Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 40:7

Common Language Bible

တံ​ခါး​၏​အ​လွန်​တွင်​လမ်း​ကြား​တစ်​ခု​ရှိ​၏။ ထို​လမ်း​၏​ဝဲ​ယာ​တွင်​အ​စောင့်​တပ်​သား​များ​အ​တွက် အ​ခန်း​သုံး​ခန်း​စီ​ရှိ​၏။ ထို​အ​ခန်း​တိုင်း​ပင်​စ​တု​ရန်း​ပုံ​သဏ္ဌာန်​ရှိ​၍​နံ​ရံ​တစ်​ခု​လျှင်​ဆယ်​ပေ​ရှည်​၏။ အ​ခန်း​တစ်​ခု​နှင့်​တစ်​ခု​အ​ကြား​မှ​နံ​ရံ​သည်​ထု​ရှစ်​ပေ​ရှိ​၏။ ဤ​အ​ခန်း​များ​အ​လွန်​၌​ဆယ်​ပေ​ရှည်​သော​လမ်း​ကြား​တစ်​ခု​ရှိ​၏။ ထို​လမ်း​သည်​ဗိ​မာန်​တော်​ကို​မျက်​နှာ​မူ​လျက်​နေ​သည့်​အ​ခန်း​ကြီး​တစ်​ခု​သို့​သွား​ရာ​လမ်း​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​၏​အ​လုပ်​ဝတ္တ​ရား​များ​မှာ​ဗိ​မာန်​တော် တွင် ဝတ်​ပြု​ကိုး​ကွယ်​မှု​၌​အာ​ရုန်​၏​သား​မြေး ယဇ်​ပု​ရော​ဟိတ်​တို့​အား​ကူ​ညီ​ရန်၊ ဗိ​မာန် တော်​ဝင်း​နှင့်​အ​ခန်း​များ​ကို​ကြည့်​ရှု​စောင့် ထိန်း​ရန်၊ အ​မွန်​အ​မြတ်​ထား​သည့်​အ​ရာ ဟူ​သ​မျှ​ကို​သန့်​စင်​စွာ​ထား​ရှိ​ရန်​တို့​ဖြစ်​၏။-

တံ​ခါး​မှူး​လေး​ယောက်​တို့​သည်​လေဝိ​အ​နွယ် ဝင်​များ​ဖြစ်​၍​လုံး​ဝ​တာ​ဝန်​ယူ​ရ​သည်။ ဗိ​မာန်​တော်​ရှိ​အ​ခန်း​များ​နှင့် ယင်း​တို့​တွင် သို​လှောင်​ထား​သော​ပစ္စည်း​များ​ကို​လည်း တာ​ဝန်​ယူ​၍​စောင့်​ထိန်း​ရ​ကြ​၏။-

ရွှေ​သံ​မှို​များ​ပြု​လုပ်​ရာ​တွင်​ရွှေ​အောင်​စ​နှစ် ဆယ်​ကုန်​လေ​သည်။ အ​ထက်​ခန်း​များ​၏​နံ​ရံ တို့​ကို​လည်း​ရွှေ​ဖြင့်​မွမ်း​မံ​ထား​သ​တည်း။

မင်း​ကြီး​၏​အ​မိန့်​တော်​အ​ရ​ဗိ​မာန်​တော် အ​နီး​တွင် ပစ္စည်း​သို​လှောင်​ခန်း​များ​ကို​ပြင် ဆင်​ပြီး​လျှင်၊-

သင်​တို့​သည်​ဗိ​မာန်​တော်​သို့​မ​ရောက်​မ​ချင်း ထို​ပစ္စည်း​များ​ကို​စောင့်​ထိန်း​လျက် ဗိ​မာန်​တော် ရှိ​ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ခန်း​များ​တွင် ချိန်​တွယ်​၍ ယဇ်​ပု​ရော​ဟိတ်​ခေါင်း​ဆောင်​များ၊ လေ​ဝိ​အနွယ်​ဝင်​ခေါင်း​ဆောင်​များ၊ ယေ​ရု​ရှ​လင် မြို့​ရှိ​ဣ​သ​ရေ​လ​ပြည်​သူ​တို့​၏​ခေါင်း​ဆောင် များ​လက်​သို့​ပေး​အပ်​ကြ​လော့'' ဟု​မှာ ထား​၏။-

ဗိ​မာန်​တော်​သို့​ဖိတ်​ကြား​ပြီး​လျှင်​ပ​ရော​ဖက် ဟာ​နန်​၏​တ​ပည့်​များ​နေ​ထိုင်​ရာ​အ​ခန်း​သို့ ခေါ်​သွား​၏။ ဟာ​နန်​ကား​ဣ​ဂ​ဒါ​လိ​၏​သား ဖြစ်​သ​တည်း။ ထို​အ​ခန်း​သည်​အ​ရာ​ရှိ​များ ၏​အ​ခန်း​အ​နီး​ဗိ​မာန်​တော်​အ​ရာ​ရှိ​ကြီး တစ်​ဦး​ဖြစ်​သော​ရှလ္လုံ​၏​သား​မာ​သေ​ယ​၏ အ​ခန်း​အ​ထက်​၌​ရှိ​လေ​သည်။-

(မုခ်​ပေါက်​လမ်း​ကြား​၏​ဝဲ​ယာ​တွင်​ရှိ​သော​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​သုံး​ခန်း​စီ​သည် အ​ရွယ်​ပ​မာ​ဏ​ချင်း​တူ​ညီ​ကြ​၏။ ယင်း​တို့​ကို​ပိုင်း​ခြား​ထား​သည့်​နံ​ရံ​များ​သည်​လည်း​ထု​ချင်း​တူ​ညီ​ကြ​၏။)

လမ်း​၏​ဝဲ​ယာ​သုံး​ခန်း​စီ​ရှိ​သော​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​များ၊ ထို​အ​ခန်း​တို့​ကို​ပိုင်း​ခြား​ထား​သည့်​နံ​ရံ​များ​နှင့်​အ​ဝင်​ခန်း​တို့​သည် အ​ရှေ့​မုခ်​ပေါက်​မှာ​ကဲ့​သို့​ပင်​အ​တိုင်း​အ​တာ​တူ​ညီ​၏။ ထို​လမ်း​သည်​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-

ထို​မုခ်​ပေါက်​ရှိ​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​များ၊ အ​ဝင်​ခန်း​နှင့်​အ​တွင်း​နံ​ရံ​များ​သည်​အ​ခြား​မုခ်​ပေါက်​များ​မှာ​ကဲ့​သို့​ပင်​ဖြစ်​၏။ ဤ​မုခ်​ပေါက်​ရှိ​အ​ခန်း​များ​၌​လည်း​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ စု​စု​ပေါင်း​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-

ယင်း​မုခ်​ပေါက်​ရှိ​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​များ၊ အ​ဝင်​ခန်း​နှင့်​အ​တွင်း​နံ​ရံ​များ​သည် အ​ခြား​မုခ်​ပေါက်​များ​မှာ​ကဲ့​သို့​ပင်​အ​တိုင်း​အ​တာ​ရှိ​ကြ​၏။ မုခ်​ပေါက်​ပတ်​လည်​နှင့်​အ​ဝင်​ခန်း​၌​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ စု​စု​ပေါင်း​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-

ယင်း​တွင်​အ​ခြား​မုခ်​ပေါက်​များ​မှာ​ကဲ့​သို့​အ​စောင့်​တပ်​သား​များ​အ​တွက်​အ​ခန်း​များ၊ လှ​ပ​စွာ​တန်​ဆာ​ဆင်​ထား​သည့်​အ​တွင်း​နံ​ရံ​များ၊ အဝင်​ခန်း​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ စု​စု​ပေါင်း​အ​လျား​လေး​ရာ​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-

ထို​လူ​သည်​ဤ​အ​ခန်း​ကြီး​ကို​တိုင်း​တာ​ကြည့်​ရာ​အ​နံ​တစ်​ဆယ့်​သုံး​ပေ ရှိ​သည်​ကို​တွေ့​ရ​၏။ ထို​အ​ခန်း​၏​အ​စွန်​ဆုံး​နံ​ရံ​များ​သည်​ထု​သုံး​ပေ​စီ​ရှိ​၏။-

အ​မြင့်​ပိုင်း​တွင်​ရှိ​သည့်​အ​ခန်း​များ​သည် အ​လယ်​ပိုင်း​နှင့်​အ​နိမ့်​ပိုင်း​တွင်​ရှိ​သည့် အ​ခန်း​များ​ထက်​ပို​၍​ကျဉ်း​၏။ အ​ဘယ် ကြောင့်​ဆို​သော်​ထို​အ​ခန်း​တို့​ကို​နောက်​သို့ ဆုတ်​၍​ဆောက်​လုပ်​ထား​သော​ကြောင့်​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ