ယေရမိ 1:12Common Language Bibleထိုအခါထာဝရဘုရားက``သင်ပြောသည် အတိုင်းမှန်ပေ၏။ ငါသည်လည်းငါ့စကား အကောင်အထည်ဖော်သည်ကိုစောင့်ကြည့် လျက်နေ၏'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ထာဝရဘုရားသည် ငါ့အားမိန့်တော် မူပြန်၏။ ကိုယ်တော်က``သင်သည်အခြားအဘယ် အရာကိုမြင်သေးသနည်း'' ဟုမေးတော်မူ လျှင်၊ ငါက``မြောက်အရပ်တွင် ဆူပွက်နေသောအိုး ကင်းကိုမြင်ပါသည်။ ထိုအိုးကင်းသည်တောင် ဘက်သို့စောင်း၍ မှောက်တော့မည်ကဲ့သို့ရှိ ပါ၏'' ဟုပြန်လည်လျှောက်ထား၏။
ထိုနောက်ထာဝရဘုရားကငါ့အား``ယေရမိ၊ သင်အဘယ်အရာကိုမြင်သနည်း'' ဟုမေး တော်မူ၏။ ငါကလည်း``သင်္ဘောသဖန်းသီးများကိုမြင် ပါသည်။ ကောင်းသောသင်္ဘောသဖန်းသီးများ သည် အလွန်ကောင်း၍ပုပ်သောသင်္ဘောသဖန်း သီးများမှာစား၍မရနိုင်လောက်အောင်ပုပ် ၍နေပါသည်'' ဟုပြန်လည်လျှောက်ထား၏။
ငါထာဝရဘုရားသည်သူတို့အားဗျာဒိတ် ပေးတော်မူသည်အတိုင်းပြုရမည်။ ကြန့်ကြာ မှုရှိတော့မည်မဟုတ်။ အချင်းပုန်ကန်တတ်သူ တို့၊ သင်တို့အားငါသတိပေးခဲ့သည့်အတိုင်း သင်တို့လက်ထက်၌ပင်ငါပြုမည်။ ဤကားငါ မိန့်မြွက်တော်မူသည့်စကားဖြစ်၏'' ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားကငါ့အား``အာမုတ် အဘယ်အရာကိုမြင်သနည်း'' ဟု မေး တော်မူသဖြင့်၊ ငါကလည်း``အသီးမှည့်များထည့်ထားသော ခြင်းတောင်းတစ်ခုကိုမြင်ရပါသည်'' ဟု လျှောက်လေသည်။ ထာဝရဘုရားကငါ ၏လူမျိုးတော်ဣသရေလတို့သည်မှည့် ရော်၍ ကြွေပျက်တော့မည့်နောက်ဆုံးသော ကာလသို့ရောက်လာပြီ။ ငါသည်သူတို့ ၏ပြစ်မှုများကိုသည်းမခံတော့ဘဲ အပြစ်ပေးရတော့မည်။-