Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 8:5

Common Language Bible

ဘု​ရား​သ​ခင်​က​ငါ့​အား``အ​ချင်း​လူ​သား၊ မြောက်​ဘက်​သို့​ကြည့်​လော့'' ဟု​မိန့်​တော်​မူ​သ​ဖြင့်​ကြည့်​လိုက်​သော​အ​ခါ တံ​ခါး​ဝ​အ​နီး​ယဇ်​ပလ္လင်​ဘေး​တွင်​ဘု​ရား​သ​ခင်​ရှု​စိမ့်​တော်​မ​မူ​လို​သည့်​ရုပ်​တု​ကို​ငါ​မြင်​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​၏​တောင်​တော်​ဖြစ်​သည့် ဇိ​အုန်​တောင်​သည်​မြင့်​မား​၍​လှ​ပ​တင့်​တယ် ပါ​၏။ မ​ဟာ​မင်း​မြတ်​၏​မြို့​တော်​သည်​ကမ္ဘာ​သူ ကမ္ဘာ​သား​တို့​အား​စိတ်​ရွှင်​လန်း​စေ​ပါ​၏။

သူ​တို့​သည်​မိစ္ဆာ​နတ်​ဘု​ရား​တို့​ကို​ဝတ်​ပြု ကိုး​ကွယ်​ရာ ဌာ​န​များ​ထား​ရှိ​ခြင်း​အား​ဖြင့်​ကိုယ်​တော်​အား အ​မျက်​ထွက်​စေ​ကြ​၏။ ရုပ်​တု​များ​အား​ဖြင့်​ကိုယ်​တော်​အား ဒေါ​သ​ထွက်​စေ​ကြ​၏။

တောင်​ထိပ်​တို့​ကို​မျှော်​၍​ကြည့်​ကြ​လော့။ ပြည့် တန်​ဆာ​ကဲ့​သို့ သင်​မ​ပြု​မ​ကျင့်​ဘဲ​နေ​ခဲ့​သည့် အ​ရပ်​တစ်​စုံ​တစ်​ခု​ရှိ​သ​လော။ အာ​ရပ်​အမျိုး သား​သည်​တော​ကန္တာ​ရ​တွင်​လု​ယက်​တိုက်​ခိုက် ရန်​စောင့်​မျှော်​နေ​သ​ကဲ့​သို့၊ သင်​သည်​လမ်း​နံ ဘေး​တို့​တွင်​ချစ်​သူ​များ​ကို​စောင့်​မျှော်​နေ​ခဲ့ ၏။ သင်​သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​မှု​နှင့်​ပြည့် တန်​ဆာ​အ​လုပ်​ဖြင့်​ဤ​ပြည်​ကို​ညစ်​ညမ်း စေ​လေ​ပြီ။-

သူ​တို့​သည်​ငါ​၏​နာ​မ​တော်​ဖြင့်​တည်​ဆောက် ထား​သည့်​ဗိ​မာန်​တော်​တွင် ရွံ​ရှာ​ဖွယ်​ကောင်း သော​ရုပ်​တု​များ​ကို​ထား​ရှိ​လျက်​ညစ် ညမ်း​စေ​ကြ​၏။-

ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ပြည်​သူ​တို့​သည် ဒု​စ​ရိုက်​ကို​ပြု​ကျင့်​ကြ​လေ​ပြီ။ သူ​တို့​သည် ငါ​စက်​ဆုတ်​သည့်​ရုပ်​တု​များ​ဖြင့် ငါ့​နာ​မ တော်​ကို​ဆောင်​သော​အိမ်​တော်​ထဲ​သို့​ယူ​ဆောင် လာ​၍​ညစ်​ညမ်း​စေ​လေ​ပြီ။-

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် မှာ``သင်​တို့​သည်​ဆိုး​ညစ်​စက်​ဆုပ်​ဖွယ်​သော အ​မှု​အ​ပေါင်း​ကို​ပြု​လျက် ဗိ​မာန်​တော်​ကို ညစ်​ညမ်း​စေ​သ​ဖြင့် ငါ​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​သည်​နှင့်​အ​ညီ သင်​တို့​အား​သ​နား​ညှာ​တာ​မှု​မ​ရှိ​ဘဲ သုတ်​သင်​ပစ်​မည်။-

သူ​သည်​လက်​နှင့်​တူ​သော​အ​ရာ​ကို​ဆန့်​၍​ငါ​၏​ဦး​ဆံ​ကို​ဆွဲ​ကိုင်​လိုက်​၏။ ထို​နောက်​ဤ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ထဲ​၌​ဝိ​ညာဉ်​တော်​သည်​ငါ့​အား​လေ​ထဲ​သို့​ချီ​ပင့်​ပြီး​လျှင် ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​မြောက်​မျက်​နှာ​တံ​ခါး​ဝ​သို့​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ထို​နေ​ရာ​တွင်​ဘု​ရား​သ​ခင်​ရှု​စိမ့်​တော်​မ​မူ​လို​သည့်​ရုပ်​တု​တစ်​ခု​ရှိ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ