Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 43:17

Common Language Bible

အ​လယ်​ဆင့်​သည်​လည်း​စ​တု​ရန်း​ပုံ​သဏ္ဌာန် ပင်​ဖြစ်​၍​အ​လျား​အ​နံ​နှစ်​ဆယ့်​လေး​ပေ​စီ ရှိ​၏။ ယင်း​အ​ဆင့်​ပတ်​လည်​အ​နား​တွင်​အ​နက် ဆယ်​ပေ​ရှိ​သော​ဘောင်​ရှိ​၏။ (ရေ​စီး​မြောင်း​သည် လက်​မ​နှစ်​ဆယ်​ကျယ်​သ​တည်း။) ယဇ်​ပလ္လင်​သို့ တက်​ရန်​လှေ​ကား​မှာ​အ​ရှေ့​ဘက်​၌​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​ဝတ်​ပြု​ရန်​ယဇ် ပလ္လင်​ကို​တည်​လေ​သည်။ ထို​ယဇ်​ပလ္လင်​၏​ပတ်​လည် ၌​ရေ​လေး​ဂါ​လံ​ခန့်​ဝင်​သည့်​မြောင်း​ကို​တူး​၏။-

အောက်​ဆုံး​ခန်း​ငယ်​အ​ဝင်​ဝ​မှာ​ဗိ​မာန်​တော် ၏​တောင်​ဘက်​တွင်​ရှိ​၏။ ဒု​တိ​ယ​နှင့်​တ​တိ​ယ ထပ်​များ​သို့​တက်​ရန်​လှေ​ကား​များ​တပ်​ဆင် ထား​၏။-

လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​တွက်​ဆောက်​လုပ်​ထား သော​စင်​မြင့်​ပေါ်​တွင်​ယော​ရှု၊ ဗာ​နိ၊ ကပ်​မျေ​လ၊ ရှေ​ဗ​နိ၊ ဗုန္နိ၊ ရှေ​ရ​ဘိ၊ ဗာ​နိ​နှင့်​ခေ​န​နိ​တို့​သည် ရပ်​လျက် သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​အ​သံ​ကျယ်​စွာ​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​၏။

ယဇ်​ပလ္လင်​တွင်​လှေ​ကား​ထစ်​မ​ရှိ​စေ​ရ။ အ​ကယ် ၍​လှေ​ကား​ထစ်​ရှိ​ခဲ့​လျှင်​သင်​တို့​သည်​ပလ္လင် သို့​တက်​သည့်​အ​ခါ သင်​တို့​၏​ကိုယ်​အင်္ဂါ အ​စိတ်​အ​ပိုင်း​ကို​မြင်​ရ​လိမ့်​မည်။

စား​ပွဲ​ပတ်​လည်​တွင်​သုံး​လက်​မ​ဗြက်​ရှိ​သော ဘောင်​တပ်​၍​အ​နား​ကို​ရွှေ​ကွပ်​ရ​မည်။-

ပလ္လင်​တော်​မျက်​နှာ​ပြင်၊ ဘေး​ပတ်​လည်၊ ထောင့်​ချွန် အ​တက်​များ​ကို​ရွှေ​ချ​ရ​မည်။ ပလ္လင်​အ​ပေါ်​နား ပတ်​လည်​တွင်​ရွှေ​ကွပ်​ရ​မည်။-

ထို​နောက်​သူ​သည်​အ​ရှေ့​အ​ရပ်​သို့​မျက်​နှာ​မူ​နေ​သည့်​တံ​ခါး​သို့​သွား​၍​လှေ​ကား​ကို​တက်​ပြီး​လျှင် အ​ပေါ်​ဆုံး​အ​ထစ်​မှ​တံ​ခါး​ဝ​ကို​တိုင်း​ကြည့်​ရာ​အ​မြင့်​ဆယ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။-

ယဇ်​ပလ္လင်​၏​အ​နိမ့်​ဆုံး​အ​ဆင့်​သည်​လေး​ပေ မြင့်​၏။ နောက်​တစ်​ဆင့်​မှာ​ပ​ထ​မ​ဆင့်​၏​အ​နား လေး​ဘက်​စ​လုံး​မှ​လက်​မ​နှစ်​ဆယ်​ခွာ​၍​ထား ပြီး​လျှင်​အမြင့်​ခု​နစ်​ပေ​ရှိ​လေ​သည်။ နောက် တစ်​ဆင့်​သည်​လည်း​ထို​နည်း​တူ​ဒု​တိ​ယ အ​ဆင့်​အ​နား​လေး​ဘက်​စ​လုံး​မှ​လက်​မ နှစ်​ဆယ်​ခွာ​၍​ထား​လေ​၏။-

သင်​သည်​ထို​နွား​၏​သွေး​အ​နည်း​ငယ်​ကို​ယူ ၍​ယဇ်​ပလ္လင်​ထိပ်​ထောင့်​ချွန်​များ၊ အ​လယ်​ဆင့် ထောင့်​များ​နှင့်​ယဇ်​ပလ္လင်​ပတ်​လည်​အ​နား​တို့ အ​ပေါ်​မှာ​တင်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သင် သည်​ယဇ်​ပလ္လင်​ကို​သန့်​စင်​စေ​၍​ဆက်​ကပ် ရ​မည်။-

ယဇ်​ပု​ရော​ဟိတ်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ် ကောင်​၏​သွေး​အ​နည်း​ငယ်​ကို​ယူ​၍ ဗိ​မာန် တော်​တံ​ခါး​တိုင်​များ၊ ယဇ်​ပလ္လင်​၏​ထောင့် လေး​ထောင့်​နှင့် တံ​တိုင်း​အ​တွင်း​ရှိ​ဝင်း​သို့ ဝင်​ရာ​တံ​ခါး​တိုင်​များ​ကို​သုတ်​ရ​မည်။-

သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ငါ့​အား ဗိ​မာန်​တော်​အ​တွင်း​တံ​တိုင်း​သို့​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ဗိ​မာန်​တော်​အ​ဝင်​ဝ​အ​နီး​ယဇ်​ပလ္လင်​နှင့်​ဆင်​ဝင်​စပ်​ကြား​၌ လူ​နှစ်​ဆယ့်​ငါး​ယောက်​ခန့်​ရှိ​၏။ သူ​တို့​သည်​ဗိ​မာန်​တော်​ကို​ကျော​ခိုင်း​လျက်​အ​ရှေ့​ဘက်​သို့​မျက်​နှာ​မူ​လျက် ထွက်​ပြူ​လာ​သော​နေ​မင်း​အား​ရှိ​ခိုး​နေ​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ