ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ ထံသို့ရောက်လာ၏။-
ဒါဝိဒ်၏ရာဇပလ္လင်တွင်ထိုင်သည့်ဘုရင်အား လည်းကောင်း၊ သင်တို့နှင့်အတူသုံ့ပန်းများ အဖြစ်အဖမ်းမခံခဲ့ရသောသင်တို့၏ ဆွေမျိုးညာတိများဖြစ်သူ ဤမြို့မှမြို့သူ မြို့သားတို့အားလည်းကောင်းရည်မှတ်၍ ထာဝရဘုရားမိန့်တော်မူသောစကားကို နားထောင်ကြလော့။-
သင်၏သားသမီးများကိုသေစေရန်တောရဲ တိရစ္ဆာန်များနှင့်အစာခေါင်းပါးခြင်းဘေး ကိုလည်းကောင်း၊ သင့်အားဖျက်ဆီးရန်အနာ ရောဂါဘေး၊ အကြမ်းဖက်မှုနှင့်စစ်မက်အန္တ ရာယ်ကိုလည်းကောင်းငါစေလွှတ်မည်။ ဤ ကားငါထာဝရဘုရား၏အမိန့်တော်ပင် တည်း'' ဟူ၍ဖြစ်၏။
ကိုယ်တော်ကငါ့အား``အချင်းလူသား၊ သင်သည် ဣသရေလတောင်များကိုကြည့်၍ သူတို့အား ငါ၏အမိန့်တော်ကိုဆင့်ဆိုလော့။-