Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 46:20

Common Language Bible

ဤ​အ​ရပ်​ကား​ယဇ်​ပု​ရော​ဟိတ်​တို့​အ​ပြစ် ဖြေ​ရာ​ယဇ်၊ သို့​မ​ဟုတ်​ဒု​စ​ရိုက်​ဖြေ​ရာ ယဇ်​ကို​ပူ​ဇော်​ရန်​အ​သား​များ​ကို​ပြုတ် ရာ၊ မုန့်​ညက်​ပူ​ဇော်​သကာ​ကို​ဖုတ်​ရာ​အ​ရပ် ဖြစ်​၏။ လူ​တို့​ဘေး​အန္တ​ရာယ်​မ​ဖြစ်​ကြ စေ​ရန်​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​ရာ​မှန် သ​မျှ​ကို​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မ​ထုတ် ကြ​ခြင်း​ဖြစ်​၏'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

လေဝိ​အ​နွယ်​ဝင်​တို့​သည်​သတ်​မှတ်​ထား​သည့်​စည်း မျဉ်း​များ​အ​ရ​ပ​သ​ခါ​ယဇ်​ကို​မီး​တင်​၍​မြေ အိုး၊ သံ​က​ရား၊ သံ​ဒယ်​များ​နှင့်​ပြုတ်​ကြ​ပြီး လျှင်​ပြည်​သူ​တို့​အား​အ​လျင်​အ​မြန်​ဝေ​ပေး ကြ​၏။-

``အာ​ရုန်​နှင့်​သူ​၏​သား​များ​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ်​ခံ​ယူ​ရာ​၌ ပူ​ဇော်​သော​သိုး​၏​အ​သား ကို၊ သီး​သန့်​ရာ​ဌာ​န​တွင်​ပြုတ်​ရ​မည်။-

လူ​များ​ရှိ​ရာ​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မ​ထွက် မီ​သူ​တို့​သည်​မိ​မိ​တို့​တာ​ဝန်​ထမ်း​ဆောင်​စဉ် က​ဝတ်​ဆင်​ထား​သည့်​အ​ဝတ်​များ​ကို​ချွတ်​၍ သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​ခန်း​များ​တွင်​ထား ခဲ့​ရ​ကြ​မည်။ လူ​တို့​အား​ဘေး​အန္တ​ရာယ်​မ​ပေး ရန်​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​ဝတ်​အ​ထည်​များ ကို​အခြား​အ​ဝတ်​များ​နှင့်​လဲ​၍​ဝတ်​ရ​ကြ မည်။

ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဘော​ဇဉ်​ပူ​ဇော်​သကာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့်​ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ် တို့​ကို​စား​သုံး​ကြ​ရ​မည်။ ထို​မှ​တစ်​ပါး​လည်း သူ​တို့​သည်​ဣ​သ​ရေ​လ​ပြည်​တွင် ငါ​၏​အ​တွက် သီး​သန့်​ထား​သ​မျှ​သော​အ​ရာ​မှန်​သ​မျှ​ကို ရ​ရှိ​ကြ​လိမ့်​မည်။-

ထို​နောက်​သူ​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့ ခေါ်​ဆောင်​သွား​ရာ​ထောင့်​လေး​ထောင့်​တစ်​ခု စီ​တွင်​ဝင်း​ခြံ​ငယ်​တစ်​ခု​စီ​ရှိ​သည်​ကို ငါ့​အား​ပြ​၏။ ဝင်း​ခြံ​ငယ်​တစ်​ခု​စီ​သည် အ​လျား​ခြောက်​ဆယ့်​ရှစ်​ပေ၊ အ​နံ​ငါး ဆယ်​ပေ​ရှိ​၍၊-

ထို​လူ​က``ဤ​မီး​ဖို​တို့​ကား လူ​တို့​ပူဇော်​သည့် ယဇ်​ကောင်​များ​ကို​ဗိ​မာန်​တော်​အ​စေ​ခံ​တို့ ပြုတ်​သည့်​မီး​ဖို​များ​ဖြစ်​၏'' ဟု​ငါ့​အား ပြော​ပြ​၏။

တစ်​စုံ​တစ်​ယောက်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​ပူ​ဇော်​လို​လျှင်​မုန့်​ညက်​ကို​ပူ​ဇော်​ရ မည်။ မုန့်​ညက်​တွင်​သံ​လွင်​ဆီ​နှင့်​အ​မွှေး​နံ့ သာ​လောင်း​ထည့်​၍၊-

ကျန်​သော​မုန့်​သည် ယဇ်​ပု​ရော​ဟိတ်​များ​သုံး ဆောင်​ရန်​အ​တွက်​ဖြစ်​စေ​ရ​မည်။ ထို​မုန့်​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ပြီး​သော​မုန့် ထဲ​က​ဖြစ်​သော​ကြောင့်​အ​လွန်​သန့်​ရှင်း​သည်။

ကျန်​သော​ဘော​ဇဉ်​သ​ကာ​သည် ယဇ်​ပု​ရော​ဟိတ် များ​သုံး​ဆောင်​ရန်​အ​တွက်​ဖြစ်​စေ​ရ​မည်။ ထို ဘော​ဇဉ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ပြီး သော​ဘော​ဇဉ်​သ​ကာ​ဖြစ်​သော​ကြောင့် ယဇ်​ပု​ရော ဟိတ်​များ​သာ​သုံး​ဆောင်​ရ​မည်။ အ​လွန်​သန့်​ရှင်း သည်။

ထို​အ​ချိန်​ကာ​လ​၌​မြင်း​က​ကြိုး​တန်​ဆာ ခေါင်း​လောင်း​များ​ပေါ်​တွင်``ထာ​ဝ​ရ​ဘု​ရား အား​ဆက်​ကပ်​ထား​သည်'' ဟူ​သော​စာ​တမ်း ကို​ကမ္ပည်း​ထိုး​၍​ထား​လိမ့်​မည်။ ဗိ​မာန်​တော် တွင်​ချက်​ပြုတ်​သည့်​အိုး​များ​သည်​ယဇ်​ပလ္လင် ရှေ့​မှ​ခွက်​ဖ​လား​များ​ကဲ့​သို့​သန့်​ရှင်း​မြင့် မြတ်​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ