Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 44:29

Common Language Bible

ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဘော​ဇဉ်​ပူ​ဇော်​သကာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့်​ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ် တို့​ကို​စား​သုံး​ကြ​ရ​မည်။ ထို​မှ​တစ်​ပါး​လည်း သူ​တို့​သည်​ဣ​သ​ရေ​လ​ပြည်​တွင် ငါ​၏​အ​တွက် သီး​သန့်​ထား​သ​မျှ​သော​အ​ရာ​မှန်​သ​မျှ​ကို ရ​ရှိ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဤ​အ​ရပ်​ကား​ယဇ်​ပု​ရော​ဟိတ်​တို့​အ​ပြစ် ဖြေ​ရာ​ယဇ်၊ သို့​မ​ဟုတ်​ဒု​စ​ရိုက်​ဖြေ​ရာ ယဇ်​ကို​ပူ​ဇော်​ရန်​အ​သား​များ​ကို​ပြုတ် ရာ၊ မုန့်​ညက်​ပူ​ဇော်​သကာ​ကို​ဖုတ်​ရာ​အ​ရပ် ဖြစ်​၏။ လူ​တို့​ဘေး​အန္တ​ရာယ်​မ​ဖြစ်​ကြ စေ​ရန်​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​ရာ​မှန် သ​မျှ​ကို​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မ​ထုတ် ကြ​ခြင်း​ဖြစ်​၏'' ဟု​ဆို​၏။

ကျန်​သော​မုန့်​သည် ယဇ်​ပု​ရော​ဟိတ်​များ​သုံး ဆောင်​ရန်​အ​တွက်​ဖြစ်​စေ​ရ​မည်။ ထို​မုန့်​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ပြီး​သော​မုန့် ထဲ​က​ဖြစ်​သော​ကြောင့်​အ​လွန်​သန့်​ရှင်း​သည်။

ကျန်​သော​ဘော​ဇဉ်​သ​ကာ​သည် ယဇ်​ပု​ရော​ဟိတ် များ​သုံး​ဆောင်​ရန်​အ​တွက်​ဖြစ်​စေ​ရ​မည်။ ထို ဘော​ဇဉ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ပြီး သော​ဘော​ဇဉ်​သ​ကာ​ဖြစ်​သော​ကြောင့် ယဇ်​ပု​ရော ဟိတ်​များ​သာ​သုံး​ဆောင်​ရ​မည်။ အ​လွန်​သန့်​ရှင်း သည်။

ရှေ့​လာ​မည့်​ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ် ကျ​ရောက်​သည့်​အ​ခါ​ထို​မြေ​ယာ​သည်​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ဆက်​သ​ထား​သော​မြေ ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​အ​မြဲ​ပိုင်​တော်​မူ​၏။ သို့ ဖြစ်​၍​ထို​မြေ​သည်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် ဆိုင်​သည်။

ထာ​ဝ​ရ​ဘု​ရား​အား အ​ပြီး​အ​ပိုင်​လုံး​ဝ ပူ​ဇော်​ဆက်​သ​ထား​သော​လူ​ကို​ဖြစ်​စေ၊ တိ​ရစ္ဆာန်​ကို​ဖြစ်​စေ၊ မြေ​ယာ​ကို​ဖြစ်​စေ မ​ရောင်း​မ​ဝယ်​ရ။ ထို​ကဲ့​သို့​ပူ​ဇော်​ဆက်​သ ထား​သ​မျှ​ကို​ထာ​ဝ​ရ​ဘု​ရား​အ​မြဲ ပိုင်​၏။-

ထို​ယဇ်​ကောင်​ကို​ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ် သည် ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် ဝင်း​အ​တွင်း​တွင် သန့်​ရှင်း​ရာ​ဌာ​န​၌​ယဇ်​ကောင် ၏​အ​သား​ကို​စား​ရ​မည်။-

ယဇ်​ပု​ရော​ဟိတ်​အ​နွယ်​ထဲ​မှ​ယောကျာ်း​အ​ပေါင်း တို့​သည် ထို​ယဇ်​ကောင်​၏​အ​သား​ကို​စား​နိုင် သည်။ ထို​ပူ​ဇော်​သ​ကာ​သည်​အ​လွန်​သန့်​ရှင်း ၏။-

ယဇ်​ပု​ရော​ဟိတ်​ယောကျာ်း​အ​ပေါင်း​တို့​သည် ထို ယဇ်​ကောင်​၏​အ​သား​ကို​စား​နိုင်​သည်။ ထို​ပူ​ဇော် သ​ကာ​သည်​အ​လွန်​သန့်​ရှင်း​သော​ကြောင့် သန့်​ရှင်း ရာ​ဌာ​န​တွင်​စား​ရ​မည်။

``ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​ငါ့​အား အ​ပြီး အ​ပိုင်​ဆက်​ကပ်​ထား​သ​မျှ​တို့​သည်​သင် တို့​နှင့်​ဆိုင်​၏။

ယု​ဒ​တဲ​တော်​အ​တွင်း​၌​တာ​ဝန်​ထမ်း​ဆောင် ရ​သူ​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ငါ​တို့​၏​ယဇ် ပလ္လင်​မှ​အ​ဘယ်​ပူ​ဇော်​သ​ကာ​ကို​မျှ​စား ပိုင်​ခွင့်​မ​ရှိ။-

မော​ရှေ​သည်​လေ​ဝိ​အ​နွယ်​အား​နယ်​မြေ​ခွဲ ဝေ​ပေး​ခြင်း​မ​ပြု​ခဲ့​ချေ။ ထာ​ဝ​ရ​ဘု​ရား က​မော​ရှေ​အား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​သော​ပူ​ဇော် သ​ကာ​မှ​ဝေ​စု​ကို​ရ​ရှိ​ကြ​လေ သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ