ်​သို့​လည်း ကောင်း​ငါ​သွန်း​လောင်း​မည်။ ငါ​၏​အ​မျက် တော်​သည်​အ​ဘယ်​သူ​မျှ​မ​ငြိမ်း​မ​သတ် နိုင်​သည့်​မီး​နှင့်​တူ​၏။

သူ​တို့​သည်​အ​ဖူး​အ​ညွှန့်​တို့​ဖြင့်​ဝေ​ဆာ​၍၊ သံ​လွင်​ပင်​ကဲ့​သို့​လှ​ပ​တင့်​တယ်​လိမ့်​မည်။ လေ​ဗ​နုန်​တော​မှ​အာ​ရဇ်​ပင်​ကဲ့​သို့ အ​နံ့​သင်း​ကြိုင်​လိမ့်​မည်။

သစ်​ပင်​များ​အား​အ​မြစ်​ရင်း​မှ​ခုတ်​လှဲ​ပစ်​ရန် ပု​ဆိန်​ကို​အ​သင့်​ထား​ရှိ​ပြီ​ဖြစ်​၍ အ​သီး​ကောင်း ကို​မ​သီး​သည့်​အ​ပင်​ဟူ​သ​မျှ​သည်​ခုတ်​လှဲ​၍ မီး​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​လိမ့်​မည်။-

ငါ​၌​မ​တည်​နေ​သော​သူ​သည်​အ​ပြင်​သို့​ပစ် ထုတ်​ခြင်း​ကို​ခံ​ရ​၍ ခြောက်​သွေ့​သွား​သည့် အ​ကိုင်း​အ​ခက်​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ လူ​တို့ သည်​ထို​သို့​သော​အ​ကိုင်း​အ​ခက်​များ​ကို စု​သိမ်း​၍​မီး​ရှို့​တတ်​ကြ​၏။-

သင်​တို့​နေ​ထိုင်​ရာ​ပြည်​တွင်​သံ​လွင်​ပင်​များ အ​နှံ့​အ​ပြား​ပေါက်​လျက်​ရှိ​မည်​ဖြစ်​သော် လည်း အ​သီး​များ​ကြွေ​ကျ​ကုန်​သ​ဖြင့်​သင် တို့​သည်​သံ​လွင်​သီး​ကို​မ​ရ​နိုင်။-

ထို​သက်​သေ​ခံ​နှစ်​ပါး​ကား​ကမ္ဘာ​မြေ​ကြီး ကို​စိုး​ပိုင်​တော်​မူ​သော​အ​ရှင်​၏​ရှေ့​တော်​၌ ရှိ​သော​သံ​လွင်​ပင်​နှစ်​ပင်​နှင့်​မီး​ခွက်​နှစ် လုံး​တို့​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ