Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 42:11

Common Language Bible

အ​ခန်း​များ​၏​ရှေ့​တွင်​မြောက်​ဘက်​မှာ​ကဲ့ သို့​ပင်​လမ်း​တစ်​သွယ်​ရှိ​၏။ ထို​အ​ခန်း​တို့ ၏​အ​တိုင်း​အ​တာ၊ ပုံ​ပန်း​သဏ္ဌာန်​နှင့်​တံ​ခါး ပေါက်​များ​သည်​မြောက်​ဘက်​ရှိ​အ​ခန်း​များ အ​တိုင်း​ပင်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

4 ပူးပေါင်းရင်းမြစ်များ  

မြောက်​ဘက်​၌​ယင်း​ကို​ယှဉ်​လျက်​နေ​သည့် လမ်း​တစ်​သွယ်​ရှိ​၏။ ထို​လမ်း​သည်​အ​လျား ပေ​တစ်​ရာ​ခု​နစ်​ဆယ်၊ အ​နံ​တစ်​ဆယ့်​ခု​နစ် ပေ​ရှိ​၏။ ထို​မြောက်​ဘက်​၌​ပင်​လျှင်​ထို အ​ဆောက်​အ​အုံ​သို့​ဝင်​ရန်​အ​ပေါက်​များ ရှိ​လေ​သည်။-

အ​ကယ်​၍​သူ​တို့​သည်​မိ​မိ​တို့​အ​ကျင့်​ဆိုး များ​အ​တွက်​အ​ကယ်​ပင်​ရှက်​ကြောက်​လာ ကြ​ပါ​မူ​ဗိ​မာန်​တော်​ပုံ​သဏ္ဌာန်၊ အ​ဝင် အ​ထွက်​အ​ပေါက်​များ၊ အ​စီ​အ​စဉ်​အ​လုံး စုံ၊ ဗိ​မာန်​တော်​၏​ဥ​ပ​ဒေ​များ​နှင့်​စည်း​မျဉ်း သတ်​မှတ်​ချက်​အ​ပေါင်း​ကို​ရှင်း​ပြ​လော့။ သူ​တို့​ပြင်​နိုင်​ရန်​နှင့်​လိုက်​နာ​နိုင်​ရန်​ယင်း တို့​ကို​ရေး​သား​လော့။-

ထာ​ဝ​ရ​ဘု​ရား​က​လည်း​ငါ့​အား``အ​ချင်း လူ​သား၊ သင်​မြင်​ရ​ကြား​ရ​သော​အ​ရာ​မှန် သ​မျှ​ကို​ဂ​ရု​ပြု​လော့။ ငါ​သည်​ဗိ​မာန်​တော် နှင့်​ဆိုင်​သော​စည်း​မျဉ်း​ဥ​ပ​ဒေ​များ​ကို​သင့် အား​ပြော​မည်။ အ​ဘယ်​သူ​တို့​သည်​ဗိ​မာန် တော်​သို့​ဝင်​ထွက်​ခွင့်​ရှိ​သည်​ကို​သေ​ချာ စွာ​မှတ်​သား​လော့။''

ယေ​ရု​ရှ​လင်​မြို့​သို့​ဝင်​ရန်​တံ​ခါး​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏ ။ မြို့​ရိုး​တစ်​ခု​လျှင်​ကိုက်​ပေါင်း​နှစ်​ထောင့်​ငါး​ရာ့​နှစ်​ဆယ်​ရှည်​၍​တံ​ခါး​သုံး​ခု​စီ​ရှိ​၏။ ထို​တံ​ခါး​တို့​ကို​ဣ​သ​ရေ​လ​အ​နွယ်​စု​တို့​၏​နာ​မည်​များ​ဖြင့်​မှည့်​ခေါ်​၍​ထား​လေ​သည်။ မြောက်​မြို့​ရိုး​တွင်​ရု​ဗင်​တံ​ခါး၊ ယု​ဒ​တံ​ခါး၊ လေ​ဝိ​တံ​ခါး​ဟူ​၍​လည်း​ကောင်း၊ အ​ရှေ့​မြို့​ရိုး​တွင် ယော​သပ်​တံ​ခါး၊ ဗင်္ယာ​မိန်​တံ​ခါး၊ ဒန်​တံ​ခါး​ဟူ​၍​လည်း​ကောင်း၊ တောင်​မြို့​ရိုး​တွင်​ရှိ​မောင်​တံ​ခါး၊ ဣ​သ​ခါ​တံ​ခါး၊ ဇာ​ဗု​လုန်​တံ​ခါး​ဟူ​၍​လည်း​ကောင်း၊ အ​နောက်​မြို့​ရိုး​တွင်​ဂဒ်​တံ​ခါး၊ အာ​ရှာ​တံ​ခါး၊ န​ဿ​လိ​တံ​ခါး​ဟူ​၍​လည်း​ကောင်း​နာ​မည်​ပေး​ထား​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ