ယေရမိ 10:11Common Language Bible(အချင်းလူတို့၊ ကမ္ဘာမြေကြီးနှင့်မိုးကောင်းကင် ကိုမဖန်ဆင်းသည့်ဘုရားများသည်မိုးကောင်း ကင်အောက်မှလည်းကောင်း၊ ကမ္ဘာမြေကြီးပေါ်မှ လည်းကောင်းကွယ်ပျောက်မည်ဖြစ်ကြောင်းထို သူတို့အားပြောကြားရကြမည်။) အခန်းကိုကြည့်ပါ။ |
ငါသည်အီဂျစ်ဘုရားဝတ်ကျောင်းများကို မီးရှို့မည်။ ဗာဗုလုန်ဘုရင်အားထိုဝတ်ကျောင်း များမှဘုရားတို့ကိုမီးရှို့စေမည်။ သို့မဟုတ် လျှင်လည်းသိမ်းယူသွားစေမည်။ သိုးထိန်းသည် မိမိ၏အဝတ်မှသန်းများကိုကုန်စင်အောင် ရှာသကဲ့သို့ ဗာဗုလုန်ဘုရင်သည်ဤပြည် မှပစ္စည်းဥစ္စာများကိုအကုန်အစင်ရှာ၍ ယူပြီးလျှင်အောင်မြင်စွာထွက်ခွာသွား လိမ့်မည်။-
``ဗာဗုလုန်မြို့သည်ကျဆုံးလေပြီ။ ထိုမြို့ ၏မေရောဒပ် ဘုရားသည်လည်းကျိုးပဲ့ကြေမွ၍သွားလေပြီ။ ဗာဗုလုန်မြို့ရှိစက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် ရုပ်တုများသည် အရှက်ကွဲလျက်ချေမှုန်းခြင်းကိုခံရကြပါသည် တကား။ ဤသတင်းကိုထိုလူမျိုးတကာတို့အား ပြောကြားကြေညာလော့။ အချက်ပြအလံဟူ၍ကြော်ငြာလော့။ ထိုသတင်းကိုလျှို့ဝှက်၍မထားနှင့်။
ထိုအခါငါသည်ဤပြည်တွင်ရှိသည့် ရုပ်တုတို့၏နာမည်နာမများကို သုတ်သင် ပယ်ရှင်းမည်ဖြစ်၍ယင်းတို့ကိုနောက်တစ် ဖန်အဘယ်သူမျှအမှတ်ရကြတော့မည် မဟုတ်။ မိမိကိုယ်ကိုပရောဖက်ဖြစ်သည် ဟုဆိုသောသူမှန်သမျှကို ငါဖျောက်ဖျက် ပစ်မည်။ ရုပ်တုဝတ်ပြုကိုးကွယ်လိုသည့် ဆန္ဒကိုလည်းဖယ်ရှားပစ်မည်။-