Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 1:17

Common Language Bible

သင်​သည်​ရဲ​ဝံ့​စွာ​သွား​၍​ထို​သူ​တို့​အား ငါ​မိန့် မှာ​တော်​မူ​သ​မျှ​ကို​ပြော​ကြား​လော့။ သူ​တို့ ကို​မ​ကြောက်​နှင့်။ အ​ကယ်​၍​သင်​သည်​သူ​တို့ ကို​ကြောက်​လျက်​နေ​ပါ​မူ ငါ​သည်​သင့်​အား သူ​တို့​ရှေ့​တွင်​ပို​၍​ပင်​ကြောက်​လန့်​လာ​စေ လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​ဧ​လိ​ယ အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သူ​သည်​မိ​မိ​၏ ဝတ်​လုံ​ကို​ခါး​တွင်​စည်း​၍​ယေ​ဇ​ရေ​လ​မြို့ သို့​ရောက်​သည့်​တိုင်​အောင်​အာ​ဟပ်​၏​ရှေ့​က ပြေး​လေ​၏။

ထာ​ဝရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က​ဧ​လိ​ယ အား``မ​ကြောက်​နှင့်။ ထို​သူ​နှင့်​အ​တူ​လိုက်​သွား လော့'' ဟု​ဆို​သ​ဖြင့် ဧ​လိ​ယ​သည်​မင်း​ကြီး​ထံ သို့​တပ်​မှူး​နှင့်​အ​တူ​လိုက်​သွား​ပြီး​လျှင်၊-

ဧ​လိ​ရှဲ​သည်​ဂေ​ဟာ​ဇိ​၏​ဘက်​သို့​လှည့်​၍``ငါ ၏​တောင်​ဝှေး​ကို​ယူ​၍​အ​လျင်​အ​မြန်​သွား​လော့။ လမ်း​တွင်​မည်​သူ့​ကို​မျှ​နှုတ်​မ​ဆက်​နှင့်။ သင့်​အား နှုတ်​ဆက်​သူ​ရှိ​လျှင်​လည်း​ပြန်​၍​ဖြေ​မ​နေ​နှင့်။ အိမ်​သို့​အ​ရောက်​သွား​၍​သူ​ငယ်​၏​အ​ပေါ်​တွင် ငါ​၏​တောင်​ဝှေး​ကို​တင်​ထား​လော့'' ဟု​စေ​ခိုင်း လေ​သည်။

ဤ​အ​တော​အ​တွင်း​၌​ပ​ရော​ဖက်​ဧ​လိ​ရှဲ သည် လူ​ငယ်​ပ​ရော​ဖက်​တစ်​ပါး​ကို​ခေါ်​၍``သင် သည်​ရာ​မုတ်​မြို့​သို့​သွား​ရန်​အ​သင့်​ပြင်​လော့။ ဤ​သံ​လွင်​ဆီ​ဘူး​ကို​လည်း​ယူ​သွား​လော့။ ထို မြို့​သို့​ရောက်​သော​အ​ခါ၊-

လူယောက်ျားကဲ့သို့ သင့်ခါးကို စီးလော့။ ငါမေးမြန်းသော ပြဿနာတို့ကို ဖြေလော့။

ဘု​ရား​သ​ခင်​က``ငါ​သည်​သင်​နှင့်​အ​တူ​ရှိ မည်။ ငါ​သည်​သင့်​အား​စေ​လွှတ်​ကြောင်း​သက် သေ​အ​ထောက်​အ​ထား​မှာ၊ သင်​သည်​ထို​သူ တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​သည့် အ​ခါ သင်​တို့​အ​ပေါင်း​သည်​ဤ​တောင်​ပေါ် တွင်​ငါ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရ​ကြ မည်​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။

ငါ​သည်​သင့်​အား​မိန့်​ကြား​သ​မျှ​ကို​အာ​ရုန် အား​ပြော​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွင့်​ပြု​စေ​ရန် သူ သည်​ဖာ​ရော​ဘု​ရင်​အား​လျှောက်​ထား​ရ​မည်။-

ယေ​ရ​မိ၊ နား​ထောင်​လော့။ ဤ​နိုင်​ငံ​ရှိ​လူ​အ​ပေါင်း တို့​ဖြစ်​သည့်​ယု​ဒ​ဘု​ရင်​များ၊ မှူး​မတ်​များ၊ ယဇ် ပု​ရော​ဟိတ်​များ​နှင့်​ပြည်​သူ​များ​သည် သင့်​ကို အ​တိုက်​အ​ခံ​ပြု​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သူ တို့​ကို​ခု​ခံ​နိုင်​စွမ်း​ရှိ​အောင် သင့်​ကို​ယ​နေ့​ငါ ပြု​မည်။ သင်​သည်​ခံ​တပ်​မြို့​ကဲ့​သို့​လည်း​ကောင်း၊ သံ​တိုင်​နှင့်​ကြေး​ဝါ​နံ​ရံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။ ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​၍​သင့် ကို​ကွယ်​ကာ​စောင့်​ရှောက်​မည်။ သို့​ဖြစ်​၍​သူ​တို့ သည်​သင့်​အား​နှိမ်​နင်း​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ကျွန်​တော်​မျိုး​အား​နှိပ်​စက်​ညှင်း​ဆဲ​သူ​တို့​ကို အ​ရှက်​ကွဲ​စေ​တော်​မူ​၍ ကျွန်​တော်​မျိုး​အား အ​ရှက်​ရ​မှု​မှ​ချမ်း​သာ​ပေး​တော်​မူ​ပါ။ ထို သူ​တို့​အား​ထိတ်​လန့်​တုန်​လှုပ်​စိတ်​နှင့်​ပြည့်​ဝ စေ​တော်​မူ​၍ ကျွန်​တော်​မျိုး​ကို​ထိတ်​လန့်​တုန် လှုပ်​စေ​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​၏​အ​ပေါ်​သို့ ဘေး​အန္တ​ရာယ်​ဆိုး​ကို​သက်​ရောက်​စေ​တော် မူ​၍​သူ​တို့​အား​ကျိုး​ပဲ့​ကြေ​မွ​စေ​တော် မူ​ပါ။

အိပ်​မက်​ကို​မြင်​မက်​သည့်​ပ​ရော​ဖက်​သည် မိ​မိ မြင်​မက်​သည့်​အ​ရာ​မှာ​အိပ်​မက်​မျှ​သာ​ဖြစ် ကြောင်း​ပြော​ကြား​သင့်​၏။ သို့​ရာ​တွင်​ငါ​၏ ဗျာ​ဒိတ်​တော်​ကို​ကြား​သည့်​ပ​ရော​ဖက်​မူ​ကား ထို​ဗျာ​ဒိတ်​တော်​ကို​သစ္စာ​နှင့်​ပြန်​ကြား​ရ​၏။ ဂျုံ ဆန်​နှင့်​နှိုင်း​စာ​သော်​ကောက်​ရိုး​သည်​အ​ဘယ် မျှ​အ​သုံး​ဝင်​သ​နည်း။-

ထို​အ​ခါ​ငါ​သည်​ခေါင်း​ဆောင်​များ​နှင့် ပြည်​သူ တို့​အား``ဤ​ဗိ​မာန်​တော်​နှင့်​ဤ​မြို့​ကို​ဆန့်​ကျင် ၍ ငါ​ပြော​ဆို​သည်​ကို​သင်​တို့​ကြား​ရ​ကြ​၏။ ထို​စ​ကား​တို့​သည်​ငါ့​အား၊ ထာ​ဝ​ရ​ဘု​ရား စေ​လွှတ်​ပြန်​ကြား​စေ​တော်​မူ​သည့်​စ​ကား များ​ဖြစ်​၏။-

ဤ​သို့​မိန့်​တော်​မူ​၏။ ``ဗိ​မာန်​တော်​တံ​တိုင်း အ​တွင်း​၌​ရပ်​ပြီး​လျှင် ထို​အ​ရပ်​သို့​ယု​ဒ မြို့​များ​မှ​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​တွင် ဝတ်​ပြု​ကိုး​ကွယ်​ရန်​လာ​ရောက်​ကြ​သော​လူ​တို့ အား ငါ​မိန့်​မှာ​သ​မျှ​သော​စ​ကား​တို့​ကို​ပြော ကြား​လော့။ တစ်​ခွန်း​တစ်​လေ​ကို​မျှ​ချန်​မ ထား​နှင့်။-

ထို့​ကြောင့်​ဗာ​ရုတ်​သည်​မိ​မိ​အား​ငါ​မှာ​ကြား ထား​သည့်​အ​တိုင်း တိ​ကျ​စွာ​ထာ​ဝ​ရ​ဘု​ရား ၏​ဗျာ​ဒိတ်​စ​ကား​တော်​တို့​ကို​ဗိ​မာန်​တော် ထဲ​၌​ဖတ်​ပြ​လေ​၏။

ကျွန်​တော်​မျိုး​အား`မ​ကြောက်​နှင့်' ဟု​ပြန်​လည် ဖြေ​ကြား​တော်​မူ​ပါ​၏။

``သင်​တို့​သည်​အ​ဆင်​သင့်​ဖြစ်​ရန်​ခါး​ကို​စည်း လျက်​မီး​ခွက်​များ​ကို​ထွန်း​ညှိ​ထား​ကြ​လော့။-

လူ​ပ​ရိ​သတ်​ရှေ့​တွင်​လည်း​ကောင်း၊ သင်​တို့ အိမ်​များ​တွင်​လည်း​ကောင်း ငါ​ဟော​ပြော​သွန် သင်​သော​အ​ခါ​သင်​တို့​အား​အ​ကျိုး​ရှိ​စေ မည့်​စ​ကား​များ​ကို​အ​ဘယ်​အ​ခါ​၌​မျှ ချန်​လှပ်​၍​မ​ထား​ခဲ့။-

အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ဘု​ရား​သ​ခင် ၏​အ​ကြံ​အ​စည်​တော်​ကို သင်​တို့​အား​အ​ကုန် အ​စင်​ဖော်​ပြ​ပြီး​သော​ကြောင့်​ဖြစ်​၏။-

ငါ​၏​ဝါ​ကြွား​မှု​ကို​အ​ချည်း​နှီး​ဖြစ်​စေ​ရန် ပြု​လုပ်​ခွင့်​ကို​မည်​သူ​အား​မျှ​ပေး​လိမ့်​မည် မ​ဟုတ်။ သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရ​သည့် အ​တွက် ငါ့​မှာ​ဝါ​ကြွား​နိုင်​ခွင့်​မ​ရှိ။ ငါ​သည် အ​မိန့်​တော်​အ​ရ​ကြေ​ညာ​ခြင်း​ဖြစ်​သည်။ အ​ကယ်​၍​ထို​သ​တင်း​ကောင်း​ကို​မ​ကြေ ညာ​လျှင် ငါ​သည်​အ​ဘယ်​မျှ​အ​မင်္ဂ​လာ ရှိ​လိမ့်​မည်​နည်း။-

ငါ​တို့​သည်​သင်​တို့​ရှိ​ရာ​သက်​သာ​လော​နိတ် မြို့​သို့​မ​လာ​မီ ဖိ​လိပ္ပိ​မြို့​တွင်​ညှဉ်း​ပန်း​စော် ကား​မှု​တို့​ကို​ခံ​ခဲ့​ရ​ကြောင်း​သင်​တို့​သိ​ကြ​၏။ ယင်း​သို့​အ​တိုက်​အ​ခံ​ပြု​ခြင်း​ခံ​ရ​သော်​လည်း သင်​တို့​အား​ဘု​ရား​သ​ခင်​၏​သ​တင်း​ကောင်း ကို​ကြေ​ညာ​ဟော​ပြော​နိုင်​ရန်​စွမ်း​ရည်​သတ္တိ ကို ငါ​တို့​အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ​၏။-

သို့​ဖြစ်​၍​သင်​တို့​နိုး​ကြား​၍ သမ္မာ​သ​တိ​ရှိ ကြ​လော့။ ယေ​ရှု​ခ​ရစ်​ကြွ​လာ​တော်​မူ​သော အ​ခါ သင်​တို့​ခံ​စား​ရ​မည့်​ကောင်း​ချီး​ကို အ​ဆုံး​တိုင်​အောင်​မျှော်​လင့်​လျက်​နေ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ