အခန်း၏အပြင်ဘက်၌လည်းမြောက်မုခ်ပေါက်တစ်ဘက်တစ်ချက်တွင်စားပွဲနှစ်လုံးစီရှိသဖြင့်စုစုပေါင်းလေးလုံးရှိ၏။-
အဝင်ခန်း၏အတွင်း၌တစ်ဖက်တစ်ချက်တွင်စားပွဲနှစ်လုံးစီရှိ၏။ တစ်ကောင်လုံးမီးရှို့ပူဇော်ရန်နှင့်အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်များအတွက်၊ တိရစ္ဆာန်များကိုဤစားပွဲများပေါ်တွင်တင်၍သတ်ရကြ၏။-
သို့ဖြစ်၍တိရစ္ဆာန်များကိုသတ်ရန်အခန်းထဲ၌စားပွဲလေးလုံး၊ အပြင်၌လေးလုံး၊ စုစုပေါင်းရှစ်လုံးရှိသတည်း။-
ထိုနောက်ထိုလူသည်ငါ့အားမြောက်မုခ်ပေါက် ကိုဖြတ်၍ ဗိမာန်တော်ရှေ့သို့ခေါ်ဆောင်သွား ရာငါရှာကြည့်သော် ထာဝရဘုရား၏ဗိမာန် တော်တွင်ကိုယ်တော်၏တောက်ပသောဘုန်း အသရေတော်နှင့်ပြည့်လျက်နေသည်ကို မြင်ရ၏။ ငါသည်မြေပေါ်သို့ပျပ်ဝပ်လိုက်၏။-