ယေဇကျေလ 7:9Common Language Bibleငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက်သင့်ကိုဒဏ်ပေးမည်။ သို့မှသာလျှင် ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုလည်း ကောင်း၊ သင့်အားဒဏ်ပေးသူသည်ငါပင်ဖြစ် ကြောင်းကိုလည်းကောင်းသင်သိလိမ့်မည်'' ဟူ၍ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
စစ်မက်အန္တရာယ်၊ အစာငတ်မွတ်ခေါင်းပါး ခြင်းဘေးနှင့်အနာရောဂါဘေးဖြင့်မသေ ဘဲ ကျန်ရှိနေသူယုဒဘုရင်ဇေဒကိ၊ သူ၏ မှူးမတ်များနှင့်ပြည်သူတို့ကိုမူကား မိမိ တို့ကိုသတ်လိုသူရန်သူများနှင့်နေဗုခဒ် နေဇာ၏လက်တွင်အဖမ်းခံရစေမည်။ နေ ဗုခဒ်နေဇာသည်လည်းသူတို့အားကွပ်မျက် စေလိမ့်မည်။ အဘယ်သူကိုမျှအသက်ချမ်း သာပေးလိမ့်မည်မဟုတ်။ အဘယ်သူကိုမျှ သနားကရုဏာပြလိမ့်မည်မဟုတ်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
သင်တို့ကူးလွန်ခဲ့ကြသည့်အပြစ်များ အတွက် ငါသည်သင်နှင့်သင်၏သားမြေးတို့ အားသင့်မှူးမတ်များနှင့်အတူအပြစ်ဒဏ် ခတ်မည်။ သင်နှင့်ယေရုရှလင်မြို့သူမြို့ သားများ၊ ယုဒပြည်သားများသည်ငါ သတိပေးခဲ့သည်ကိုပမာဏမပြုကြ။ သို့ဖြစ်၍ငါသည်မိမိခြိမ်းခြောက်ခဲ့သည့် ဘေးအန္တရာယ်ဆိုးကို သင်တို့အပေါ်သို့ သက်ရောက်စေမည်ဟုမိန့်တော်မူကြောင်း ပြန်ကြားပြောဆိုလော့'' ဟုမိန့်မှာ တော်မူ၏။
နောက်ဆုံး၌ထာဝရဘုရားသည်မိမိ ကြုံးဝါးတော်မူခဲ့သည့်အတိုင်းပြုတော် မူလေပြီ။ ကိုယ်တော်သည်ရှေးကာလ သတိပေးတော်မူခဲ့သည့်အတိုင်းငါတို့အား သနားကရုဏာကင်းမဲ့စွာသုတ်သင်ဖျက်ဆီး တော်မူလေပြီ။ ကိုယ်တော်သည်ငါတို့ရန်သူများအား အောင်ပွဲကိုပေးတော်မူ၍ ငါတို့ပြိုလဲမှုအတွက်ဝမ်းမြောက်စေတော်မူပါ၏။