ယေဇကျေလ 40:5Common Language Bibleငါမြင်ရသောအရာမှာဗိမာန်တော်ဖြစ်၏။ ထိုဗိမာန်တော်ကိုတံတိုင်းကာရံထား၏။ ကူလုံးကိုကိုင်ထားသောလူသည်ထိုဆယ်ပေရှည်သောကူလုံးဖြင့်တံတိုင်းကိုတိုင်းထွာကြည့်၏။ တံတိုင်းသည်အမြင့်ဆယ်ပေ၊ ထုဆယ်ပေရှိ၏။- အခန်းကိုကြည့်ပါ။ |
ငါသည်ဗိမာန်တော်ပတ်လည်တွင်လှေကား ထစ်မြေပြန့်ရှိသည်ကိုတွေ့မြင်ရ၏။ ယင်း သည်ပတ်ဝန်းကျင်မြေရာထက်ဆယ်ပေ ပို၍မြင့်ပြီးလျှင် ဗိမာန်တော်နံရံတွင် ဆောက်လုပ်ထားသည့်အခန်းများ၏အုတ် မြစ်နှင့်တပြေးတည်းဖြစ်၍နေလေသည်။ ထိုအခန်းများ၏အပြင်နံရံသည်ရှစ်ပေ ထူ၏။ လှေကားထစ်မြေပြန့်နှင့်ယဇ်ပုရော ဟိတ်တို့၏အခန်းများစပ်ကြားဗိမာန် တော်ပတ်လည်တွင်သုံးဆယ့်လေးပေ ကျယ်သောမြေလွတ်ရှိ၏။ ဗိမာန်တော်၏ မြောက်ဘက်၌ရှိအခန်းများသို့ဝင်ရန် တံခါးတစ်ပေါက်၊ တောင်ဘက်၌ရှိသော အခန်းများသို့ဝင်ရန်တံခါးတစ်ပေါက် ရှိ၏။ ဗိမာန်တော်ပတ်လည်၌ရှိသော လှေကားထစ်မြေပြန့်သည်အနံရှစ် ပေရှိသတည်း။
(သြဃဘုရင်သည်အလွန်ထွားကြိုင်းသော ရီဖိမ် အနွယ်ဝင်ထဲမှနောက်ဆုံးကြွင်းကျန်သူဖြစ်၏။ သူ၏အလောင်းထည့်ရာခေါင်းကိုကျောက်ဖြင့် ပြုလုပ်၍ အနံခြောက်ပေ၊ အလျားတစ်ဆယ့် လေးပေနီးပါးရှိ၏။ ထိုဘုရင်၏ခေါင်းကို အမ္မုန်ပြည်ရဗ္ဗတ်မြို့တွင်ယနေ့တိုင်တွေ့မြင် နိုင်လေသည်။)