သန့်ရှင်းရာဌာနသို့ဝင်ရာလမ်းအဆုံး ၌လည်းကောင်း၊ အလွန်သန့်ရှင်းရာဌာန တော်သို့ဝင်ရာလမ်းအဆုံး၌လည်းကောင်း တံခါးတစ်ခုစီရှိ၏။-
မီးညှပ်များ၊ လင်ပန်းများ၊ ခွက်များနှင့်မီး ကျီးခံများဖြစ်၏။ ထိုပစ္စည်းရှိသမျှသည် ရွှေစင်ဖြင့်ပြီးသတည်း။ ဗိမာန်တော်အပြင် တံခါးများနှင့် အလွန်သန့်ရှင်းရာဌာနတော် အဝင်တံခါးများကိုရွှေဖြင့်မွမ်းမံထား သတည်း။
ထိုနောက်ထိုလူသည်ငါ့အားသန့်ရှင်းရာ ဌာနတည်းဟူသော ဗိမာန်တော်အလယ်ခန်း သို့ခေါ်ဆောင်သွားကာ ဗိမာန်တော်မုခ်ပေါက် လမ်းကိုတိုင်းတာ၍ကြည့်၏။ ထိုလမ်းသည် ထုဆယ်ပေ၊-
ထိုသူသည်ဤအခန်းကိုတိုင်း၍ကြည့် ၏။ ယင်းသည်အလျားအနံသုံးဆယ့်လေး ပေစီရှိ၏။ ထိုနောက်သူသည်ငါ့အား``ဤ အခန်းကားအလွန်သန့်ရှင်းရာဌာန တော်ပင်တည်း'' ဟုဆို၏။
ထိုလူသည်ငါ့အားဗိမာန်တော်အဝင်တံခါး ဝသို့ခေါ်ဆောင်သွား၏။ တံခါးခုံအောက်မှ ရေသည်ယဇ်ပလ္လင်၏တောင်ဘက်ကိုဖြတ်ကာ ဗိမာန်တော်မျက်နှာမူရာအရှေ့ဘက်သို့ စီးဆင်းလျက်နေ၏။-