Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 44:5

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​က​လည်း​ငါ့​အား``အ​ချင်း လူ​သား၊ သင်​မြင်​ရ​ကြား​ရ​သော​အ​ရာ​မှန် သ​မျှ​ကို​ဂ​ရု​ပြု​လော့။ ငါ​သည်​ဗိ​မာန်​တော် နှင့်​ဆိုင်​သော​စည်း​မျဉ်း​ဥ​ပ​ဒေ​များ​ကို​သင့် အား​ပြော​မည်။ အ​ဘယ်​သူ​တို့​သည်​ဗိ​မာန် တော်​သို့​ဝင်​ထွက်​ခွင့်​ရှိ​သည်​ကို​သေ​ချာ စွာ​မှတ်​သား​လော့။''

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မှု​တော်​ကို​စိတ်​ရော​ကိုယ်​ပါ ဆောင်​ရွက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​ချီး​မြှောက်​ရန်​ဗိ​မာန်​တော်​ကို​စ​တင် တည်​ဆောက်​ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​နှင့် ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု ဆိုင်​ရာ​အ​မွန်​အ​မြတ်​ထား​သည့်​အ​ခြား ဝတ္ထု​ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို​ဗိ​မာန် တော်​တွင်​ထား​ရှိ​နိုင်​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​အ​မှန်​အ​ကန်​ဝတ်​ပြု ကိုး​ကွယ်​လို​သူ ဣသ​ရေ​လ​အ​နွယ်​ဝင်​အ​ပေါင်း တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို​ပူ​ဇော်​နိုင် ရန် လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့်​အ​တူ​ယေ​ရု​ရှ လင်​မြို့​သို့​လိုက်​သွား​ကြ​၏။-

အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​ပ​ညတ်​တော်​တို့​ကို ကွန်​တော်​မျိုး​တို့​အား​ပေး​အပ်​တော်​မူ​လက် ယင်း​တို့​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ကြ ရန် မှာ​ကြား​တော်​မူ​ပါ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​ပေါ်​သို့ တက်​နိုင်​မည့်​သူ​ကား​အ​ဘယ်​သူ​နည်း။ ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန်​တော်​သို့ ဝင်​နိုင်​မည့်​သူ​ကား​အ​ဘယ်​သူ​နည်း။

အ​ခြား​သော​သူ​များ​က​မူ​ထာ​ဝ​ရ​ဘု​ရား ၏​မိန့်​တော်​မူ​ချက်​ကို​ပ​မာ​ဏ​မ​ပြု​ဘဲ မိ​မိ တို့​၏​ကျေး​ကျွန်​နှင့်​တိ​ရစ္ဆာန်​များ​ကို​အ​မိုး အ​ကာ​အောက်​သို့​မ​သွင်း​ဘဲ​နေ​ကြ​၏။

ငါမြင်၍ စေ့စေ့ဆင်ခြင်၏။ ကြည့်ရှု၍ သွန်သင် ခြင်းကို ခံရ၏။

ကိုယ်​တော်​က​ငါ့​အား``အ​ချင်း​လူ​သား၊ စေ့​စေ့​ကြည့်​ရှု​လော့။ သင့်​အား​ငါ​ပြော​သည်​ကို​ဂ​ရု​ပြု​နား​ထောင်​၍​ငါ​ပြ​သည့်​အ​ရာ​မှန်​သ​မျှ​ကို​သေ​ချာ​စွာ​မှတ်​သား​ထား​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​သင့်​အား ထို​အ​ရာ​များ​ကို​ပြ​ရန်​အ​တွက် ဤ​အ​ရပ်​သို့​ဆောင်​ယူ​လာ​ခြင်း​ဖြစ်​သော​ကြောင့်​တည်း။ သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မိ​မိ​တွေ့​မြင်​ရ​သော​အ​မှု​အ​ရာ​ကို​ပြော​ပြ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

ဤ​အ​ခန်း​များ​အောက်​အ​ဆောက်​အ​အုံ​၏ အ​ရှေ့​စွန်း​ပိုင်း​တံ​တိုင်း​အ​ပြင်​ဝင်း​အ​စ ပြု​သည့်​နေ​ရာ​၌​တံ​တိုင်း​အ​ပြင်​ဝင်း​သို့ ထွက်​ပေါက်​ရှိ​၏။ ဗိ​မာန်​တော်​တောင်​ဘက်​အ​ပြင်​တံ​တိုင်း​တစ် လျှောက် ဗိ​မာန်​တော်​အ​ပြင်​ဝင်း​နှင့်​ဆက်​၍ တံ​တိုင်း​နံ​ရံ​၏​ဆန့်​ကျင်​ဘက်​တွင် အ​ဆောက် အ​အုံ​များ​ရှိ​လေ​သည်။-

ထို​နောက်​ထို​လူ​သည်​တံ​တိုင်း​အ​တွင်း​ဝင်း ၏​တောင်​ဘက်​တံ​ခါး​အ​နီး​၌​ရှိ​သော​အ​ခန်း များ​၏​အ​ဝင်​ဝ​သို့​ငါ့​အား​ခေါ်​ဆောင်​သွား ၏။ ဤ​အ​ခန်း​များ​သည်​သန့်​ရှင်း​မြင့်​မြတ် သည့်​အ​ခန်း​များ​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ် တို့​အ​ဖို့​သီး​သန့်​ထား​လေ​သည်။ ထို​သူ က​ငါ့​အား​အ​ခန်း​များ​၏​အ​နောက်​သို့ ညွှန်​ပြ​လျက်၊-

ထို​သူ​က``အ​ချင်း​လူ​သား၊ ဤ​အ​ချင်း အ​ရာ​အ​လုံး​စုံ​ကို​သေ​ချာ​စွာ​မှတ်​သား လော့'' ဟု​ငါ့​အား​ပြော​၏။ ထို​နောက်​သူ​သည်​ငါ့​အား​မြစ်​ကမ်း​ပါး​သို့ ပြန်​လည်​ခေါ်​ဆောင်​သွား​၏။-

ထို​သူ​က``အ​ချင်း​ဒံ​ယေ​လ၊ မ​ကြောက်​နှင့်။ သင်​သည်​အ​သိ​ပ​ညာ​ကို​ရ​ရှိ​နိုင်​မည် အ​ကြောင်း မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​ရန် ဦး​စွာ ပ​ထ​မ​စိတ်​ပိုင်း​ဖြတ်​လိုက်​သည့်​နေ့​မှ​စ ၍​ဘု​ရား​သ​ခင်​သည် သင်​၏​ဆု​တောင်း​ပတ္ထ နာ​ကို​ကြား​တော်​မူ​ပြီ။ သင်​၏​လျှောက် ထား​ချက်​ကို​ဖြေ​ကြား​ရန်​ငါ့​ကို​စေ လွှတ်​တော်​မူ​လိုက်​၏။-

သင်​တို့​အား​ငါ​ပေး​သ​မျှ​သော​ပ​ညတ်​တို့​ကို စောင့်​ထိန်း​ကြ​စေ​ရန်​သူ​တို့​အား​သွန်​သင်​ကြ​လော့။ ငါ​သည်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင်​အောင်​သင်​တို့ နှင့်​အ​တူ​အ​စဉ်​မ​ပြတ်​ရှိ​တော်​မူ​မည်'' ဟု မိန့်​တော်​မူ​၏။ ရှင်​မ​ဿဲ​ခ​ရစ်​ဝင်​ပြီး​၏။

သူ​တို့​နှစ်​ယောက်​သည်​ဆက်​လက်​၍​ခ​ရီး​ပြု ကြ​စဉ်​ရေ​ရှိ​သည့်​အ​ရပ်​သို့​ရောက်​ကြ​၏။ ထို အ​ခါ​အ​ရာ​ရှိ​က``ဤ​အ​ရပ်​တွင်​ရေ​ရှိ​ပါ​၏။ ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​အ​ကျွန်ုပ်​မ​ခံ​ယူ​စေ​ရန် ဆီး​တား​သည့်​အ​ကြောင်း​ရှိ​ပါ​သ​လော'' ဟု ဆို​၏။

သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​တို့​ကို​ကျင့် ကြ​လော့။ ထပ်​တိုး​ခြင်း၊ နုတ်​ပယ်​ခြင်း​မ​ပြု ရ။''

``သင်​တို့​အား​ငါ​ယ​နေ့​ပေး​သ​မျှ​သော​ပညတ် တို့​ကို​စောင့်​ထိန်း​ကြ​လော့။ သင်​တို့​၏​သား​သ​မီး တို့​သည်​လည်း ဘု​ရား​သ​ခင်​၏​ပ​ညတ်​ရှိ​သ​မျှ ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​လျှောက်​စေ​ရန်​သွန် သင်​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ