ထိုသူသည်ဤအခန်းကိုတိုင်း၍ကြည့် ၏။ ယင်းသည်အလျားအနံသုံးဆယ့်လေး ပေစီရှိ၏။ ထိုနောက်သူသည်ငါ့အား``ဤ အခန်းကားအလွန်သန့်ရှင်းရာဌာန တော်ပင်တည်း'' ဟုဆို၏။
အလွန်သန့်ရှင်းရာဌာနတော်ဟုခေါ်တွင် သောဗိမာန်တော်အတွင်းခန်းသည် အလျား ပေသုံးဆယ်ရှိ၍ယင်းကိုသစ်ကတိုးသား ပျဉ်များဖြင့်မျက်နှာကျက်အထိကာရံ ထား၏။-
ထိုအခန်းသည်အလျားပေသုံးဆယ်၊ အနံပေ သုံးဆယ်၊ အမြင့်ပေသုံးဆယ်ရှိ၍ ယင်းကိုရွှေ စင်ဖြင့်မွမ်းမံထားလေသည်။ ယဇ်ပလ္လင်ကိုမူ သစ်ကတိုးသားဖြင့်ပြုလုပ်ထား၏။-
ဗိမာန်တော်၏အပြင်နံဘေးနှစ်ဘက်နံရံများ နှင့်ကျောဘက်နံရံတွင်ကပ်၍ အခန်းငယ်များ ကိုဆောက်လုပ်ထားလေသည်။ ထိုအခန်းငယ် များမှာအထပ်သုံးထပ်ရှိ၍တစ်ထပ်လျှင် ခုနစ်ပေခွဲစီမြင့်၏။-
ရွှေခွက်များ၊ ရွှေမီးညှပ်များ၊ ရွှေလင်ပန်းများ၊ ရွှေဇွန်းများ၊ ရွှေပြာခံအိုးများနှင့်ဗိမာန် တော်အတွင်းသန့်ရှင်းရာဌာနတံခါးများနှင့် ဗိမာန်တော်အပြင်ခန်းတံခါးများအတွက် ရွှေပတ္တာများဖြစ်လေသည်။
ထို့နောက်ယဇ်ပုရောဟိတ်တို့သည်ပဋိညာဉ် သေတ္တာတော်ကို ဗိမာန်တော်ထဲသို့ပင့်ဆောင် ကာအလွန်သန့်ရှင်းရာဌာနတော်ရှိ ခေရုဗိမ် တို့၏အတောင်များအောက်တွင်ထားကြ၏။-
အလွန်သန့်ရှင်းရာဌာနတော်ဟုနာမည်တွင် သောအတွင်းခန်းသည်အလျားမှာပေသုံးဆယ်၊ အနံမှာဗိမာန်တော်အနံအတိုင်းပေသုံးဆယ် ရှိ၏။ အလွန်သန့်ရှင်းရာဌာနတော်ကိုမွမ်းမံ ရန်ရွှေနှစ်ဆယ့်ငါးတန်ကိုအသုံးပြုတော် မူ၏။-
ထိုနောက်ယဇ်ပုရောဟိတ်တို့သည်ပဋိညာဉ် သေတ္တာတော်ကိုဗိမာန်တော်ထဲသို့ပင့်ဆောင် လာပြီးလျှင် အလွန်သန့်ရှင်းရာဌာနတော် ၌ခေရုဗိမ်များ၏အကြားတွင်ထားကြ၏။-
သန့်ရှင်းရာဌာနသို့ဝင်ရာလမ်းအဆုံး ၌လည်းကောင်း၊ အလွန်သန့်ရှင်းရာဌာန တော်သို့ဝင်ရာလမ်းအဆုံး၌လည်းကောင်း တံခါးတစ်ခုစီရှိ၏။-
ထိုမြို့သည်အနားလေးဘက်ညီသောထောင့်မှန် စတုဂံပုံရှိ၍အလျားနှင့်အနံတူညီ၏။ ကောင်း ကင်တမန်သည်ကူလုံးဖြင့်မြို့ကိုတိုင်းထွာရာ အလျား၊ အနံ၊ အမြင့်မှာမိုင်တစ်ထောင့်ငါး ရာစီရှိကြောင်းတွေ့ရ၏။-