ထိုလူသည်ငါ့အားမြောက်တံခါးဖြင့် ဗိမာန်တော်နယ်မြေမှထုတ်ဆောင်ကာအရှေ့ တံခါးသို့ခေါ်ယူသွား၏။ ထိုတံခါး၏ တောင်ဘက်တွင်ချောင်းငယ်တစ်ခုစီးဆင်း လျက်ရှိ၏။-
ထိုနောက်ထိုလူသည်ငါ့အားမြောက်မုခ်ပေါက်သို့ခေါ်ဆောင်သွား၏။ သူသည်ထိုမုခ်ပေါက်ကိုတိုင်းတာကြည့်ရာအခြားမုခ်ပေါက်များနှင့်အတူတူပင်ဖြစ်ကြောင်းတွေ့ရ၏။-
ထာဝရဘုရားကငါ့အား``ဤတံခါးကို ပိတ်ထားရမည်။ အဘယ်အခါ၌မျှဖွင့်ရ မည်မဟုတ်။ လူသားမှန်သမျှဤတံခါးကို အသုံးပြုခွင့်မရှိ။ အဘယ်ကြောင့်ဆိုသော် ဣသရေလအမျိုသားတို့၏ဘုရားသခင် ထာဝရဘုရားသည် ထိုတံခါးဖြင့်ဝင်တော် မူခဲ့သောကြောင့်တည်း။-
ထိုနောက်ထိုလူသည်ငါ့အားမြောက်မုခ်ပေါက် ကိုဖြတ်၍ ဗိမာန်တော်ရှေ့သို့ခေါ်ဆောင်သွား ရာငါရှာကြည့်သော် ထာဝရဘုရား၏ဗိမာန် တော်တွင်ကိုယ်တော်၏တောက်ပသောဘုန်း အသရေတော်နှင့်ပြည့်လျက်နေသည်ကို မြင်ရ၏။ ငါသည်မြေပေါ်သို့ပျပ်ဝပ်လိုက်၏။-
ထိုလူသည်ငါ့အားဗိမာန်တော်အဝင်တံခါး ဝသို့ခေါ်ဆောင်သွား၏။ တံခါးခုံအောက်မှ ရေသည်ယဇ်ပလ္လင်၏တောင်ဘက်ကိုဖြတ်ကာ ဗိမာန်တော်မျက်နှာမူရာအရှေ့ဘက်သို့ စီးဆင်းလျက်နေ၏။-
ထိုသူသည်ချောင်းအောက်ဘက်မှအရှေ့ဘက် သို့မိမိကူတံဖြင့်ကိုက်ငါးရာခြောက်ဆယ် တိုင်းပြီးနောက်ငါ့အားချောင်းကိုဖြတ်၍ လျှောက်သွားစေ၏။ ရေကားငါ၏ခြေ မျက်စိအထိသာရောက်လေသည်။-