Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 11:12

Common Language Bible

ထို​အ​ခါ​ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည် မိ​မိ​တို့​ယဇ် ပူ​ဇော်​သည့်​ဘု​ရား​များ​ထံ​သို့​ဟစ်​အော်​ကာ အ​ကူ​အ​ညီ​တောင်း​ခံ​ကြ​လိမ့်​မည်။ သို့​ရာ တွင်​ထို​ဘု​ရား​တို့​သည်​ဘေး​အန္တ​ရာယ်​ကျ ရောက်​လာ​ချိန်​၌​ကူ​မ​နိုင်​ကြ​လိမ့်​မည်​မ ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဤ​သို့​အာ​ခတ်​မင်း​သည်​အ​ခြေ​အ​နေ အ​ဆိုး​ရွား​ဆုံး​အ​ချိန်​၌ ထာ​ဝရ​ဘု​ရား အား​ယ​ခင်​က​ထက်​ပို​၍​ပြစ်​မှား​လေ​သည်။-

ထာ​ဝ​ရ​ဘု​ရား​က၊ ``လူ​မျိုး​တ​ကာ​တို့​လာ​ရောက်​စု​ဝေး​ကြ​လော့။ ဧ​က​ရာဇ်​နိုင်​ငံ​ကျ​ဆုံး​ပြီး​နောက်​အ​သက် မ​သေ​ဘဲ ကျန်​ရှိ​နေ​သူ​အ​ပေါင်း​တို့၊ အ​ချင်း​အ​သိ​ပ​ညာ​ကင်း​မဲ့​သူ​တို့၊ မိ​မိ​တို့​၏​သစ်​သား​ရုပ်​တု​များ​ကို ခင်း​ကျင်း​ပြ​သ​ကာ၊ ကယ်​တင်​နိုင်​စွမ်း​မ​ရှိ​သည့်​ဘု​ရား​များ​ထံ​တွင် ဆု​တောင်း​ပတ္ထ​နာ​ပြု​သူ​တို့၊ တ​ရား​ဆိုင်​ရန်​လာ​ရောက်​ကြ​လော့။

သူ​တို့​သည်​ထို​ဘု​ရား​ကို​ပ​ခုံး​ထက်​တွင် ထမ်း​၍ ဆောင်​ယူ​ကာ​နေ​ရာ​ချထား​၏။ ဘု​ရား​သည်​လည်း​မိ​မိ​တည်​ရှိ​သည့် နေ​ရာ​မှ မ​ရွေ့​မ​လျား​နိုင်​ရပ်​လျက်​သာ​နေ​၏။ အ​ကယ်​၍​သူ့​အား​တစ်​စုံ​တစ်​ယောက်​သော သူ​က ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​မူ​သူ​သည်​အ​ဖြေ မ​ပေး​နိုင်။ ထို​သူ့​အား​ဘေး​အန္တရာယ်​မှ​လည်း​မ​ကယ်​နိုင်။

သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​မူ​ကား​ငါ့​ကို မေ့​လျော့​ကြ​လေ​ပြီ။ သူ​တို့​သည်​တန်​ဖိုး​မ​ရှိ​သော​ရုပ်​တု​များ​အား နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​လိုက်​သင့်​သော​လမ်း​တွင် ခြေ​ချော်​၍​လဲ​ကြ​လေ​ပြီ။ လမ်း​ဟောင်း​ကို​မ​လိုက်​ကြ​တော့​ပေ။ သူ​တို့​သည်​အ​မှတ်​အ​သား​ပြ​မ​ထား​သည့် မ​တည်​ဆောက်​ရ​သေး​သော​လမ်း​များ​ကို​လိုက် ကြ​၏။

``မိ​မိ​တို့​အ​တွက်​သင်​တို့​ပြု​လုပ်​ထား​သည့် ဘု​ရား​များ​ကား​အ​ဘယ်​မှာ​နည်း။ သင်​တို့​ဒုက္ခ ရောက်​ချိန်​ထို​ဘု​ရား​များ​ကယ်​နိုင်​လျှင်​ကယ် စေ​ကြ​လော့။ အို ယု​ဒ​ပြည်၊ သင်​၏​မြို့​တို့​သည် များ​ပြား​သ​ကဲ့​သို့ သင်​ပြု​လုပ်​သော​ဘု​ရား တို့​သည်​လည်း​များ​ပြား​လှ​ပါ​သည်​တ​ကား။-

သင်​တို့​နေ​ထိုင်​ရန်​လာ​ရောက်​သည့်​ဤ​အီ​ဂျစ် ပြည်​တွင် သင်​တို့​သည်​ရုပ်​တု​များ​အား​ဖြင့် လည်း​ကောင်း၊ အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု ရှိ​ခိုး​ခြင်း​အား​ဖြင့်​လည်း​ကောင်း အ​ဘယ် ကြောင့်​ငါ​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ကြ သ​နည်း။ သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​တိုင်​ဆုံး ပါး​ပျက်​စီး​စေ​၍​ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​မျိုး တ​ကာ​တို့​ကဲ့​ရဲ့​စ​ရာ၊ ပြက်​ရယ်​ပြု​စ​ရာ ဖြစ်​လာ​ကြ​လိမ့်​မည်။-

ထို​အ​ခါ​ထာ​ဝရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး တော်​အား `သင်​တို့​ယုံ​ကြည်​ကိုး​စား​ရာ၊တန်​ခိုး​ကြီး​သော ဘု​ရား​များ​အ​ဘယ်​မှာ​ရှိ​သ​နည်း။

သင်​တို့​သည်​ထို​ဘု​ရား​များ​အား​ယဇ်​ကောင် မှ​အ​ဆီ အ​ဥ​နှင့်​စ​ပျစ်​ရည်​ကို​ပူ​ဇော်​ဆက်​သ​ခဲ့​ကြ​ပြီ။ ထို​ဘု​ရား​များ​သည်​ယ​ခု​ကြွ​လာ​၍​သင်​တို့ အား ကူ​မ​ပါ​လေ​စေ။ အ​မြန်​ကြွ​လာ​၍​ကယ်​တင်​ပါ​လေ​စေ။

သင်​တို့​ရွေး​ချယ်​ထား​သည့်​အ​ခြား​ဘု​ရား များ​ထံ​သို့​သွား​၍​အော်​ဟစ်​ကြ​လော့။ သင် တို့​ဒုက္ခ​ရောက်​ရာ​ကာ​လ​၌​ထို​ဘု​ရား​တို့ သည်​သင်​တို့​အား​ကယ်​ဆယ်​ပါ​လေ​စေ။''




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ