ယေဇကျေလ 43:10Common Language Bibleထိုနောက်ထာဝရဘုရားကဆက်လက်၍ ``အချင်းလူသား၊ ဣသရေလအမျိုး သားတို့သည်မိမိတို့ပြုသောမကောင်း မှုများအတွက်ရှက်ကြောက်ခြင်းငှာ ဗိမာန်တော်ပုံစံကိုသူတို့အားဖော်ပြ၍ လေ့လာစေလော့။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က``အချင်းလူသား၊ တုရုဘုရင် တွေ့ကြုံရမည့်ကံကြမ္မာအတွက်ဝမ်းနည်း ပူဆွေးလော့။ ငါအရှင်ဘုရားအဘယ်သို့ မိန့်တော်မူသည်ကိုသူ့အားဆင့်ဆိုရမည် မှာသင်သည်အခါတစ်ပါးကခြောက်ပြစ် ကင်းစံတင်ထိုက်သူဖြစ်ခဲ့ဖူး၏။ သင်သည် အလွန်ပညာရှိ၍အဆင်းလှသူဖြစ်ခဲ့ ပါသည်တကား။-
ကိုယ်တော်ကငါ့အား``အချင်းလူသား၊ စေ့စေ့ကြည့်ရှုလော့။ သင့်အားငါပြောသည်ကိုဂရုပြုနားထောင်၍ငါပြသည့်အရာမှန်သမျှကိုသေချာစွာမှတ်သားထားလော့။ အဘယ်ကြောင့်ဆိုသော်ငါသည်သင့်အား ထိုအရာများကိုပြရန်အတွက် ဤအရပ်သို့ဆောင်ယူလာခြင်းဖြစ်သောကြောင့်တည်း။ သင်သည်ဣသရေလအမျိုးသားတို့အားမိမိတွေ့မြင်ရသောအမှုအရာကိုပြောပြရမည်'' ဟုမိန့်တော်မူ၏။
အကယ်၍သူတို့သည်မိမိတို့အကျင့်ဆိုး များအတွက်အကယ်ပင်ရှက်ကြောက်လာ ကြပါမူဗိမာန်တော်ပုံသဏ္ဌာန်၊ အဝင် အထွက်အပေါက်များ၊ အစီအစဉ်အလုံး စုံ၊ ဗိမာန်တော်၏ဥပဒေများနှင့်စည်းမျဉ်း သတ်မှတ်ချက်အပေါင်းကိုရှင်းပြလော့။ သူတို့ပြင်နိုင်ရန်နှင့်လိုက်နာနိုင်ရန်ယင်း တို့ကိုရေးသားလော့။-
အကယ်၍ပြောခဲ့သည်ရှိသော်ငါတို့၏ အဆက်အနွယ်တို့က`ကြည့်လော့၊ ငါတို့၏ ဘိုးဘေးတို့သည်ထာဝရဘုရား၏ယဇ်ပလ္လင် ကဲ့သို့သောယဇ်ပလ္လင်တစ်ခုကိုတည်ခဲ့ကြ၏။ ထိုယဇ်ပလ္လင်သည်မီးရှို့ရာသကာအစရှိ သောသကာများကိုပူဇော်ဆက်သရန် မဟုတ်။ သင်တို့၏လူစုနှင့်ငါတို့၏လူစု အတွက်သက်သေအထိမ်းအမှတ်သာဖြစ် သည်' ဟုပြန်ပြောနိုင်လိမ့်မည်ဟူ၍ထင် မြင်ယူဆပါသည်။-