Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 5:16

Common Language Bible

ငါ​သည်​သင့်​အား​ရိက္ခာ​ဖြတ်​၍​ငတ်​မွတ်​စေ မည်။ သင်​သည်​မြား​ချက်​ဒဏ်​ကဲ့​သို့​ပြင်း​ပြ စွာ​ဖျက်​ဆီး​မည့်​ငတ်​မွတ်​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​လိမ့်​မည်။ ငါ​သည်​သင့်​ကို​ဖျက်​ဆီး​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

မြည်း​ခေါင်း​တစ်​လုံး​ကို​ငွေ​သား​ရှစ်​ဆယ်​ဖြင့် လည်း​ကောင်း၊ ခို​ချေး အ​စိတ်​သား​ကို​ငွေ​သား​ငါး​ခု​ဖြင့်​လည်း​ကောင်း ဝယ်​ယူ​ရ​သည့်​တိုင်​အောင်​ထို​မြို့​တွင်​အ​စာ ခေါင်း​ပါး​၏။

သေ​စေ​တတ်​သော​လက်​နက်​များ​ကို​ကိုင်​ဆောင်​တော်​မူ​၍ မီး​လျှံ​ထ​သည့်​မြား​တော်​ကို​ချိန်​ရွယ်​တော်​မူ​၏။

ယ​ခု​အ​ခါ​ထာ​ဝ​ရ​ဘု​ရား၊ အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ပြည်​သူ​တို့​မှီ​ခို အား​ထား​သူ​မှန်​သ​မျှ​နှင့် ဝတ္ထု​ပစ္စည်း​မှန် သ​မျှ​ကို​ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​မှ ပယ်​ရှား​တော်​မူ​တော့​မည်။ ကိုယ်​တော်​သည် သူ​တို့​၏​အ​စာ​ရေ​စာ​များ​ကို​ရုပ်​သိမ်း တော်​မူ​လိမ့်​မည်။-

ထို​နှစ်​စ​တုတ္ထ​လ၊ ကိုး​ရက်​နေ့​၌​အ​စာ​ငတ် မွတ်​ခေါင်း​ပါး​မှု​သည်​အ​လွန်​ဆိုး​ရွား​၍ လာ​သ​ဖြင့် လူ​တို့​တွင်​အ​စာ​ရေ​စာ အ​လျှင်း​မ​ရှိ​ကြ​တော့​ပေ။-

ကိုယ်​တော်​သည်​လေး​တော်​ကို​တင်​၍​ငါ့​အား ပစ်​မှတ်​အ​ဖြစ်​အ​သုံး​ပြု​တော်​မူ​ပါ​၏။

``အ​ချင်း​လူ​သား၊ အ​ကယ်​၍​တိုင်း​နိုင်​ငံ​တစ် ခု​သည် အ​ပြစ်​ကူး​လွန်​၍​ငါ့​အား​သစ္စာ​ဖောက် ခဲ့​သော် ငါ​သည်​လက်​တော်​ကို​ဆန့်​တန်း​၍​ထို နိုင်​ငံ​သို့​ရိက္ခာ​ကို​ဖြတ်​တောက်​မည်။ အ​စာ​ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​သက်​ရောက်​စေ​၍ လူ​နှင့်​တိ​ရစ္ဆာန်​ကို​ပါ​သုတ်​သင်​ပစ်​မည်။-

ထို​နောက်​ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ရိက္ခာ​ပြတ် စေ​မည်။ ထို​မြို့​မှ​လူ​တို့​သည်​စိုး​ရိမ်​ပူ​ပန် ကြ​လျက်​မိ​မိ​တို့​၏​အ​စာ​ရေ​စာ​တို့​ကို ချိန်​တွယ်​၍​စား​သောက်​ရ​ကြ​လိမ့်​မည်။-

``ငါ​သည်​သင့်​အား​အ​မျက်​ဒေါ​သ​ပြင်း စွာ​ထွက်​၍ နာ​ကျင်​စွာ​အ​ပြစ်​ဒဏ်​ခတ်​သော အ​ခါ ပတ်​ဝန်း​ကျင်​မှ​လူ​မျိုး​တ​ကာ​တို့ သည်​ထိတ်​လန့်​ကြ​လျက် သင့်​အား​စက်​ဆုပ် သည့်​အ​မူ​အ​ရာ​ဖြင့်​ကြည့်​၍​သ​တိ​ပေး လျက်​ပြက်​ရယ်​ပြု​ကြ​လိမ့်​မည်။-

သင်​၏​သား​သ​မီး​များ​ကို​သေ​စေ​ရန်​တော​ရဲ တိ​ရစ္ဆာန်​များ​နှင့်​အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး ကို​လည်း​ကောင်း၊ သင့်​အား​ဖျက်​ဆီး​ရန်​အ​နာ ရော​ဂါ​ဘေး၊ အ​ကြမ်း​ဖက်​မှု​နှင့်​စစ်​မက်​အန္တ ရာယ်​ကို​လည်း​ကောင်း​ငါ​စေ​လွှတ်​မည်။ ဤ ကား​ငါ​ထာ​ဝရ​ဘု​ရား​၏​အ​မိန့်​တော်​ပင် တည်း'' ဟူ​၍​ဖြစ်​၏။

ငါ​သည်​စား​နပ်​ရိက္ခာ​ကို​ရှား​ပါး​စေ​သ​ဖြင့် အိမ် ရှင်​မ​ဆယ်​ယောက်​ဖုတ်​ရ​မည့်​မုန့်​အ​ရေ​အ​တွက် မှာ အိမ်​ရှင်​မ​တစ်​ဦး​၏​ဖို​တွင်​ဖုတ်​နိုင်​မည့်​မုန့် အ​ရေ​အ​တွက်​မျှ​သာ​ရှိ​မည်။ သင်​တို့​သည်​ထို မုန့်​ကို​ခွဲ​တမ်း​ချ​၍​မ​လောက်​မ​င​ဝေ​မျှ​စား ရ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ