Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 44:13

Common Language Bible

သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့်​ငါ ၏​အ​မှု​တော်​ကို​မ​ဆောင်​ရွက်​ရ​ကြ။ သန့်​ရှင်း မြင့်​မြတ်​ရာ​တစ်​စုံ​တစ်​ခု​အ​နား​သို့​မျှ လည်း​မ​ချဉ်း​မ​ကပ်​ရ​ကြ။ အ​လွန်​သန့်​ရှင်း ရာ​ဌာ​န​တော်​သို့​လည်း​မ​ဝင်​ရ​ကြ။ ဤ အ​ပြစ်​ဒဏ်​ကား​သူ​တို့​ပြု​ခဲ့​သည့်​စက်​ဆုပ် ဖွယ်​ရာ​အ​မှု​များ​အ​တွက်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

အ​ဆို​ပါ​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဗိ​မာန် တော်​တွင် အ​မှု​တော်​ဆောင်​ခွင့်​မ​ရ​ကြ​သော် လည်း မိ​မိ​တို့​အ​ဖော်​ယဇ်​ပု​ရော​ဟိတ်​တို့​ရ ရှိ​ကြ​သည့်​တ​ဆေး​မဲ့​မုန့်​ကို​မူ​စား​ခွင့်​ရ ကြ​၏။

အ​ကျွန်ုပ်​တို့​သည်​အ​ရှက်​တွင်​လဲ​လျောင်း​ကာ အ​သ​ရေ​ပျက်​မှု​နှင့်​လွှမ်း​ခြုံ​၍​နေ​သင့်​ကြ ပါ​၏။ အ​ကျွန်ုပ်​တို့​ငယ်​စဉ်​အ​ချိန်​က​စ​၍ ယ​နေ့​ထိ​တိုင်​အောင် အ​ကျွန်ုပ်​တို့​နှင့်​ဘိုး​ဘေး များ​သည်​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ခဲ့​ကြ​ပါ​ပြီ။ ကိုယ်​တော် ၏​စ​ကား​ကို​လည်း​နား​မ​ထောင်​ခဲ့​ကြ​ပါ'' ဟု​ဆို​ကြ​၏။

သင်​၏​အစ်​မ​နှင့်​ညီ​မ​တို့​သည်​သင့်​ထံ​သို့ ပြန်​လည်​ရောက်​ရှိ​လာ​သော​အ​ခါ သင်​သည် မိ​မိ​ပြု​ကျင့်​ခဲ့​သည့်​အ​မှု​ကို​သ​တိ​ရ​၍ ရှက်​လိမ့်​မည်။ သင်​နှင့်​ငါ​ဖွဲ့​ခဲ့​သော​ပ​ဋိ​ညာဉ် တွင်​မ​ပါ​ရှိ​သော်​လည်း ငါ​သည်​သူ​တို့​အား သင်​၏​သ​မီး​များ​သ​ဖွယ်​ဖြစ်​စေ​မည်။-

သင်​ပြု​ခဲ့​သ​မျှ​သော​အ​မှား​တို့​ကို​ငါ​ခွင့် လွှတ်​သော​အ​ခါ သင်​သည်​ယင်း​အ​မှား​တို့ ကို​သ​တိ​ရ​လျက်​ရှက်​သ​ဖြင့် နှုတ်​ကို​ပင် မ​ဖွင့်​နိုင်​သည်​တိုင်​အောင်​အ​ရှက်​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။

``အီ​ဂျစ်​ပြည်​သူ​တို့​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး သူ​များ​နှင့်​အ​တူ သေ​ကြ​လိမ့်​မည်။ အီ​ဂျစ် ပြည်​သူ​အ​ပေါင်း​တို့​အား​သုတ်​သင်​ပစ်​၍ ဆွဲ​ထုတ်​သွား​ရန် ဋ္ဌား​သည်​အ​ဆင်​သင့်​ရှိ​နေ​၏။-

ပတ်​ဝန်း​ကျင်​တိုင်း​ပြည်​များ​သည်​အ​ရှက် ကွဲ​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း ငါ​အ​ရှင်​ထာ ဝရ​ဘု​ရား​အ​လေး​အ​နက်​ကျိန်​ဆို​၏။-

သူ​တို့​သည်​မိ​မိ​တို့​၏​ပြည်​တွင်​ခြိမ်း​ခြောက် မည့်​သူ​မ​ရှိ​ဘဲ​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​ရ ကြ​သော​အ​ခါ ငါ့​အား​သစ္စာ​ဖောက်​ခြင်း ကြောင့်​အ​သ​ရေ​ပျက်​ခဲ့​ရ​ကြောင်း​ကို​မေ့ ပျောက်​နိုင်​ကြ​လိမ့်​မည်။-

သူ​တို့​သည်​သင့်​ဝေ​ယျာ​ဝစ္စ​နှင့်​တဲ​တော် ဝေ​ယျာ​ဝစ္စ​ကို​ဆောင်​ရွက်​ရ​ကြ​မည်။ သို့​ရာ တွင်​သူ​တို့​သည်​သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် ဆိုင်​သော​ပစ္စည်း​များ​ကို​လည်း​ကောင်း၊ ယဇ် ပလ္လင်​ကို​လည်း​ကောင်း​မ​ထိ​မ​ကိုင်​ရ။ အ​ကယ် ၍​ထိ​ကိုင်​မိ​လျှင်​သင်​နှင့်​တ​ကွ​သူ​တို့​သည် သေ​ဒဏ်​ခံ​ရ​ကြ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ