Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 44:3

Common Language Bible

သို့​ရာ​တွင်​ယ​ခု​နန်း​စံ​လျက်​ရှိ​သည့်​မင်း​သား သည်​ကား ထို​အ​ရပ်​သို့​သွား​၍​ငါ​၏​ရှေ့​တော် တွင်​သန့်​ရှင်း​မြင့်​မြတ်​သည့်​စား​ဖွယ်​ခဲ​ဖွယ်​ကို စား​သောက်​နိုင်​ခွင့်​ရှိ​၏။ သူ​သည်​အ​စွန်​ဆုံး​ရှိ အ​ခန်း​ကြီး​ကို​ဖြတ်​၍​ဤ​တံ​ခါး​ဖြင့်​ဝင် ထွက်​သွား​လာ​ရန်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​တိရစ္ဆာန်​တစ်​ကောင်​ကို​သတ်​၍​တောင် ပေါ်​တွင်​ယဇ်​ပူ​ဇော်​ပြီး​လျှင်​သူ​၏​သား​ချင်း တို့​ကို​ဖိတ်​ခေါ်​လျက်​စား​ကြ​၏။ ထို​သို့​စား သောက်​ကြ​ပြီး​နောက်​သူ​တို့​သည်​တောင်​ပေါ် တွင်​ည​အိပ်​ကြ​၏။-

ထို​နောက်​အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​နှစ်​သက် စေ​ရန် အာ​ခတ်​သည်​ဗိ​မာန်​တော်​ရှိ​ရာ​ဇ​ပလ္လင် တည်​ရာ​စင်​မြင့်​ကို​ဖယ်​ရှား​ပြီး​လျှင် ဘု​ရင် အ​တွက်​သီး​သန့်​ထား​သည့်​ဗိ​မာန်​တော် အ​ဝင်​ဝ​ကို​လည်း​ပိတ်​လိုက်​၏။

တပ်​မှူး​များ​နှင့်​တံ​ပိုး​ခ​ရာ​မှုတ်​သူ​များ ခြံ​ရံ​လျက် ဗိ​မာန်​တော်​အ​ဝင်​ဝ​ရှိ​ကျောက် တိုင်​အ​နီး​တွင်​ဘု​ရင်​တို့​အ​တွက် သီး​သန့် ထား​သည့်​နေ​ရာ​တွင်​ရပ်​နေ​သော​ဘုရင်​သစ် ကို​တွေ့​မြင်​လေ​၏။ လူ​အ​ပေါင်း​တို့​သည်​ဝမ်း မြောက်​စွာ​ကြွေး​ကြော်​လျက် တံ​ပိုး​ခ​ရာ​များ ကို​မှုတ်​လျက်​ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည် များ​က​လည်း မိ​မိ​တို့​တူ​ရိ​ယာ​များ​ကို တီး​မှုတ်​လျက်​ဘိ​သိက်​ပွဲ​ကို​ကျင်း​ပ​နေ ကြ​၏။ အာ​သ​လိ​သည်​မိ​မိ​အ​ဝတ်​ကို ဆုတ်​လျက်``ပုန်​ကန်​မှု​ပါ​တ​ကား၊ ပုန်​ကန် မှု​ပါ​တ​ကား'' ဟု​အော်​ဟစ်​၏။

သူ​သည်​ဘု​ရင့်​ကျောက်​တိုင် အ​နီး​တွင်​ရပ်​လျက်``အ​ကျွန်ုပ်​သည်​ကိုယ်​တော် ၏​စ​ကား​တော်​ကို​နား​ထောင်​ပါ​မည်။ ကိုယ် တော်​၏​တ​ရား​တော်​နှင့်​ပ​ညတ်​တော်​တို့​ကို စိတ်​ရော​ကိုယ်​ပါ​စောင့်​ထိန်း​ပါ​မည်။ ကျမ်း စောင်​တော်​တွင်​ရေး​ထား​သည့်​အ​တိုင်း​ပ​ဋိ ညာဉ်​တော်​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ​ကို လိုက်​နာ​ကျင့်​သုံး​ပါ​မည်'' ဟု​ထာ​ဝရ ဘု​ရား​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။-

ကုန်​သွယ်​၍​ရ​ရှိ​သည့်​ငွေ​များ​ကို ထာ​ဝ​ရ ဘု​ရား​အား​ဆက်​ကပ်​လှူ​ဒါန်း​လိမ့်​မည်။ ယင်း တို့​ကို​သိမ်း​ဆည်း​၍​ထား​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ တို့​သည်​လည်း ထို​ငွေ​ဖြင့်​မိ​မိ​တို့​လို​အပ် သည့်​အ​စား​အ​စာ​များ​နှင့် အ​ဝတ်​အ​ထည် များ​ကို​ဝယ်​ခြမ်း​ကြ​လိမ့်​မည်။

သို့​ရာ​တွင်​အ​သီး​အ​နှံ​များ​ကို​စိုက်​ပျိုး ရိတ်​သိမ်း သူ​သင်​တို့​သာ​လျှင်၊ ယင်း​တို့​ကို​စား​သုံး​ကြ​လျက်၊ထာ​ဝ​ရ​ဘု​ရား အား ထော​မ​နာ​ပြု​ရ​ကြ​လိမ့်​မည်။ စ​ပျစ်​သီး​များ​ကို​ပြု​စု​ဆွတ်​ခူး​သူ​သင်​တို့ သာ​လျှင် ငါ​၏​ဗိ​မာန်​တော်​တန်​တိုင်း​အ​တွင်း​၌ စ​ပျစ်​ရည်​ကို သောက်​ရ​ကြ​လိမ့်​မည်။''

ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဘု​ရား ဖြစ်​လိမ့်​မည်။ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကဲ့​သို့ သော​ဘု​ရင်​သည်​လည်း သူ​တို့​၏​ဘု​ရင် ဖြစ်​လိမ့်​မည်။ ဤ​ကား​ငါ​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။-

သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​နေ​ထိုင် ခဲ့​ကြ​သည့်​ပြည်​တည်း​ဟူ​သော​ငါ​၏​အ​စေ ခံ​ယာ​ကုပ်​အား ငါ​ပေး​အပ်​သည့်​ပြည်​တွင် နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​နည်း​တူ​သူ တို့​၏​သား​သ​မီး​များ​နှင့်​အ​ဆက်​အ​နွယ် အ​ပေါင်း​တို့​သည်​ထို​ပြည်​တွင်​အ​စဉ်​အ​မြဲ နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ ငါ​၏​အ​စေ​ခံ​ဒါဝိဒ် ကဲ့​သို့​သော​ဘု​ရင်​သည်​သူ​တို့​ကို​အ​စဉ် အုပ်​စိုး​လိမ့်​မည်။-

``မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​တည်း ဟူ​သော​ပူ​ဇော်​သ​ကာ​ကို​နန်း​စံ​နေ​ဆဲ​မင်း သား​သည် မိ​မိ​အ​လို​အ​လျောက်​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​လို​သော​အ​ခါ သူ့ အ​တွက်​အ​ရှေ့​မုခ်​ပေါက်​ကို​ဖွင့်​၍​ပေး​ရ​မည်။ သူ​သည်​လည်း​ဥ​ပုသ်​နေ့​မှာ​ကဲ့​သို့​ပင်​ပူ​ဇော် သကာ​ကို​ဆက်​သ​ရ​မည်။ သူ​ပြန်​လည်​ထွက် ခွာ​သွား​သော​အ​ခါ​တံ​ခါး​ကို​တစ်​ဖန် ပြန်​၍​ပိတ်​ထား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

နန်း​စံ​နေ​ဆဲ​မင်း​သား​သည်​ထို​တံ​ခါး​ဖြင့် တံ​တိုင်း​အ​ပြင်​ဝင်း​က​နေ​၍ မုခ်​ပေါက်​အ​တွင်း ၌​ရှိ​သော​အ​ခန်း​ထဲ​သို့​ဝင်​ရ​မည်။ သူ​သည် မိ​မိ​၏​မီး​ရှို့​ရာ​ယဇ်​များ​နှင့်​မိတ်​သ​ဟာ ယဇ်​များ​ကို​ယဇ်​ပု​ရော​ဟိတ်​တို့​ပူ​ဇော်​နေ ကြ​စဉ် မုခ်​ပေါက်​တိုင်​များ​အ​နီး​တွင်​ရပ်​၍ နေ​ရ​မည်။ သူ​သည်​တံ​ခါး​ဝ​တွင်​ရှိ​ခိုး​ဝတ် ပြု​ပြီး​နောက်​အ​ပြင်​သို့​ပြန်​၍​ထွက်​ရ​မည်။ တံ​ခါး​ကို​မူ​ည​နေ​အ​ထိ​မ​ပိတ်​ဘဲ​ထား ရ​မည်။-

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့် သင် တို့​အ​လုပ်​လုပ်​၍​ရ​ရှိ​သော​အ​စား​အ​စာ​များ ကို သင်​တို့​နှင့်​တ​ကွ​သင်​တို့​၏​မိ​သား​စု​များ သည် ထို​ဌာ​န​တွင်​ကိုယ်​တော်​၏​ရှေ့​တော်​၌ ပျော်​ရွှင်​စွာ​စား​ရ​ကြ​မည်။''

နား​ထောင်​လော့။ ငါ​သည်​တံ​ခါး​ရှေ့​တွင်​ရပ်​၍ တံ​ခါး​ခေါက်​လျက်​နေ​၏။ ငါ​၏​အ​သံ​ကို​ကြား ၍​တံ​ခါး​ကို​ဖွင့်​သော​သူ​၏​အိမ်​သို့​ငါ​ဝင်​ပြီး လျှင်​သူ​နှင့်​အ​တူ​စား​သောက်​မည်။ သူ​သည် လည်း​ငါ​နှင့်​အ​တူ​စား​သောက်​ရ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ