ယေဇကျေလ 41:6Common Language Bibleထိုအခန်းများသည်အထပ်သုံးထပ်ရှိ ၍တစ်ထပ်လျှင် အခန်းငယ်ပေါင်းသုံးဆယ် စီရှိ၏။ ဗိမာန်တော်ဘက်မှနံရံများသည် တစ်ထပ်နှင့်တစ်ထပ်ထုချင်းမတူကြ။ အောက် ထပ်နံရံကအထက်ထပ်နံရံထက်ပို၍ ထူ၏။ ဤနည်းအားဖြင့်အခန်းငယ်များ ကိုနံရံနှင့်ချိတ်ဆက်၍ဆောက်မည့်အစား၊ ထုထည်ကြီးသောနံရံချွန်းပေါ်တွင် တင်၍ဆောက်လုပ်ထားလေသည်။- အခန်းကိုကြည့်ပါ။ |
ထိုလူသည်ငါ့အားမုခ်ပေါက်ကိုဖြတ်၍ဗိမာန်တော်အပြင်တံတိုင်းထဲသို့ခေါ်ဆောင်သွား၏။ အပြင်တံတိုင်းကိုကပ်၍ဆောက်လုပ်ထားသောအခန်းပေါင်းသုံးဆယ်ရှိ၏။ ထိုအခန်းများ၏ရှေ့တွင်ကျောက်များခင်းထားသောအကွက်ရှိလေသည်။ တံတိုင်းအပြင်၏မြေမျက်နှာပြင်သည်တံတိုင်းအတွင်းရှိမြေမျက်နှာပြင်ထက်နိမ့်၏။