ယေဇကျေလ 44:10Common Language Bibleထာဝရဘုရားကငါ့အားရုပ်တုများကိုကိုး ကွယ်သူဣသရေလအမျိုးသားတို့နှင့်အတူ ငါ့အားစွန့်ပယ်ကြသောလေဝိအနွယ်ဝင် တို့သည်အပြစ်ပေးခြင်းကိုခံရကြမည်။- အခန်းကိုကြည့်ပါ။ |
သူသည်ဝေဒနာခံစားနေရာမှဝမ်းမြောက် ရွှင်လန်းခွင့်ကိုပြန်လည်ရရှိလိမ့်မည်။ မိမိခံစားခဲ့ရသည့်ဝေဒနာမှာအချည်းနှီး မဖြစ်ကြောင်းကိုလည်းသိရှိလာလိမ့်မည်။ သူသည်ငါ၏အစေခံသူတော်ကောင်းဖြစ်၏။ လူအများ၏အပြစ်ဝန်ကိုထမ်းဆောင်လျက်၊ ထိုဆောင်ရွက်မှုကြောင့်ထိုသူတို့အား အပြစ်လွှတ်ခြင်းအခွင့်ကိုငါပေးမည်။
ယဇ်ပုရောဟိတ်တို့သည်လည်းငါ၏တရား တော်ကိုချိုးဖောက်၍ မြင့်မြတ်သန့်ရှင်းသည့် အရာကိုမရိုမသေပြုကြ၏။ သူတို့သည် မြင့်မြတ်သန့်ရှင်းသည့်အရာနှင့် သာမန်အရာ ကိုခွဲခြားမှုမပြုကြ။ သူတို့သည်သန့်စင် သည့်အရာနှင့်မသန့်စင်သည့်အရာ ခြား နားပုံကိုလည်းသင်ကြား၍မပေးကြ။ ဥပုသ်နေ့ကိုလျစ်လူပြုကြ၏။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည်ငါ့အား မရိုသေကြ။-
အရှင်ထာဝရဘုရားက``သို့ရာတွင်အခြား ဣသရေလအမျိုးသားအပေါင်းတို့ငါ့အား ကျောခိုင်းသွားကြသောအခါဇာဒုတ်၏သား မြေးလေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့ သည်ဆက်လက်၍ဗိမာန်တော်တွင်ငါ၏အမှု တော်ကိုသစ္စာရှိစွာဆောင်ရွက်ခဲ့ကြ၏။ သို့ ဖြစ်၍သူတို့သည်ယခုငါ၏အမှုတော် ကိုထမ်းဆောင်ရသူများဖြစ်ကြမည်။ ငါ ၏အထံတော်သို့ဝင်၍ယဇ်ကောင်များ၏ ဆီဥနှင့်သွေးကိုပူဇော်ရကြမည်။-
ဤသန့်ရှင်းမြင့်မြတ်သည့်နယ်မြေသည်ဇာဒုတ်၏သားမြေးများဖြစ်ကြသောယဇ်ပုရောဟိတ်တို့အတွက်ဖြစ်ရမည်။ သူတို့သည်ငါ၏အမှုတော်ကိုသစ္စာရှိစွာထမ်းဆောင်ခဲ့ကြ၏။ အခြားဣသရေလအမျိုးသားတို့မှောက်မှားလမ်းလွဲကြသောအခါ သူတို့သည်လေဝိအနွယ်ဝင်တို့ကဲ့သို့လမ်းမလွဲကြ။-
ယခုမှစ၍လေဝိအနွယ်ဝင်တို့ကသာလျှင် တဲတော်ကိုထိန်းသိမ်း၍ တဲတော်နှင့်ဆိုင်သော ဝေယျာဝစ္စရှိသမျှကိုတာဝန်ခံဆောင်ရွက် ရမည်။ ဤပညတ်ကိုသင်၏သားမြေးအစဉ် အဆက်စောင့်ထိန်းရမည်။ ငါ့အားဣသရေလ အမျိုးသားတို့ကအထူးအလှူအဖြစ် ဆက် သသောဆယ်ဖို့တစ်ဖို့ကိုလေဝိအနွယ်ဝင် တို့ကိုငါပေးထားပြီဖြစ်သောကြောင့် ဣသ ရေလနိုင်ငံတွင်ပစ္စည်းဥစ္စာမပိုင်ဆိုင်ရ။ သို့ ဖြစ်၍သူတို့သည်ဣသရေလနိုင်ငံတွင် ပစ္စည်းဥစ္စာမပိုင်ရဟုငါအမိန့်ရှိခဲ့ပြီ'' ဟုမိန့်တော်မူ၏။