Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 40:35

Common Language Bible

ထို​နောက်​ထို​လူ​သည်​ငါ့​အား​မြောက်​မုခ်​ပေါက်​သို့​ခေါ်​ဆောင်​သွား​၏။ သူ​သည်​ထို​မုခ်​ပေါက်​ကို​တိုင်း​တာ​ကြည့်​ရာ​အ​ခြား​မုခ်​ပေါက်​များ​နှင့်​အ​တူ​တူ​ပင်​ဖြစ်​ကြောင်း​တွေ့​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ဤ​အ​ရပ်​၌​လည်း​တံ​တိုင်း​အ​တွင်း​ဝင်း​သို့​ဝင်​ရာ​မုခ်​ပေါက်​တစ်​ခု​ရှိ​၏။ ထို​သူ​သည်​ဤ​မုခ်​ပေါက်​နှင့်​ပ​ထ​မ​မုခ်​ပေါက်​အ​ကွာ​အ​ဝေး​ကို​တိုင်း​တာ​ကြည့်​ရာ ပေ​တစ်​ရာ​ခု​နစ်​ဆယ်​ရှိ​သည်​ကို​တွေ့​ရ​၏။

ထို​သူ​သည်​တောင်​မုခ်​ပေါက်​ကို​ဖြတ်​၍ ငါ့​အား​တံ​တိုင်း​အ​တွင်း​ဝင်း​ထဲ​သို့​ခေါ်​ဆောင်​သွား​၏။ သူ​သည်​မုခ်​ပေါက်​ကို​တိုင်း​တာ​ကြည့်​ရာ​အ​ခြား​မုခ်​ပေါက်​များ​၏​ပ​မာ​ဏ​အ​တိုင်း​ပင်​တွေ့​ရ​၏။-

ထို​လူ​သည်​အ​ရှေ့​မုခ်​ပေါက်​ကို​ဖြတ်​၍ ငါ့​အား​တံ​တိုင်း​အ​တွင်း​ဝင်း​ထဲ​သို့​ခေါ်​ဆောင်​သွား​၏။ သူ​သည်​မုခ်​ပေါက်​ကို​တိုင်း​တာ​၍ ကြည့်​ရာ​အ​ခြား​မုခ်​ပေါက်​များ​၏​ပ​မာ​ဏ​အ​တိုင်း​ပင်​တွေ့​ရ​၏။-

ထို​နောက်​ထို​လူ​သည်​ငါ့​အား​မြောက်​မုခ်​ပေါက် ကို​ဖြတ်​၍ ဗိ​မာန်​တော်​ရှေ့​သို့​ခေါ်​ဆောင်​သွား ရာ​ငါ​ရှာ​ကြည့်​သော် ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန် တော်​တွင်​ကိုယ်​တော်​၏​တောက်​ပ​သော​ဘုန်း အ​သ​ရေ​တော်​နှင့်​ပြည့်​လျက်​နေ​သည်​ကို မြင်​ရ​၏။ ငါ​သည်​မြေ​ပေါ်​သို့​ပျပ်​ဝပ်​လိုက်​၏။-

ထို​လူ​သည်​ငါ့​အား​မြောက်​တံ​ခါး​ဖြင့် ဗိ​မာန်​တော်​နယ်​မြေ​မှ​ထုတ်​ဆောင်​ကာ​အ​ရှေ့ တံ​ခါး​သို့​ခေါ်​ယူ​သွား​၏။ ထို​တံ​ခါး​၏ တောင်​ဘက်​တွင်​ချောင်း​ငယ်​တစ်​ခု​စီး​ဆင်း လျက်​ရှိ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ