Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 47:13

Common Language Bible

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ လူ​မျိုး​ဆယ့်​နှစ်​ပါး​အ​တွက်​မြေ​ယာ​နယ် နိ​မိတ်​သတ်​မှတ်​ပေး​ရ​မည်။ မြေ​ယာ​နယ် နိ​မိတ်​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ ယော​သပ်​အ​နွယ်​ဝင်​တို့​သည်​အ​ခြား အ​နွယ်​အ​သီး​သီး​တို့​ထက်​နှစ်​ဆ​ပို​၍ ရ​ရှိ​စေ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ဆက်​လက်​၍``ငါ​အီ​ဂျစ်​ပြည်​သို့​မ ရောက်​မီ​မွေး​ဖွား​သော​သင်​၏​သား​နှစ်​ယောက် တို့​သည်​ငါ​နှင့်​ဆိုင်​၏။ ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ တို့​သည်​ရု​ဗင်​နှင့်​ရှိ​မောင်​တို့​ကဲ့​သို့​ငါ့​သား များ​ဖြစ်​ကြ​သည်။-

အ​သီး​အ​နှံ​နှင့်​ပန်း​မာလ်​ကို​လည်း​ကောင်း ပေး​တော်​မူ​ပါ​စေ​သော။ အ​မြဲ​တည်​သော​တောင်​ကုန်း​များ​မှ နှစ်​သက်​ဖွယ်​ရာ​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​လည်း သင့်​အား​ပေး​တော်​မူ​ပါ​စေ​သော။ ဤ​ကောင်း​ချီး​အ​ပေါင်း​တို့​သည်​မိ​မိ ညီ​အစ်​ကို​တို့​ထက်​ထူး​ကဲ​သော​ယော​သပ် ၏ ဦး​ခေါင်း​ပေါ်​သို့​သက်​ရောက်​ပါ​စေ​သော။

ရု​ဗင်​၏​သား​မြေး​များ​ကား​အောက်​ပါ အ​တိုင်း​ဖြစ်​၏။ (ရု​ဗင်​သည်​ဣ​သ​ရေ​လ ၏​သား​ဦး​ဖြစ်​သော်​လည်း အ​ဖ​၏​မောင်း​မ တစ်​ယောက်​နှင့်​ပြစ်​မှား​သ​ဖြင့် သား​ဦး​၏ အ​ခွင့်​အ​ရေး​များ​ကို​ဆုံး​ရှုံး​ရ​လေ​သည်။ ထို​အ​ခွင့်​အ​ရေး​များ​သည်​ဣ​သ​ရေ​လ ၏​သား​ယော​သပ်​၏​လက်​သို့​ရောက်​ရှိ သွား​၏။ သို့​ဖြစ်​၍​သား​စဉ်​မြေး​ဆက် အ​လိုက်​ရေ​တွက်​သော​အ​ခါ သား​ဦး အ​ရာ​ကို​ရု​ဗင်​မ​ရ​ရှိ​ပေ။-

ဣ​သ​ရေ​လ​သည်​ယု​ဒ​နှင့်​ပေါင်း​၍​လူ​တို့ နှင့်​အ​တူ​မြောက်​အ​ရပ်​မှ သင်​တို့​ဘိုး​ဘေး များ​အား​ငါ​အ​ပိုင်​ပေး​အပ်​ခဲ့​သည့်​ပြည် သို့​လာ​ရောက်​ကြ​လိမ့်​မည်'' ဟု​ပြော​ကြား စေ​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဣ​သ​ရေ​လ​အ​နွယ် ဝင်​အ​ပေါင်း​၏​ဘု​ရား​ဖြစ်​လျက်​သူ​တို့​သည် လည်း ငါ​၏​လူ​မျိုး​တော်​ဖြစ်​လာ​ကြ​မည့်​နေ့ ရက်​ကာ​လ​သည်​ကျ​ရောက်​လာ​လိမ့်​မည်။-

မြေ​ယာ​၏​မြောက်​ဘက်​ရှိ​နယ်​နိ​မိတ်​မှာ​မြေ​ထဲ​ပင်​လယ်​မှ အ​ရှေ့​ဘက်​ရှိ​ဟေ​သ​လုန်​မြို့၊ ဟာ​မတ်​တောင်​ကြား​လမ်း​နှင့်​ဟာ​ဇ​ရေ​နန်​မြို့၊ ထို​မှ​တစ်​ဆင့်​ဒ​မာ​သက်​ပြည်​နှင့်​ဟာ​မတ်​ပြည်​နယ်​ခြား​အ​ထိ​ဖြစ်​၏။ လူ​မျိုး​အ​နွယ်​တစ်​နွယ်​လျှင်​အ​ရှေ့​နယ်​စပ်​မှ​အ​နောက်​မြေ​ထဲ​ပင်​လယ်​အ​ထိ​နယ်​မြေ​တစ်​ခု​ကျ​စီ၊ မြောက်​မှ​တောင်​သို့​အောက်​ပါ​အ​စီ​အ​စဉ်​အ​တိုင်း​ရ​ရှိ​စေ​ရ​မည်။ ဒန် အာ​ရှာ န​ဿ​လိ မ​နာ​ရှေ ဧ​ဖ​ရိမ် ရု​ဗင် ယု​ဒ

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဖော်​ပြ​သော​နည်း​အ​တိုင်း​ဣ​သ​ရေ​လ​အ​နွယ်​တို့​ပိုင်​ဆိုင်​ခွင့်​ရ​စေ​ရန်​မြေ​ယာ​ဝေ​စု​များ​ကို​ခွဲ​ဝေ​သော​နည်း​ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မိန့်​မှာ တော်​မူ​သည်​ကား၊-

ယော​သပ်​၏​အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ သော​ဧ​ဖ​ရိမ်​အ​နွယ်​နှင့် အ​နောက်​မ​နာ​ရှေ အ​နွယ်​တို့​သည်​ဖော်​ပြ​ပါ​နယ်​မြေ​ကို အ​ပိုင်​ရ​ရှိ​ကြ​လေ​သည်။

ယော​သပ်​၏​သား​ဦး​ဖြစ်​သော​မ​နာ​ရှေ​၏ အ​ဆက်​အ​နွယ်​မိ​သား​စု​အ​ချို့​တို့​သည် လည်း ယော်​ဒန်​မြစ်​အ​နောက်​ဘက်​ရှိ​နယ်​မြေ တစ်​စိတ်​တစ်​ဒေ​သ​ကို​အ​ပိုင်​ရ​ရှိ​ကြ​လေ သည်။ ဂိ​လဒ်​၏​ဖ​ခင်​မာ​ခိ​ရ​သည်​မ​နာ​ရှေ ၏​သား​ဦး​ဖြစ်​သည်။ စစ်​သူ​ရဲ​ကောင်း​လည်း ဖြစ်​သည်။ သို့​ဖြစ်​၍​သူ​သည်​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​ရှိ​ဂိ​လဒ်​နယ်​နှင့်​ဗာ​ရှန်​နယ် တို့​ကို​ရ​ရှိ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ