Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 7:19

Common Language Bible

သူ​တို့​သည်​မိ​မိ​တို့​၏​ရွှေ၊ ငွေ​များ​ကို​အ​မှိုက် သ​ရိုက်​သ​ဖွယ် လမ်း​များ​ပေါ်​သို့​လွှင့်​ပစ်​လိုက် ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ ဘု​ရား​အ​မျက်​ထွက်​တော်​မူ​ရာ​ကာ​လ​၌ သူ​တို့​၏ ရွှေ၊ ငွေ၊ များ​သည်​သူ​တို့​အား​မ​ကယ် နိုင်​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​မိ​မိ​တို့ အ​ဆာ​ပြေ​စေ​ရန်​အ​တွက်​သော်​လည်း​ကောင်း၊ မိ​မိ​တို့​ဝမ်း​ကို​ဖြည့်​တင်း​မှု​အ​တွက်​သော် လည်း​ကောင်း ရွှေ၊ ငွေ၊ များ​ကို​အ​သုံး​မ​ပြု နိုင်​ကြ။ ရွှေ​ငွေ​တို့​သည်​သူ​တို့​အား​အ​ပြစ် ဒု​စ​ရိုက်​ကို​ပြု​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ယော်​ဒန်​မြစ်​တိုင်​အောင်​သွား​ရောက် ကြ​ရာ ရှု​ရိ​အ​မျိုး​သား​တို့​ထွက်​ပြေး​စဉ်​အ​ခါ က စွန့်​ထား​ခဲ့​သည့်​အ​ဝတ်​အ​စား​များ​နှင့်​လက် နက်​ပစ္စည်း​များ​ကို လမ်း​တစ်​လျှောက်​လုံး​တွင်​တွေ့ မြင်​ရ​ကြ​၏။ ထို​နောက်​သူ​တို့​သည်​မင်း​ကြီး ထံ​ပြန်​၍​အ​စီ​ရင်​ခံ​ကြ​၏။-

မတရားသောဥစ္စာဘဏ္ဍာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှ ကယ်တင်တတ် ၏။

အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ် ဥစ္စာသည် အကျိုးမပေးနိုင်။ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှကယ်တင်တတ်၏။

ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒ မပြေနိုင်။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ် တိုးပွားသော်လည်း မရောင့်ရဲနိုင်။ ထိုအမှုအရာသည် လည်း အနတ္တဖြစ်၏။

ထို​နေ့​ရက်​ကာ​လ​ရောက်​သော​အ​ခါ​လူ​တို့​သည် မိ​မိ​တို့​သွန်း​လုပ်​ထား​သည့်​ရွှေ၊ ငွေ​ရုပ်​တု​များ ကို​ပွေး​ကောင်​နှင့်​လင်း​နို့​တို့​၏​အ​ကြား​တွင် စွန့်​ပစ်​၍​ထား​ကြ​လိမ့်​မည်။-

သင်​တို့​သည်​ငွေ​ဖြင့်​မွမ်း​မံ​ထား​သည့်​ရုပ်​တု များ​နှင့်​ရွှေ​ဖြင့်​မွမ်း​မံ​ထား​သည့်​ရုပ်​တု​များ ကို​ယူ​၍``ငါ​တို့​မျက်​မှောက်​မှ​သွား​ကြ​ပေ တော့'' ဟု​ဆို​ကာ၊ အ​ညစ်​အ​ကြေး​သ​ဖွယ် ပစ်​ထုတ်​လိုက်​လိမ့်​မည်။-

အ​စာ​အာ​ဟာ​ရ​မ​ဖြစ်​သည့်​အ​ရာ​အ​တွက် အ​ဘယ်​ကြောင့်​ငွေ​အ​ကုန်​အ​ကျ​ခံ​ကြ​ပါ မည်​နည်း။ သင်​၏​လုပ်​အား​ခ​များ​ကို​အ​ကုန်​ခံ​ကာ အ​ဘယ်​ကြောင့်​မွတ်​သိပ်​လျက်​နေ​ကြ​ပါ မည်​နည်း။ ငါ့​စ​ကား​ကို​နား​ထောင်​လျက်၊ငါ​ပြော​သည့်​အ​တိုင်း ပြု​လုပ်​ကြ​ပါ​မူ သင်​တို့​သည်​အ​မွန်​မြတ်​ဆုံး​သော​အ​စား​အ​စာ များ​ကို စား​သောက်​ရ​ကြ​လိမ့်​မည်။

ပြောင်​လက်​သည့်​ရွှေ​တို့​သည်​မှေး​မှိန်​၍ သွား​လေ​ပြီ။ ဗိ​မာန်​တော်​ကျောက်​တို့​သည်​လည်း လမ်း​များ​ပေါ်​တွင်​ပြန့်​ကျဲ​လျက်​နေ​၏။

ထို​ပ​ရော​ဖက်​တို့​သည်​မြို့​ရိုး​များ​ပြို​ကျ လျက်​ရှိ​သည့်​နေ​ရာ​များ​ကို​မ​စောင့်​ကြပ်။ မြို့​ရိုး​တို့​ကို​လည်း​ပြန်​လည်​၍​မ​ပြု​ပြင်။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​၏​နေ့​ရက်​၌ စစ် ပွဲ​ဝင်​သော​အ​ခါ​ဣ​သ​ရေ​လ​နိုင်ငံ​ကို​ကာ ကွယ်​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။-

``ငါ​၏​ထံ​မှ​လွဲ​ဖယ်​၍​ရုပ်​တု​များ​ကို​ကိုး ကွယ်​ကာ မိ​မိ​တို့​ရှေ့​တွင်​ကောက်​ကျစ်​၍​လဲ စ​ရာ​ကို​ချ​ထား​လျက်​ပ​ရော​ဖက်​ထံ​လာ ရောက်​စုံ​စမ်း​မေး​မြန်း​သော ဣ​သ​ရေ​လ အ​မျိုး​သား​သို့​မ​ဟုတ်​ဣ​သ​ရေ​လ​နိုင်​ငံ ၌ နေ​ထိုင်​သူ​လူ​မျိုး​ခြား​အား​ငါ​ထာ​ဝရ ဘု​ရား​အ​ဖြေ​ပေး​မည်။-

ထာ​ဝ​ရ​ဘု​ရား​အ​ရေး​ယူ​ဆောင်​ရွက်​မည့်​နေ့ သည် နီး​ကပ်​လာ​လေ​ပြီ။ မိုး​တိမ်​များ​ဖုံး​လွှမ်း​မည့်​နေ့၊လူ​မျိုး​တ​ကာ​တို့ ဒုက္ခ​ရောက်​မည့်​နေ့​နီး​ကပ်​လာ​ပြီ။

သို့​ရာ​တွင်​သူ​တို့​သည်​ဣ​သ​ရေ​လ​အမျိုး​သား တို့​အား​ရုပ်​တု​ကိုး​ကွယ်​မှု​တွင်​ဦး​စီး​ခေါင်း ဆောင်​ပြု​ကာ​အ​ပြစ်​ကူး​လွန်​စေ​ခဲ့​ကြ​သ​ဖြင့် အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​မည်​ဖြစ်​ကြောင်း​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ကျိန်​ဆို​၏။-

ထာဝရဘုရားအမျက်ထွက်တော်မူရာ ထိုကာလ၌ထိုသူတို့သည် မိမိတို့၏ရွှေ ငွေရှိသမျှကိုစုပုံပေးသော်လည်းအသက် ချမ်းသာရာရကြလိမ့်မည်မဟုတ်။ ကမ္ဘာ မြေပြင်တစ်ခုလုံးသည်ကိုယ်တော်၏ အမျက်တော်မီးသင့်၍ဆုံးရှုံးပျက်စီး သွားလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာမြေ ပေါ်တွင်နေထိုင်သူမှန်သမျှကိုရုတ် တရက်အစတုံးအောင်စီရင်တော်မူ လိမ့်မည်။

လူ​သည်​လော​က​တစ်​ခု​လုံး​ကို​အ​စိုး​ရ​သော်​လည်း မိ​မိ​၏​အ​သက်​ဆုံး​ရှုံး​လျှင်​အ​ဘယ်​အ​ကျိုး​ရှိ မည်​နည်း။ မိ​မိ​၏​အ​သက်​ကို​အ​ဘယ်​အ​ရာ​နှင့် လဲ​လှယ်​နိုင်​မည်​နည်း။-

ထို့​အ​ပြင်​ဒါ​ဝိဒ်​မင်း​က၊ ``သူ​တို့​၏​စား​သောက်​ပွဲ​များ​သည်​သူ​တို့​အ​တွက် ကျော့​ကွင်း​ကဲ့​သို့​လည်း​ကောင်း၊ ထောင်​ချောက်​ကဲ့​သို့​လည်း​ကောင်း​ဖမ်း​မိ​လျက် ဒဏ်​ခတ်​ခံ​ရ​ပါ​စေ​သော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ