Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 9:2

Common Language Bible

ထို​အ​ခါ​ချက်​ချင်း​ပင်​လက်​နက်​တစ်​ခု စီ​ကိုင်​ဆောင်​ထား​သော​လူ​ခြောက်​ယောက်​တို့ သည် ဗိ​မာန်​တော်​မြောက်​ဘက်​အ​ပြင်​တံ​ခါး မှ​ထွက်​၍​လာ​ကြ​၏။ သူ​တို့​နှင့်​အ​တူ​ပိတ် ချော​ထည်​ကို​ဝတ်​ဆင်​ကာ စာ​ရေး​ကိ​ရိ​ယာ ကို​ယူ​ဆောင်​လာ​သူ​လူ​တစ်​ဦး​လည်း​ပါ​၏။ သူ​တို့​အား​လုံး​ပင်​ကြေး​ဝါ​ယဇ်​ပလ္လင် အ​နီး​သို့​လာ​၍​ရပ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​မူ ဖျက်​ဆီး​ခြင်း​မ​ပြု​သ​ဖြင့် ပြည်​သူ​တို့​သည် ထို ဌာ​န​များ​တွင်​ဆက်​လက်​၍​ယဇ်​များ​ကို​ပူ ဇော်​၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​၏။ ယော​သံ သည်​ဗိ​မာန်​တော်​မြောက်​တံ​ခါး​ကို​တည်​ဆောက် ခဲ့​သူ​ဖြစ်​ပေ​သည်။

ဗိ​မာန်​တော်​မြောက်​တံ​ခါး​ကို​ပြု​လုပ်​၍ ယေ​ရု​ရှ​လင်​မြို့၊ သြ​ဖေ​လ​အ​ရပ်​ရှိ​မြို့ ရိုး​ကို​အ​လွန်​ခိုင်​ခံ့​စေ​သူ​မှာ​ယော​သံ​ပင် ဖြစ်​၏။-

ရှော​လ​မုန်​မင်း​သည်​အ​လျား​ပေ​သုံး​ဆယ်၊ အ​မြင့်​တစ်​ဆယ့်​ငါး​ပေ​ရှိ​သော​ကြေး​ဝါ ယဇ်​ပလ္လင်​ကို​ပြု​လုပ်​စေ​တော်​မူ​၏။-

ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး ဝ​ရှေ့​တွင် မီး​ရှို့​ရာ​ယဇ်​ပလ္လင်​ကို​နေ​ရာ​ချ​ထား ၏။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း သူ​သည်​မီး​ရှို့​ရာ​ယဇ်​ကို​လည်း​ကောင်း၊ ဘော​ဇဉ် ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း​ပလ္လင်​ပေါ်​တွင် ပူ​ဇော်​လေ​၏။-

ငါ​သည်​မြောက်​အ​ရပ်​ရှိ​လူ​မျိုး​တ​ကာ​ကို ခေါ်​ယူ​လျက်​နေ​၏'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။ သူ​တို့​၏​ဘု​ရင်​များ​သည်​လာ​၍ မိ​မိ​တို့​ရာ​ဇ​ပလ္လင်​ကို ယေ​ရု​ရှ​လင်​မြို့​ပတ် လည်​နှင့်​မြို့​တံ​ခါး​များ​အ​နီး​၌​လည်း ကောင်း၊ ယု​ဒ​မြို့​တို့​၏​ပတ်​ဝန်း​ကျင်​၌​လည်း ကောင်း​တည်​ထား​ကြ​လိမ့်​မည်။-

`ငါ​သည်​မြောက်​အ​ရပ်​မှ​လူ​မျိုး​များ​နှင့်​ငါ ၏​အ​စေ​ခံ​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ ကို​ဆင့်​ခေါ်​ကာ ဤ​ပြည်​သူ​ပြည်​သား​အ​ပေါင်း တို့​နှင့်​နီး​နား​ပတ်​ဝန်း​ကျင်​ရှိ​ပြည်​သူ​များ မှ​လူ​မျိုး​အ​ပေါင်း​တို့​အား​တိုက်​ခိုက်​စေ​မည်။ ငါ​သည်​ယင်း​တို့​ကို​အ​ကြွင်း​မဲ့​ဖျက်​ဆီး​၍ ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​စေ​သ​ဖြင့်​ရှု​မြင် ရ​သူ​တို့​လန့်​ဖျပ်​တုန်​လှုပ်​ကြ​လိမ့်​မည်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။-

ယု​ဒ​ခေါင်း​ဆောင်​များ​သည် ထို​အ​ဖြစ်​အ​ပျက် အ​ကြောင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ ဘု​ရင် နန်း​တော်​မှ​လာ​၍​ဗိ​မာန်​တော်​တံ​ခါး​သစ် အ​ဝင်​ဝ​၌​နေ​ရာ​ယူ​ကြ​၏။-

ဇိ​အုန်​မြို့​ရှိ​ရာ​သို့​ရှေ့​ရှု​ကြ​လော့။ ဘေး​မဲ့​လုံ​ခြုံ ရာ​သို့ ပြေး​ကြ​လော့။ ဆုတ်​ဆိုင်း​၍​မ​နေ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​စွာ​သော​ပျက်​စီး မှု ဘေး​အန္တ​ရာယ်​ဆိုး​ကို မြောက်​အ​ရပ်​မှ​ဆောင်​ယူ​လာ​တော်​မူ​လိမ့် မည်။

ဘု​ရား​သ​ခင်​က​ပိတ်​ချော​ထည်​ဝတ်​ဆင် ထား​သူ​အား``ထို​သတ္တ​ဝါ​တို့​၏​အောက်​၌​ရှိ သော​ရ​ထား​ဘီး​များ​အ​ကြား​သို့​သွား​၍ ထို​သတ္တ​ဝါ​တို့​၏​ကြား​ရှိ​မီး​ကျီး​ခဲ​တို့ ကို​လက်​ခုပ်​ဖြင့်​ကျုံး​ကာ​မြို့​ပေါ်​သို့​ကြဲ ချ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​လည်း​ငါ​၏​ရှေ့​မှောက်​၌​ပင် ထွက်​သွား​၏။-

သူ​သည်​လက်​နှင့်​တူ​သော​အ​ရာ​ကို​ဆန့်​၍​ငါ​၏​ဦး​ဆံ​ကို​ဆွဲ​ကိုင်​လိုက်​၏။ ထို​နောက်​ဤ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ထဲ​၌​ဝိ​ညာဉ်​တော်​သည်​ငါ့​အား​လေ​ထဲ​သို့​ချီ​ပင့်​ပြီး​လျှင် ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​မြောက်​မျက်​နှာ​တံ​ခါး​ဝ​သို့​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ထို​နေ​ရာ​တွင်​ဘု​ရား​သ​ခင်​ရှု​စိမ့်​တော်​မ​မူ​လို​သည့်​ရုပ်​တု​တစ်​ခု​ရှိ​သ​တည်း။

ထို​နောက်​ပိတ်​ချော​ထည်​ကို​ဝတ်​ဆင်​ထား​၍ စာ​ရေး​ကိ​ရိ​ယာ​ကို​ယူ​ဆောင်​လာ​သူ​က``အ ကျွန်ုပ်​သည်​ကိုယ်​တော်​ရှင်​၏​အ​မိန့်​တော်​အ တိုင်း​ဆောင်​ရွက်​ပြီး​ပါ​ပြီ'' ဟု ထာ​ဝ​ရ ဘု​ရား​အား​လာ​ရောက်​အ​စီ​ရင်​ခံ​လေ သည်။

ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကိုး ကွယ်​သော​ဘု​ရား​သ​ခင်​၏​တောက်​ပ​သော ဘုန်း​အ​သ​ရေ​တော်​သည် ကျိန်း​ဝပ်​တော်​မူ ရာ​ခေ​ရု​ဗိမ်​များ​မှ​လျှံ​တက်​လျက်​ဗိ​မာန် တော်​အဝင်​ဝ​သို့​ရွေ့​လျား​သွား​တော်​မူ​၏။ ထာ​ဝရ​ဘု​ရား​သည်​ပိတ်​ချော​ထည်​ကို​ဝတ် ဆင်​ထား​၍ စာ​ရေး​ကိ​ရိ​ယာ​ကို​ယူ​ဆောင် လာ​သူ​အား​ခေါ်​တော်​မူ​၍၊-

မော်​၍​ကြည့်​လိုက်​သော​အ​ခါ​ပိတ်​ချော အင်္ကျီ​ကို​ဝတ်​၍ ရွှေ​ခါး​ပတ်​ကို​ပတ်​ထား သူ​လူ​တစ်​ယောက်​ကို​ငါ​မြင်​ရ​၏။-

တစ်​ယောက်​က​မြစ်​အ​ထက်​ပိုင်း​တွင်​ရပ် နေ​သူ​အား``ဤ​အံ့​သြ​ဖွယ်​ကောင်း​သည့် အ​မှု​အ​ရာ​များ​သည် အ​ဘယ်​ကာ​လ​မှ ပြီး​ဆုံး​ပါ​မည်​နည်း'' ဟု​မေး​၏။

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် အောက်​ပါ​ညွှန် ကြား​ချက်​များ​ကို​ပေး​တော်​မူ​၏။ အာ​ရုန်​သည် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​သို့​မ​ဝင်​မီ ရေ​ချိုး​၍​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​များ​ဖြစ် သော​ပိတ်​ချော​ဝတ်​ရုံ၊ ဘောင်း​ဘီ၊ ခါး​စည်း နှင့်​ဗောင်း​ထုပ်​များ​ကို​ဝတ်​ဆင်​ရ​မည်။

ယဇ်​ပလ္လင်​အ​နီး​၌​ရပ်​နေ​တော်​မူ​သော​ထာ​ဝ​ရ ဘု​ရား​ကို​ငါ​တွေ့​ရ​၏။ ကိုယ်​တော်​ရှင်​က``ဗိ​မာန် တော်​တစ်​ခု​လုံး​ကို​သိမ့်​သိမ့်​တုန်​သွား​စေ​ရန် ဗိ​မာန်​တော်​တိုင်​၏​ထိပ်​ဖျား​ကို​ရိုက်​ချိုး​လော့။ ထို​အ​ရာ​တို့​ကို​ချိုး​၍​လူ​တို့​၏​ခေါင်း​ပေါ် သို့​ကျ​စေ​လော့။ ကျန်​ရစ်​သူ​များ​ကို​စစ်​ပွဲ​၌ ငါ​ကွပ်​မျက်​မည်။ မည်​သူ​မျှ​လွတ်​မည်​မ​ဟုတ်။ မည်​သူ​တစ်​ဦး​မျှ​ပြေး​မ​လွတ်​နိုင်။-

ထို​အ​ခါ​ကပ်​ခု​နစ်​ပါး​ကို​ယူ​ဆောင်​လာ​သော ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​သည်​ဗိ​မာန်​တော် ထဲ​မှ​ထွက်​လာ​ကြ​၏။ သူ​တို့​သည်​ပြောင်​လက် စင်​ကြယ်​သော ပိတ်​ချော​ထည်​ကို​ဝတ်​ဆင်​၍ ရွှေ​ရင်​စည်း​ကို​ပတ်​ထား​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ