ထိုအခန်းတွင်ဘေးပြူတင်းပေါက်များရှိ၍ နံရံများ၌လည်းစွန်ပလွံပင်ပုံများထု လုပ်ထားလေသည်။ ဗိမာန်တော်၏ဘေးခန်း တွင်လည်း သစ်သားဖောင်းရစ်များရှိသည်။
နံရံနှစ်ခု၌မျက်နှာချင်းဆိုင်ပြူတင်း ပေါက်သုံးတန်းစီရှိ၏။-
ထောက်တိုင်များပါသောခန်းမဆောင်မှာအလျား ခုနစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်ငါးပေရှိ၏။ ၎င်း၏မျက်နှာစာမှာတိုင်များနှင့်တကွ အမိုးရှိ၏။
အခန်းအားလုံး၏အပြင်နံရံတိုင်း၊ အတွင်းနံရံတိုင်းတို့၌ပြူတင်းပေါက်ငယ်များရှိ၏။ လမ်းကြားသို့မျက်နှာမူလျက်နေသောအတွင်းနံရံများတွင် စွန်ပလွံပင်ပုံများကိုထွင်းထုထားလေသည်။
ထိုနောက်သူသည်ငါ့အားဗိမာန်တော်မုခ်ဦးပေါက်ခန်းထဲသို့ခေါ်ဆောင်သွား၏။ သူသည်အဝင်ဝကိုတိုင်းတာကြည့်ရာထုရှစ်လက်မ၊ အနံနှစ်ဆယ့်လေးပေရှိသည်ကိုတွေ့ရ၏။ ဝဲယာရှိနံရံများမှာထုငါးပေစီရှိကြ၏။-
ကြမ်းပြင်မှပြူတင်းပေါက်များအထိ သစ် သားမှန်ကွက်ပုံများဖြင့်တပ်ဆင်ထား၏။ ဤပြူတင်းပေါက်များကိုလည်း ဖုံးအုပ်၍ ထားနိုင်၏။-
ထိုလူသည်ဗိမာန်တော်အဆောက်အအုံ အတွင်းနံရံ၏ထုကိုတိုင်း၍ကြည့်ရာ ဆယ်ပေရှိ၏။ ထိုနံရံကိုကပ်၍ဗိမာန် တော်ပတ်လည်၌အကျယ်ခုနစ်ပေရှိ အခန်းငယ်များရှိ၏။-